ၾကားသိရသမွ်

လျှပ်စစ်ရထားဆိုပြီး တဖွဖွပြောနေပေမယ့် ရန်ကုန်-နေပြည်တော်တောင် ရထားမထွက်နိုင်တဲ့အဖြစ်

လျှပ်စစ်ရထားဆိုပြီး တဖွဖွပြောနေပေမယ့် ရန်ကုန်-နေပြည်တော်တောင် ရထားမထွက်နိုင်တဲ့အဖြစ်

ရန်ကုန်-နေပြည်တော် သီးသန့် အမြန်ရထားခရီးစဉ်နှင့် အခြားရထားခရီးစဉ်တချို့ လက်ရှိအချိန်အထိ ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။

“အခြားလမ်းပိုင်းရှိ ရထားများ အကြောင်းအမျိုးမျိုးကြောင့် ဝမ်းနည်းစွာဖြင့် မထွက်နိုင် သေးပါ။ ကားခတွေ စျေး အဆမတန် မြင့်တက် နေတဲ့အချိန်ဖြစ်လို့ ခရီးသွား အခြေခံလူတန်းစား မိဘပြည်သူများ ခရီးစရိတ် သက်သာစေရန် အခြားလမ်းပိုင်းရှိ ရထားများ ဆက်လက်ထွက်နိုင်ရန်အတွက် မီးရထားဌာနမှ အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါတယ်”လို့ မြန်မာ့မီးရထားက လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားပါတယ်။

ရန်ကုန်-နေပြည်တော် သီးသန့် အမြန်ရထားခရီးစဉ်မပြေးဆွဲနိုင်သေးသော်လည်း ရန်ကုန် – မန္တလေး ရထားစီးပြီး ရန်ကုန် မှ နေပြည်တော် နှင့် နေပြည်တော် မှ ရန်ကုန် ကို အမြန်ရထားဖြင့် သွားလာနိုင်ကြောင်း မြန်မာ့မီးရထား ကထုတ်ပြန်ထားပါတယ်။

လက်ရှိ ရန်ကုန် – မန္တလေး လော်ကယ်ရထား၊ ရန်ကုန် – မန္တလေး အမြန် ရထား၊ ရန်ကုန် – ပြည် အမြန် ရထား၊ရန်ကုန် – ပြည် စာပို့ရထား ၊ ရန်ကုန် – မော်လမြိုင် စာပို့ရထား၊ ပျဥ်းမနား – တောင်တွင်းကြီး စာပို့ရထား၊ပုသိမ် – ကြံခင်း စာပို့ရထား ခရီးစဉ်များကို သာနေ့စဉ်ပြေးဆွဲပေးနေကြောင်း သိရပါတယ်။

အခြားရထားခရီးစဉ်တွေဖြစ်သည့် မန္တလေး – ကန့်ဘလူ RBE ရထားခရီးစဉ်၊ မော်လမြိုင် – ရေး စာပို့ ရထား ခရီးစဉ်၊ မန္တလေး – ပုဂံ စာပို့ရထားခရီးစဉ်နှင့် သာစည် – မြင်းခြံ စာပို့ရထား တို့မှာ ယာယီရပ်နားထားပြီး တစ်ပတ် တစ်ရက်ခန့်သာ ပြေးဆွဲနိုင်သေးကြောင်း သိရပါတယ်။

မန္တလေး – ပြင်ဦးလွင်ရထားခရီးစဉ်ကို စနေ့နေ့၊ ပြင်ဦးလွင် – ဂုတ်ထိပ် ရထားခရီးစဉ်ကို တနင်္ဂနွေနေ့ ၊သာစည် – ရွှေညောင် ရထားခရီးစဉ်ကို တနင်္လာနေ့ တစ်ပါတ်ကို တစ်ရက်ဆီသာပြေးဆွဲ နိုင်သေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကစပြီး မီးရထားခရီးစဉ် ပြေးဆွဲမှု များ တဖြေးဖြေးလျော့ကျလာခဲ့ကာ ယာယီရပ်နားမှုများအထိ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က လျှပ်စစ်ရထားပြေးဆွဲဖို့ စီမံကိန်းတွေကို လေပေါ်ကနေ လျှောက်ပြောနေပေမယ့် လက်တွေ့မှာတော့ ရိုးရိုးရထားတောင် မပြေးဆွဲနိုင်သေးတာကို တွေ့ရပါတယ်။

စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာချိန်မှာ ကားခတွေပါ လိုက်တက်လာပြီး အခြေခံလူတန်းစားတွေအနေနဲ့ ရထားကို အဓိက အားကိုးချင်ပေမယ့်လည်း ပြေးဆွဲမှုတွေ ရပ်နားထားလို့ အဆင်မပြေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံက ကူညီထောက်ပံ့ထားတဲ့ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွေလည်း နှောင့်နှေး ကြန့်ကြာနေပြီး အပြီးမသတ်နိုင်သေးဘူးလို့လည်း သိရပါတယ်။
crd

လၽွပ္စစ္ရထားဆိုၿပီး တဖြဖြေျပာေနေပမယ့္ ရန္ကုန္-ေနျပည္ေတာ္ေတာင္ ရထားမထြက္နိုင္တဲ့အျဖစ္

ရန္ကုန္-ေနျပည္ေတာ္ သီးသန႔္ အျမန္ရထားခရီးစဥ္ႏွင့္ အျခားရထားခရီးစဥ္တခ်ိဳ႕ လက္ရွိအခ်ိန္အထိ ေျပးဆြဲနိုင္ျခင္း မရွိေသးေၾကာင္း ျမန္မာ့မီးရထားမွ သိရပါတယ္။

