ေပါ့ေပါ့ေလးမေနၾကပါနဲ႔ တစ္ပါးသူအေႂကြးတင္ေနၾကသူမ်ား ျပန္ဆပ္တတ္ၾကပါေစ
အေႂကြးဆိုတာလူတိုင္းနဲ႔မကင္းပါဘူး။ တစ္ခ်ိဳ႕ကတစ္ကယ္လိုအပ္လို႔ေခတၲယူသံုးတာ ….တစ္ခ်ိဳ႕က်သူမ်ားနားကရေအာင္ယူနိုင္တာကို ကိုယ္ပိုင္အစြမ္းအစလို႔ထင္မွတ္ၾကတယ္္။ တစ္ခ်ိဳ႕ကေရာင္းရင္းဝယ္ရင္းတစ္ကယ္ခက္ခဲလို႔ မတတ္သာလို႔ျပန္မေပးနိုင္ၾကတာ။ ဘာဘဲျဖစ္ျဖစ္ အေႂကြးဆိုတာ အပိုင္ေပးတာမဟုတ္လို႔ကိုယ့္အေပၚမွာသူတစ္ပါးရဲ႕ေ႐ႊ ေငြ ရတနာ အိမ္ ၿခံ ေျမ တစ္ခုခုသူ႔ပိုင္ဆိုင္မႈအတြက္ ရစရွိတာရသင့္ရထိုက္လို႔ေမ်ွာ္လင့္ေနသမ်ွေတာ့ ကိုယ္ေပးစရာရိွတဲ့အေႂကြးကိုေမ်ွာ္လင့္ေနၾကမွာပါဘဲ။ ကိုယ့္မွာလည္းအခက္အခဲရိွသလို …
ကိုယ္ေပးစရာရိွတဲ့သူမွာလည္း အခက္အခဲရိွနိုင္တာပါဘဲ။ အေႂကြးဆိုတာဘယ္ေလာက္မ်ားမ်ား ဆပ္ခ်င္စိတ္ရိွသူ အေႂကြးသံသရာကိုေၾကာတ္တတ္သူအဖို႔ေတာ့ဆပ္တတ္ရင္ေၾကပါတယ္။ ..မဆပ္ခ်င္သူ သံသရာမေၾကာက္သူအဖို႔ကေတာ့ ဘာသိဘာသာေနနိုင္ပါတယ္။ အေႂကြးဆိုတာကေတာ့လူတိုင္းနဲမကင္းၾကပါဘူ။း ကြၽန္ေတာ္တ္ို႔မွာလည္းရိွပါတယ္လူတိုင္းလည္းရိွၾကပါတယ္။ ဒါေပမယ့္လူဆိုတာကေတာ့အေႂကြးရဲအက်ိဳး အျပစ္ကိုနားလည္ရပါမယ္ ေၾကာက္တတ္ရပါ့မယ္။
မေၾကာက္တတ္သူနားမလည္သူအဖို႔လည္း ဘာမွမျဖစ္ပါဘူးတစ္ခ်ိဳ႕လူေတြေျပာတတ္တဲ့စကားေလးရိွပါတယ္။ အေႂကြးကင္းတာ တိရိစာၦန္ဘဲရိွတယ္။ လူဆိုတာကေတာ့အေႂကြးရိွမွာေပါ့ဆိုတဲ့စကားေလးပါ။ တစ္ကယ္ေတာ့တရိစာၦန္ေတြမွာလည္း အေႂကြးရိွပါတယ္။ ေျပာရရင္ေတာ့ ကံေႂကြးေပါ့တိရိစာၦန္တို႔သဘာဝအရကေတာ့ အေႂကြးဆိုတာနားလည္းမလည္ဘူး။
သိလည္းမသိဘူး။လူတို႔နင္ဘဲငဆ မညႇာမတာခိုင္းရင္လည္းလုပ္ေနရမွာပါဘဲမလုပ္ရင္အရိုက္အနွက္ခံေနရမွာကိုး သူတို႔ပခံုးမွာအနာျဖစ္ေနလို႔ ေညာင္းညာေနလို႔ ေနထိုင္မေကာင္းျဖစ္လို႔ဆင္ေျခေပးလို႔မရပါဘူး။ ရွင္းျပခြင့္နိုင္ခြင့္ အသနားခံနိုင္ခြင့္လည္းမရတဲ့ဘဝေတြပါ။
