အီတလီနိုင်ငံမှ ဂေါတမီရတနာ ရည်ရွယ်ထားသည့်အတိုင်း ရက်သတ္တပတ် ပြည့်မြောက်ခဲ့ပြီ ဖြစ်လို့ ဆရာလေးအဖြစ်မှ စွန့်ပြီး နေရပ်ကို ပြန်လည်ထွက်ခွာသွားပါပြီ
ကြိုဆိုမှု၊ ကူညီမှုနှင့် ကြင်နာမှုတို့အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။ ဤလှပသော မြန်မာနိုင်ငံ ခရီးစဉ်ကို စီစဉ်ပေးပြီး သီလရှင်ဖြစ်လိုသော ဘဝအိပ်မက်ကို ချီးမြှောက်ပေးသော ကျွန်ုပ်၏ ကျေးဇူးတော်အရှင် ဉာဏဒီပအား ကျေးဇူးတင်ရှိပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ် မြန်မာပြည်က ခွဲခွာရမှမို့ နှလုံးသားက နာကျင်နေပေမယ့် ဒါဟာ သာမန်လူသားတွေရဲ့ သဘာဝပါပဲ မကြာခင်ပြန်ဆုံကြမယ်ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာ တင်ထားပါတယ်
အီတလီနိုင်ငံမှ ဂေါတမီရတနာ Gotami Yadanar ရိပ်သာမှာ ဆရာလေး သဒ္ဓါမုနိထေရီ ဘွဲ့အမည် နာမခံယူ၍ သာသနာ့အနွယ်ဝင် သီလရှင် ဆရာလေးအဖြစ် သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး ရည်ရွယ်ထားသည့်အတိုင်း ရက်သတ္တပတ် ၃ ပတ် ပြည့်အောင် သာသနာ့ဘောင်မှာ သီတင်းသုံး နေထိုင်ခဲ့ပါသည်။
ရည်ရွယ်ထားသည့်အတိုင်း ရက်သတ္တပတ် ပြည့်မြောက်ခဲ့ပြီ ဖြစ်လို့ သီလရှင် အဖြစ် စွန့်ပြီး ၅ ပါးသီလ ခံယူပြီး ဥပါသိကာ ဒကာမ တစ်ဦးအဖြစ် သာသနာ့ အလုပ်များကို တတ်စွမ်းသ၍ ဆက်လက် လုပ်ကိုင်ပါမည် ဟု ဆရာတော်အား လျှောက်ထားပါသည်။
တစ်ချိန်ချိန်တွင် သာသနာ့ဘောင်သို့ အပြီးတိုင်ဝင်ရောက်ပါမည် ဟုလည်း လျှောက်ထားပါသည်။ သီလရှင် ဆရာလေး သဒ္ဓါမုနိထေရီ အား သြဝါဒ မိန့်ကြားပေးပြီး သံဃာ သီလရှင် ယောဂီ ပရိတ်သတ် လေးပါး အားလုံးအား ကံသုံးပါး အပြစ်များကို တောင်းပန်ဝန်ချ ကန်တော့စေခဲ့ပါသည်။
ကမ္ဘာ့အရှေ့တိုင်းနဲ့ အနောက်တိုင်း တို့ရဲ့ အတွေးအခေါ်၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေ မတူညီကြပေမဲ့ ဗုဒ္ဓတရားတော်နဲ့ အညီအတွေးအခေါ် သင့်တင့်မျှတအောင် သဒ္ဓါနဲ့ ပညာ ထိန်းညှိပြီး အလယ်အလတ် တွေးတော ချင့်ချိန်ရမယ်။
ကွဲပြားခြားနားတဲ့ နေရာဒေသ၊ အစားအစာ၊ လူအမျိုးမျိုး တွေနဲ့ ကြုံတွေ့ရတဲ့အခါ အများနဲ့ မဆန့်ကျင်ဘဲ ကာလ၊ ဒေသ၊ ပုဂ္ဂလ တွေနဲ့ သဟဇာတ ဖြစ်အောင် နေတတ်ထိုင်တတ်ရတယ်။
ထင်ပေါ်ကြော်ကြားမှု ပေါ်ပြူလာ ဆိုတာ ကောက်ရိုးမီးလို မဖြစ်စေဘဲ စပါးပုံ ဖွဲပုံကို ရှို့တဲ့ စပါးမီး ဖွဲမီးလို ရေရှည် တောက်ပနိုင်အောင် တည်တံ့စေရတယ်။
လောကမှာ ကိုယ့်ကို ချစ်တဲ့သူလည်း ရှိသလို ကိုယ့်ကို မုန်းတဲ့သူတွေလည်း ရှိနေနိုင်တာကြောင့် ကိုယ်ကသာ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် ဘက်လိုက်မှု ကင်းရှင်းစွာ လူသားအားလုံး အပေါ်မှာ မေတ္တာ ထားနိုင်ရတယ်။
အရာရာတိုင်းဟာ ဖြစ်ပြီး ပျက်ကြမယ် ဆိုတာကိုလည်း သတိကပ်ထားနိုင်တဲ့အခါ အတ္တ မာန ဒိဋ္ဌိတွေ ကင်းစင်လာပြီး သာသနာပြု လုပ်တဲ့အခါမှာ စိတ်အေးချမ်းသာစွာနဲ့ အလုပ်တွေ ပြီးမြောက်အောင်မြင်လာရတာပဲပေါ့။
သာသနာတော် ကောင်းကျိုး များစွာကို ဆောင်ရွက်ပေးနိုင်တဲ့ သမီးကောင်း ရတနာတစ်ဦး ဖြစ်ပါစေ…
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ… လိုအင်ဆန္ဒများ လည်း ပြည့်စုံကြရပါစေ… Crd- ဒေါက်တာအရှင် ဉာဏဒီပ