ဗဟုသုတ

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ရာတွင် အောင်မြင်စေမယ့်နည်းလမ်း (၅)ခု

ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းကို လုပ္ကိုင္ရာတြင္ ေအာင္ျမင္ေစမယ့္နည္းလမ္း (၅)ခု

ကိုယ္ ပိုင္စီး ပြား ေရး တည္ေထာင္မယ့္သူတစ္ေယာက္အေနနဲ႔ မိမိလုပ္ငန္းတိုးခ်ဲ႕ဖို႔ရန္အတြက္ အဆက္အသြယ္ေကာင္းမ်ား အမ်ားအျပားရွိဖို႔

လို အပ္ ပါတယ္။ မိမိရဲ႕Networking ပိုင္းကို ခ်ဲ႕ႏိုင္သမွ် မ်ားမ်ားခ်ဲ႕ေလ မိမိရဲ႕စီးပြားေရး ေအာင္ျမင္ေလပါပဲ။ ဒီေဆာင္းပါးေလးမွာေတာ့

ကိုယ္ ပိုင္စီးပြားေရးကို စတင္လုပ္ကိုင္မယ့္ သူမ်ားအတြက္ ဘယ္လို အခ်က္ေတြကို လိုက္နာသင့္သလဲဆိုတာကို ေဝမွ်ေပးခ်င္ပါတယ္။

၁။ မိမိကိုယ္ကိုယ္ မိမိ ေသေသခ်ာခ်ာ သိနားလည္ေအာင္ ျပဳလုပ္ပါ

သင့္ လက္ ထဲမွာ ေငြအရင္းအႏွီး ဘယ္ေလာက္ရွိသလဲ။ ေငြဘယ္ေလာက္ ရင္းႏွီးျမႇဳပ္ႏွံမွာလဲ။ တစ္ေန႔လွ်င္ ဘယ္ႏွနာရီ အလုပ္ လုပ္ႏိုင္သလဲ။ သင့္ရဲ႕မိသားစုကေရာ သင့္အတြက္ စိတ္ပိုင္းဆိုင္ရာ အေထာက္အပံ့ ေပးႏိုင္ရဲ႕လား စတဲ့

ေမးခြန္းေတြ နဲ႔ အစျပဳဖို႔ လိုအပ္ပါတယ္။ မိမိရဲ႕သူငယ္ခ်င္း၊ မိသားစုဝင္ထံမွ အားေပးေထာက္ခံမႈ ရရွိျခင္းသည္လည္း သင့္ရဲ႕လုပ္ငန္းကို ေအာင္ျမင္ေစတဲ့ အေၾကာင္းအရင္း တစ္ခုပါပဲ။

၂။ မွန္ကန္တဲ့ လုပ္ငန္းကို ေ႐ြးခ်ယ္ပါ

သင္ က ဘယ္လို စီးပြားေရးမ်ိဳးကို ဝါသနာပါတာလဲ။ ထိုလုပ္ငန္းကေရာ သင္နဲ႔ ကိုက္ညီရဲ႕လား။ လုပ္ငန္းအတြက္ လိုအပ္တဲ့ လို အပ္ ခ်က္မ်ားကို

သင္ကိုယ္တိုင္ ျဖည့္ဆည္းေပးႏိုင္ဖို႔ လို အပ္ ပါတယ္။ ဒါမွ ထိုလုပ္ငန္းက တျဖည္းျဖည္း ႀကီးပြားတိုးတက္လာမွာျဖစ္ပါတယ္။

၃။ မိမိရဲ႕ စီးပြားၿပိဳင္ဖက္ေတြအေၾကာင္း ေသခ်ာသုေတသန လုပ္ထားပါ

မိ မိ ရဲ႕စီးပြားၿပိဳင္ဖက္ေတြက ေဈးကြက္ထဲမွာ ဘာ့ေၾကာင့္ ေအာင္ျမင္ေနသလဲ။ ေဈးကြက္ထဲမွာ ဘာ့ေၾကာင့္ ေနရာ ရေနသလဲဆိုတာကို ေသခ်ာေလ့လာရပါမယ္။ သင္သည္လည္း သူတို႔ရဲ႕နည္းလမ္းကို တိုက္႐ိုက္ပုံတူပြားခ်လိုက္တာမ်ိဳးမဟုတ္ဘဲ