၃၁ဘံုမွာက်င္လည္ေနသမ်ွကိုယ္လည္း တိရိစာၦန္ဘဝမေရာက္ဘူးလု႔ိ မေျပာနိုင္ပါဘူး။ ခင္ဗ်ာတိရိစာၦန္ဘဝမွာေတာင္ ကံေတြကမတူၾကပါဘူး။ သူေဌးအိမ္ေရာက္ပီးစားေကာင္းေသာက္ဖြယ္နဲ႔ေနရာထိုင္ခင္းအေကာင္းစားနဲ႔ တယုတယနဲ႔ျပဳစုေစာင့္ေရွာက္ျခင္းခံေနရတာေတြလည္း ရိွပါေသးတယ္။အဲဒါေတြဟာ ကိုယ္ျပဳခဲ့တဲ့ကံ ကံ၏အက်ိဳးေတြအေပၚမွာမူတည္ၿပီးကြဲျပားျခားနားသြားၾကတာေတြပါ။
အဲဒါေၾကာင့္ လူ႔ဘဝရတုန္းရခိုက္မွာ သူတစ္ပါးကိုဒုကၡမျဖစ္ေစဘဲ တတ္နိုင္သမ်ွကူညီေဖးမနိုင္မယ့္သူျဖစ္ေအာင္ႀကိဳးစားေနထိုင္ၾကပါစို႔။ ခင္ဗ်ာအေႂကြးနဲ႔ပက္သက္ၿပီး တစ္ခ်ိဳ႕ကယဥ္ေက်းစြာနဲ႔ေတာင္းမယ္ လူမသိသူမသိ ပတ္ဝန္းက်င္မသိေအာင္ေတာင္းေနတာကိုက အေႂကြးရစရာရိွတဲ့သူက#မိမိရဲ႕ဂုဏ္သိကၡာ မိမိ မိသားစုရဲ႕ဂုဏ္သိကၡာကိုတန္ဖိုးထားၿပီး သီးခံေစာင့္ဆိုင္းေပးတတ္သူမ်ိဳးမို႔ပိုလို႔ေတာင္တန္ဖိုးထား၍ ႀကိဳးစားၿပီးေပးဆပ္သင့္ပါတယ္။
အေႂကြးနဲ႔ပက္သက္ၿပီး ေဖ့စ္ဘုတ္ေပၚမွာလူေတာမတိုး လူရာမဝင္ မ်က္နွာငယ္ၿပီးအရွက္ရတဲ့လူေပါင္းမ်ားစြာရိွၾကပါတယ္။ အဲဒါေၾကာင့္မိမိရဲ႕ဂုဏ္သိကၡာကိုငဲ့ကြက္တန္ဖ္ိုးထားတဲ့မိတ္ေဆြကို ေပးစရာမ်ားရိွခဲ့ရင္ မေျခမငံေျပာတာတို႔အဆက္အသြယ္ျဖတ္ၿပီးေနတာတို႔မလုပ္ဘဲ ဖံုးဆက္အေၾကာင္းၾကားၿပီးအဆင္မေျပေသးတဲ့အေၾကာင္း ကာလတစ္ခုခုသတ္မွတ္ၿပီးအဲဒီအခ်ိန္က်ရင္ေပးပါမယ္ဆိုတဲ့အေၾကာင္း လူကိုယ္တုိင္ပြင့္ပြင့္လင္းလင္းေျပာဆို၍ေသာ္လည္ေကာင္း ျပဳလုပ္သင့္ပါတယ္။
သံသရာမွာအေႂကြးနဲပက္သက္လို႔ မယံုၾကည္ဘူးဆိုရင္ေတာင္မွွ ယခုလူ႔ဘဝမွာႀကံဳေတြ႕ေနရတဲ့အဆင္မေျပမႈခက္ခဲမႈေတြ ပင္ပန္းဆင္းရဲမႈေတြဟာယခင္ဘဝကအေႂကြးသံသရာရဲ႕အက်ိဳးဆက္ဆိုတာလက္ကို လက္ခံရပါမယ္။ သံသရာအေႂကြးေဟာင္းကိုေၾကေအာင္ဆပ္ျဖစ္ေအာင္ဆပ္ၾကပါ။ ဘယ္နည္းနဲ႔မွအေႂကြးသစ္ထပ္မယူပါနဲ႔ေတာ့လို႔ သတိေပးတိုက္တြန္းစကားေလးေျပာပါရေစဗ်ာ။
