ၾကားသိရသမွ်
CDMလုပ်ဆောင်တာတွေနဲ့ ပတ်သက်လို့ အရေးကြီးတဲ့စကားတစ်ခွန်းကို ကိုမင်းကိုနိုင် ပြောဆို
သီဟလင်း/Myanmar Harp
Unicode
CDMလုပ်ဆောင်တာတွေ လုံးဝ မျက်ခြေမပြတ်ဘဲ ဆက်လက်လုပ်ဆောင်ရမယ်လို့ ကိုမင်းကိုနိုင်တိုက်တွန်းပြောကြားလိုက်ပါတယ်။
မတ်လ၆ရက် ၄င်းလူမှုကွန်ရက်ကနေ ရုပ်သံဖိုင်နဲ့အများပြည်သူလူထုကို၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်မင်းကိုနိုင်ကအသိပေးပြောပါတယ်။
CDMကို လုံးဝမျက်ခြေပျက်သွားလို့မရဘူးနော်။ပြောင်းသွားလို့မရဘူး။အာရုံပြောင်းသွားလို့မရဘူး။
သူတို့ကတော့အာရုံလာလွှဲတာတွေ လာလုပ်မှာဘဲ။တစ်ဖက်ကတော့။ပွဲသိမ်းသည့်အထိကို ဖော်ဆောင်သွားရမယ်။
အဲဒီတော့ CDMကရုံးမတက်တဲ့ဟာတင်တစ်ခုထဲမကဘူး။ဘာလဲဆိုတော့ သူတို့ရဲ့အမိန့်တွေ၊ညွှန်ကြားချက်တွေကိုမနာခံဘူး။
ဆန့်ကျင်မယ်။ကိုယ်ဟာကိုယ်တည်ဆောက်ယူတာတွေပါမယ်။အဲဒါတွေက ရပ်ကွက်အုပ်ချုပ်ရေးအထိပါတယ်။ပြီးတော့ အင်မတန်ထိရောက်အောင်မြင်နေတဲ့
နည်းလမ်းတွေလည်းရှိတယ်။အဲဒါဘာလဲဆိုတော့လူမှုရေးအရ ပတ်ဝန်းကျင်က သဘာဝကျကျတုံပြန်တဲ့နည်းလမ်းတွေရှိတယ်”လို့ဆိုပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဝန်ထမ်းများဟာ လုပ်ငန်းခွင်မှနုတ်ထွက်ခြင်း၊ရုံး တက်ရောက်ခြင်းမရှိမှုတို့နဲ့ ဆန့်ကျင်တုံ ့ပြန်နေပါတယ်။
ဖေဖော်ဝါရီရက်နေ့ကစတင်ခဲ့တဲ့စစ်အာဏာသိမ်းမှုဟာ တရားမဝင်မှုများစွာလုပ်ဆောင်ခဲ့ပါတယ်။
သီဟလင်း/Myanmar Harp