ထို နည္း လမ္းထက္ ပိုမိုေကာင္းမြန္ေအာင္ အသစ္ တီထြင္ပါ။ ေဈးဝယ္သူ၊ စားသုံးသူမ်ားသည္ ရွိၿပီးသား အရာထက္ အသစ္အသစ္ေသာ အရာကို စမ္းသပ္ၾကည့္ခ်င္သည့္ သဘာဝ ရွိၾကပါတယ္။

၄။ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကို ရွာေဖြပါ

မိ မိ လုပ္ငန္း တစ္စထက္တစ္စ ႀကီးပြားတိုးတက္လာသည္ႏွင့္အမွ် ရင္းႏွီးျမႇဳပ္ႏွံမယ့္ ရွယ္ယာရွင္ေတြကိုလည္း ရွာေဖြစုေဆာင္းဖို႔ လိုအပ္လာပါၿပီ။ ဒီအတြက္ေတာ့

သတင္း အခ်က္အလက္မ်ား၊ အဆက္အသြယ္ေကာင္းမ်ား ရွိထားဖို႔ လိုအပ္ပါတယ္။ လူအမ်ားႏွင့္ ရင္းႏွီးကြၽမ္းဝင္မႈ ရွိေအာင္ မိတ္ေဆြ ဖြဲ႕ထားရပါမယ္။

၅။ အၿမဲတမ္း သင္ယူ ေလ့လာပါ

စီးပြားေရးေဈးကြက္သည္ အၿမဲတမ္း ေျပာင္းလဲေနတာပါ။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ခန႔္က လူႀကိဳက္မ်ားခဲ့ေသာ ပစၥည္းတစ္ခုသည္ ယခုႏွစ္တြင္ေတာ့ လူႀကိဳက္မ်ားခ်င္မွ မ်ားပါလိမ့္မယ္။ ဒါ့ေၾကာင့္ သင္ကိုယ္တိုင္က

တီထြင္ ဆန္းသစ္မႈ ေကာင္းေနရပါမယ္။ အသစ္အသစ္ေသာ အရာေတြကို ေလ့လာ သင္ယူလိုစိတ္ ရွိရပါမယ္။ ဒါမွ အမွန္တကယ္ ေအာင္ျမင္ၿပီး ႀကီးပြားတိုးတက္တဲ့ စီးပြားေရးလုပ္ငန္းကို ပိုင္ဆိုင္ႏိုင္မွာပါ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ရာတွင် အောင်မြင်စေမယ့်နည်းလမ်း (၅)ခု

ကိုယ် ပိုင်စီး ပွား ရေး တည်ထောင်မယ့်သူတစ်ယောက်အနေနဲ့ မိမိလုပ်ငန်းတိုးချဲ့ဖို့ရန်အတွက် အဆက်အသွယ်ကောင်းများ အများအပြားရှိဖို့

လို အပ် ပါတယ်။ မိမိရဲ့Networking ပိုင်းကို ချဲ့နိုင်သမျှ များများချဲ့လေ မိမိရဲ့စီးပွားရေး အောင်မြင်လေပါပဲ။ ဒီဆောင်းပါးလေးမှာတော့

ကိုယ် ပိုင်စီးပွားရေးကို စတင်လုပ်ကိုင်မယ့် သူများအတွက် ဘယ်လို အချက်တွေကို လိုက်နာသင့်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

၁။ မိမိကိုယ်ကိုယ် မိမိ သေသေချာချာ သိနားလည်အောင် ပြုလုပ်ပါ

သင့် လက် ထဲမှာ ငွေအရင်းအနှီး ဘယ်လောက်ရှိသလဲ။ ငွေဘယ်လောက် ရင်းနှီးမြှုပ်နှံမှာလဲ။ တစ်နေ့လျှင် ဘယ်နှနာရီ အလုပ် လုပ်နိုင်သလဲ။ သင့်ရဲ့မိသားစုကရော သင့်အတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ပေးနိုင်ရဲ့လား စတဲ့