အေႂကြးသံသရာထဲမွာလည္ေနသမ်ွေတာ့ ဘဝတိုင္းခႏၶာတိုင္းဘယ္ေသာအခါမွ ခ်မ္းသာသုခအစစ္ကိုရနိုင္မွာမဟုတ္ပါဘူး။ ရလည္းခနတာဘဲခံစားရမွာပါ။ လူလိမ္တို႔မည္သည္မွာပထမ မိတ္ေဆြေကာင္းဆံုးရံႈးရမည္။ ဒုတိယမိတ္ေဆြေကာင္းမရိွျခင္းေၾကာင့္ စီးပြားဥစၥာယိုယြင္းဆုတ္ယုတ္မည္။ တတိယ စီးပြားဥစၥာယိုယြင္းပ်က္ဆီးသည့္အတြက္္ လူ႔အသိုင္းအဝိုင္းနွင့္ကင္းကြာ၍ တစ္ျဖည္းျဖည္းမိမိ၏မ်ိဳးဆက္နာမည္ဆိုးနဲပ်က္သုဥ္းျခင္း သို႔ဆိုက္ေရာက္ပါမယ္။
အထက္ပါအက်ိဳးဆက္မ်ားဟာ ယခုပစၥကၡဘဝမွာႀကံဳေတြ႕ရမည္အက်ိဳးမ်ားသာျဖစ္ပါတယ္။သံသရာမွာမျဖစ္မေနႀကံဳရမယ့္အက်ိဳးဆက္ေတြကိုေတာ့ ပံုေတြကိုၾကည့္ၿပီး သံေဝဂယူနိုင္ၾကပါေစ တစ္ပါးသူအေႂကြးတင္ေနၾကသူမ်ားျပန္ဆပ္တတ္ၾကပါေစရန္ ရည္႐ြယ္ၿပီးေစတနာေရွ႕ထားလို႔ေရးသားလိုက္ရပါသည္။
ကိုယ္စိတ္နွစ္ျဖာက်န္းမာခ်မ္းသာၾကပါေစ ခ်စ္မိတ္ေဆြမ်ားခင္ဗ်ား။
Credit: Sein Kyi Lin
Unicode
ပေါ့ပေါ့လေးမနေကြပါနဲ့ တစ်ပါးသူအကြွေးတင်နေကြသူများ ပြန်ဆပ်တတ်ကြပါစေ
အကြွေးဆိုတာလူတိုင်းနဲ့မကင်းပါဘူး။ တစ်ချို့ကတစ်ကယ်လိုအပ်လို့ခေတ္တယူသုံးတာ ….တစ်ချို့ကျသူများနားကရအောင်ယူနိုင်တာကို ကိုယ်ပိုင်အစွမ်းအစလို့ထင်မှတ်ကြတယ််။ တစ်ချို့ကရောင်းရင်းဝယ်ရင်းတစ်ကယ်ခက်ခဲလို့ မတတ်သာလို့ပြန်မပေးနိုင်ကြတာ။ ဘာဘဲဖြစ်ဖြစ် အကြွေးဆိုတာ အပိုင်ပေးတာမဟုတ်လို့ကိုယ့်အပေါ်မှာသူတစ်ပါးရဲ့ရွှေ ငွေ ရတနာ အိမ် ခြံ မြေ တစ်ခုခုသူ့ပိုင်ဆိုင်မှုအတွက် ရစရှိတာရသင့်ရထိုက်လို့မျှော်လင့်နေသမျှတော့ ကိုယ်ပေးစရာရှိတဲ့အကြွေးကိုမျှော်လင့်နေကြမှာပါဘဲ။ ကိုယ့်မှာလည်းအခက်အခဲရှိသလို …
ကိုယ်ပေးစရာရှိတဲ့သူမှာလည်း အခက်အခဲရှိနိုင်တာပါဘဲ။ အကြွေးဆိုတာဘယ်လောက်များများ ဆပ်ချင်စိတ်ရှိသူ အကြွေးသံသရာကိုကြောတ်တတ်သူအဖို့တော့ဆပ်တတ်ရင်ကြေပါတယ်။ ..မဆပ်ချင်သူ သံသရာမကြောက်သူအဖို့ကတော့ ဘာသိဘာသာနေနိုင်ပါတယ်။ အကြွေးဆိုတာကတော့လူတိုင်းနဲမကင်းကြပါဘူ။း ကျွန်တော်တ်ို့မှာလည်းရှိပါတယ်လူတိုင်းလည်းရှိကြပါတယ်။ ဒါပေမယ့်လူဆိုတာကတော့အကြွေးရဲအကျိုး အပြစ်ကိုနားလည်ရပါမယ် ကြောက်တတ်ရပါ့မယ်။