“အျခားလမ္းပိုင္းရွိ ရထားမ်ား အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဝမ္းနည္းစြာျဖင့္ မထြက္နိုင္ ေသးပါ။ ကားခေတြ ေစ်း အဆမတန္ ျမင့္တက္ ေနတဲ့အခ်ိန္ျဖစ္လို႔ ခရီးသြား အေျခခံလူတန္းစား မိဘျပည္သူမ်ား ခရီးစရိတ္ သက္သာေစရန္ အျခားလမ္းပိုင္းရွိ ရထားမ်ား ဆက္လက္ထြက္နိုင္ရန္အတြက္ မီးရထားဌာနမွ အစြမ္းကုန္ ႀကိဳးပမ္းလ်က္ရွိပါတယ္”လို႔ ျမန္မာ့မီးရထားက လူမႈကြန္ရက္စာမ်က္ႏွာတြင္ေရးသားထားပါတယ္။

ရန္ကုန္-ေနျပည္ေတာ္ သီးသန႔္ အျမန္ရထားခရီးစဥ္မေျပးဆြဲနိုင္ေသးေသာ္လည္း ရန္ကုန္ – မႏၲေလး ရထားစီးၿပီး ရန္ကုန္ မွ ေနျပည္ေတာ္ ႏွင့္ ေနျပည္ေတာ္ မွ ရန္ကုန္ ကို အျမန္ရထားျဖင့္ သြားလာနိုင္ေၾကာင္း ျမန္မာ့မီးရထား ကထုတ္ျပန္ထားပါတယ္။

လက္ရွိ ရန္ကုန္ – မႏၲေလး ေလာ္ကယ္ရထား၊ ရန္ကုန္ – မႏၲေလး အျမန္ ရထား၊ ရန္ကုန္ – ျပည္ အျမန္ ရထား၊ရန္ကုန္ – ျပည္ စာပို႔ရထား ၊ ရန္ကုန္ – ေမာ္လၿမိဳင္ စာပို႔ရထား၊ ပ်ဥ္းမနား – ေတာင္တြင္းႀကီး စာပို႔ရထား၊ပုသိမ္ – ႀကံခင္း စာပို႔ရထား ခရီးစဥ္မ်ားကို သာေန႔စဥ္ေျပးဆြဲေပးေနေၾကာင္း သိရပါတယ္။

အျခားရထားခရီးစဥ္ေတြျဖစ္သည့္ မႏၲေလး – ကန္႔ဘလူ RBE ရထားခရီးစဥ္၊ ေမာ္လၿမိဳင္ – ေရး စာပို႔ ရထား ခရီးစဥ္၊ မႏၲေလး – ပုဂံ စာပို႔ရထားခရီးစဥ္ႏွင့္ သာစည္ – ျမင္းၿခံ စာပို႔ရထား တို႔မွာ ယာယီရပ္နားထားၿပီး တစ္ပတ္ တစ္ရက္ခန္႔သာ ေျပးဆြဲနိုင္ေသးေၾကာင္း သိရပါတယ္။

မႏၲေလး – ျပင္ဦးလြင္ရထားခရီးစဥ္ကို စေန႔ေန႔၊ ျပင္ဦးလြင္ – ဂုတ္ထိပ္ ရထားခရီးစဥ္ကို တနဂၤေႏြေန႔ ၊သာစည္ – ေရႊေညာင္ ရထားခရီးစဥ္ကို တနလၤာေန႔ တစ္ပါတ္ကို တစ္ရက္ဆီသာေျပးဆြဲ နိုင္ေသးတယ္လို႔ သိရပါတယ္။

ျမန္မာနိုင္ငံတစ္ဝွမ္း၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းကစၿပီး မီးရထားခရီးစဥ္ ေျပးဆြဲမႈ မ်ား တေျဖးေျဖးေလ်ာ့က်လာခဲ့ကာ ယာယီရပ္နားမႈမ်ားအထိ ျဖစ္ေပၚလာခဲ့ျခင္းျဖစ္ပါတယ္။

အာဏာသိမ္းေခါင္းေဆာင္ မင္းေအာင္လွိုင္က လၽွပ္စစ္ရထားေျပးဆြဲဖို႔ စီမံကိန္းေတြကို ေလေပၚကေန ေလၽွာက္ေျပာေနေပမယ့္ လက္ေတြ႕မွာေတာ့ ရိုးရိုးရထားေတာင္ မေျပးဆြဲနိုင္ေသးတာကို ေတြ႕ရပါတယ္။

စက္သုံးဆီ ေဈးႏႈန္းျမင့္တက္လာခ်ိန္မွာ ကားခေတြပါ လိုက္တက္လာၿပီး အေျခခံလူတန္းစားေတြအေနနဲ႔ ရထားကို အဓိက အားကိုးခ်င္ေပမယ့္လည္း ေျပးဆြဲမႈေတြ ရပ္နားထားလို႔ အဆင္မေၿပ ျဖစ္ေနတယ္လို႔ သိရပါတယ္။

ဂ်ပန္နိုင္ငံက ကူညီေထာက္ပံ့ထားတဲ့ ရန္ကုန္-မႏၲေလး ရထားလမ္း အဆင့္ျမႇင့္တင္ေရး စီမံကိန္းေတြလည္း ေႏွာင့္ေႏွး ၾကန႔္ၾကာေနၿပီး အၿပီးမသတ္နိုင္ေသးဘူးလို႔လည္း သိရပါတယ္။
crd