မေးခွန်းတွေ နဲ့ အစပြုဖို့ လိုအပ်ပါတယ်။ မိမိရဲ့သူငယ်ချင်း၊ မိသားစုဝင်ထံမှ အားပေးထောက်ခံမှု ရရှိခြင်းသည်လည်း သင့်ရဲ့လုပ်ငန်းကို အောင်မြင်စေတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။

၂။ မှန်ကန်တဲ့ လုပ်ငန်းကို ရွေးချယ်ပါ

သင် က ဘယ်လို စီးပွားရေးမျိုးကို ဝါသနာပါတာလဲ။ ထိုလုပ်ငန်းကရော သင်နဲ့ ကိုက်ညီရဲ့လား။ လုပ်ငန်းအတွက် လိုအပ်တဲ့ လို အပ် ချက်များကို

သင်ကိုယ်တိုင် ဖြည့်ဆည်းပေးနိုင်ဖို့ လို အပ် ပါတယ်။ ဒါမှ ထိုလုပ်ငန်းက တဖြည်းဖြည်း ကြီးပွားတိုးတက်လာမှာဖြစ်ပါတယ်။

၃။ မိမိရဲ့ စီးပွားပြိုင်ဖက်တွေအကြောင်း သေချာသုတေသန လုပ်ထားပါ

မိ မိ ရဲ့စီးပွားပြိုင်ဖက်တွေက ဈေးကွက်ထဲမှာ ဘာ့ကြောင့် အောင်မြင်နေသလဲ။ ဈေးကွက်ထဲမှာ ဘာ့ကြောင့် နေရာ ရနေသလဲဆိုတာကို သေချာလေ့လာရပါမယ်။ သင်သည်လည်း သူတို့ရဲ့နည်းလမ်းကို တိုက်ရိုက်ပုံတူပွားချလိုက်တာမျိုးမဟုတ်ဘဲ

ထို နည်း လမ်းထက် ပိုမိုကောင်းမွန်အောင် အသစ် တီထွင်ပါ။ ဈေးဝယ်သူ၊ စားသုံးသူများသည် ရှိပြီးသား အရာထက် အသစ်အသစ်သော အရာကို စမ်းသပ်ကြည့်ချင်သည့် သဘာဝ ရှိကြပါတယ်။

၄။ ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေပါ

မိ မိ လုပ်ငန်း တစ်စထက်တစ်စ ကြီးပွားတိုးတက်လာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံမယ့် ရှယ်ယာရှင်တွေကိုလည်း ရှာဖွေစုဆောင်းဖို့ လိုအပ်လာပါပြီ။ ဒီအတွက်တော့

သတင်း အချက်အလက်များ၊ အဆက်အသွယ်ကောင်းများ ရှိထားဖို့ လိုအပ်ပါတယ်။ လူအများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိအောင် မိတ်ဆွေ ဖွဲ့ထားရပါမယ်။

၅။ အမြဲတမ်း သင်ယူ လေ့လာပါ

စီးပွားရေးဈေးကွက်သည် အမြဲတမ်း ပြောင်းလဲနေတာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က လူကြိုက်များခဲ့သော ပစ္စည်းတစ်ခုသည် ယခုနှစ်တွင်တော့ လူကြိုက်များချင်မှ များပါလိမ့်မယ်။ ဒါ့ကြောင့် သင်ကိုယ်တိုင်က

တီထွင် ဆန်းသစ်မှု ကောင်းနေရပါမယ်။ အသစ်အသစ်သော အရာတွေကို လေ့လာ သင်ယူလိုစိတ် ရှိရပါမယ်။ ဒါမှ အမှန်တကယ် အောင်မြင်ပြီး ကြီးပွားတိုးတက်တဲ့ စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်နိုင်မှာပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။