မကြောက်တတ်သူနားမလည်သူအဖို့လည်း ဘာမှမဖြစ်ပါဘူးတစ်ချို့လူတွေပြောတတ်တဲ့စကားလေးရှိပါတယ်။ အကြွေးကင်းတာ တိရိစ္ဆာန်ဘဲရှိတယ်။ လူဆိုတာကတော့အကြွေးရှိမှာပေါ့ဆိုတဲ့စကားလေးပါ။ တစ်ကယ်တော့တရိစ္ဆာန်တွေမှာလည်း အကြွေးရှိပါတယ်။ ပြောရရင်တော့ ကံကြွေးပေါ့တိရိစ္ဆာန်တို့သဘာဝအရကတော့ အကြွေးဆိုတာနားလည်းမလည်ဘူး။
သိလည်းမသိဘူး။လူတို့နင်ဘဲငဆ မညှာမတာခိုင်းရင်လည်းလုပ်နေရမှာပါဘဲမလုပ်ရင်အရိုက်အနှက်ခံနေရမှာကိုး သူတို့ပခုံးမှာအနာဖြစ်နေလို့ ညောင်းညာနေလို့ နေထိုင်မကောင်းဖြစ်လို့ဆင်ခြေပေးလို့မရပါဘူး။ ရှင်းပြခွင့်နိုင်ခွင့် အသနားခံနိုင်ခွင့်လည်းမရတဲ့ဘဝတွေပါ။
၃၁ဘုံမှာကျင်လည်နေသမျှကိုယ်လည်း တိရိစ္ဆာန်ဘဝမရောက်ဘူးလို့ မပြောနိုင်ပါဘူး။ ခင်ဗျာတိရိစ္ဆာန်ဘဝမှာတောင် ကံတွေကမတူကြပါဘူး။ သူဌေးအိမ်ရောက်ပီးစားကောင်းသောက်ဖွယ်နဲ့နေရာထိုင်ခင်းအကောင်းစားနဲ့ တယုတယနဲ့ပြုစုစောင့်ရှောက်ခြင်းခံနေရတာတွေလည်း ရှိပါသေးတယ်။အဲဒါတွေဟာ ကိုယ်ပြုခဲ့တဲ့ကံ ကံ၏အကျိုးတွေအပေါ်မှာမူတည်ပြီးကွဲပြားခြားနားသွားကြတာတွေပါ။
အဲဒါကြောင့် လူ့ဘဝရတုန်းရခိုက်မှာ သူတစ်ပါးကိုဒုက္ခမဖြစ်စေဘဲ တတ်နိုင်သမျှကူညီဖေးမနိုင်မယ့်သူဖြစ်အောင်ကြိုးစားနေထိုင်ကြပါစို့။ ခင်ဗျာအကြွေးနဲ့ပက်သက်ပြီး တစ်ချို့ကယဉ်ကျေးစွာနဲ့တောင်းမယ် လူမသိသူမသိ ပတ်ဝန်းကျင်မသိအောင်တောင်းနေတာကိုက အကြွေးရစရာရှိတဲ့သူက#မိမိရဲ့ဂုဏ်သိက္ခာ မိမိ မိသားစုရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားပြီး သီးခံစောင့်ဆိုင်းပေးတတ်သူမျိုးမို့ပိုလို့တောင်တန်ဖိုးထား၍ ကြိုးစားပြီးပေးဆပ်သင့်ပါတယ်။
အကြွေးနဲ့ပက်သက်ပြီး ဖေ့စ်ဘုတ်ပေါ်မှာလူတောမတိုး လူရာမဝင် မျက်နှာငယ်ပြီးအရှက်ရတဲ့လူပေါင်းများစွာရှိကြပါတယ်။ အဲဒါကြောင့်မိမိရဲ့ဂုဏ်သိက္ခာကိုငဲ့ကွက်တန်ဖ်ိုးထားတဲ့မိတ်ဆွေကို ပေးစရာများရှိခဲ့ရင် မခြေမငံပြောတာတို့အဆက်အသွယ်ဖြတ်ပြီးနေတာတို့မလုပ်ဘဲ ဖုံးဆက်အကြောင်းကြားပြီးအဆင်မပြေသေးတဲ့အကြောင်း ကာလတစ်ခုခုသတ်မှတ်ပြီးအဲဒီအချိန်ကျရင်ပေးပါမယ်ဆိုတဲ့အကြောင်း လူကိုယ်တိုင်ပွင့်ပွင့်လင်းလင်းပြောဆို၍သော်လည်ကောင်း ပြုလုပ်သင့်ပါတယ်။
သံသရာမှာအကြွေးနဲပက်သက်လို့ မယုံကြည်ဘူးဆိုရင်တောင်မှှ ယခုလူ့ဘဝမှာကြုံတွေ့နေရတဲ့အဆင်မပြေမှုခက်ခဲမှုတွေ ပင်ပန်းဆင်းရဲမှုတွေဟာယခင်ဘဝကအကြွေးသံသရာရဲ့အကျိုးဆက်ဆိုတာလက်ကို လက်ခံရပါမယ်။ သံသရာအကြွေးဟောင်းကိုကြေအောင်ဆပ်ဖြစ်အောင်ဆပ်ကြပါ။ ဘယ်နည်းနဲ့မှအကြွေးသစ်ထပ်မယူပါနဲ့တော့လို့ သတိပေးတိုက်တွန်းစကားလေးပြောပါရစေဗျာ။
အကြွေးသံသရာထဲမှာလည်နေသမျှတော့ ဘဝတိုင်းခန္ဓာတိုင်းဘယ်သောအခါမှ ချမ်းသာသုခအစစ်ကိုရနိုင်မှာမဟုတ်ပါဘူး။ ရလည်းခနတာဘဲခံစားရမှာပါ။ လူလိမ်တို့မည်သည်မှာပထမ မိတ်ဆွေကောင်းဆုံးရှုံးရမည်။ ဒုတိယမိတ်ဆွေကောင်းမရှိခြင်းကြောင့် စီးပွားဥစ္စာယိုယွင်းဆုတ်ယုတ်မည်။ တတိယ စီးပွားဥစ္စာယိုယွင်းပျက်ဆီးသည့်အတွက်် လူ့အသိုင်းအဝိုင်းနှင့်ကင်းကွာ၍ တစ်ဖြည်းဖြည်းမိမိ၏မျိုးဆက်နာမည်ဆိုးနဲပျက်သုဉ်းခြင်း သို့ဆိုက်ရောက်ပါမယ်။
အထက်ပါအကျိုးဆက်များဟာ ယခုပစ္စက္ခဘဝမှာကြုံတွေ့ရမည်အကျိုးများသာဖြစ်ပါတယ်။သံသရာမှာမဖြစ်မနေကြုံရမယ့်အကျိုးဆက်တွေကိုတော့ ပုံတွေကိုကြည့်ပြီး သံဝေဂယူနိုင်ကြပါစေ တစ်ပါးသူအကြွေးတင်နေကြသူများပြန်ဆပ်တတ်ကြပါစေရန် ရည်ရွယ်ပြီးစေတနာရှေ့ထားလို့ရေးသားလိုက်ရပါသည်။
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ ချစ်မိတ်ဆွေများခင်ဗျား။
Credit: Sein Kyi Lin