မြန်မာအမျိုး သမီးတို့ သတိထား မှတ်သားစရာ ဘုရားမှာလှူတဲ့ ဆံပင်အလှူ
အရှင်ဘုရား။…တပည့်တော်မသည် ဆံပင်ရှည်များကို ဘုရားမှာလှူမည်ဟု ဆုံးဖြတ်ပြီး အရှည်ထားပါသည်။ယခု ဆံပင်ရှည်၍ ဖြတ်ပြီးလှူမည်လုပ်ရာ အချို့က ဆံပင်အတိုင်း မလှူကောင်း ရောင်း၍၊ သို့မဟုတ်-ဘုန်းကြီးသုံး ယပ်လုပ်၍ လှူရသည်ဟု ပြောပါသည်။ မည်သို့လှူသင့်သည်ကို ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား…
( ဖြေ )။ ဆံပင်မှာ မိမိခန္ဓာကိုယ်မှ ပေါက်ရောက်သော အရာဝတ္ထုဖြစ်ကာ အမွေး-ခြေသည်း-လက်သည်း-သွား-အရေပြား- တို့နှင့်အတူ တစပဥစကအဝင် ဇေဂုစ္ဆ-သဘောတရားဖြစ်၍ သူတော်ကောင်းတို့ စက်ဆုပ်အပ်သော အရာဝတ္ထုပင်ဖြစ်ပါသည်။
အမျိုးသမီးတို့အဖို့ အမွန်အမြတ်ဖြစ်သော်လည်း ရတနာသုံးပါး၌ ဆံပင်အတိုင်း ဆွဲချိတ်လှူဒါန်း၍လည်း တင့်တယ်မှုမရှိပါ။
လူ့ဆံပင်ကို ယပ်စသည်လုပ်၍ လှူဒါန်းရိုးလည်း မရှိပါ။
မြတ်စွာဘုရားလက်ထက်က ဆံပင်ကောင်းသော အမျိုးသမီးတဦး ဆံပင်ကိုဖြတ်၍ ရောင်းချရရှိသည့်ငွေဖြင့် အရှင်ကစ္စာယန-စသော ရဟန္တာရှစ်ပါးအား ဆွမ်းချက်လှူဒါန်း၍ ဒိဋ္ဌဓမ္မအကျိုးပေးသဖြင့်မိဖုရားဖြစ်သွားသော ဝတ္ထုတစ်ခုကို ထောက်၍ ဆံပင်ကို ရောင်းချလျက် အခြားအကျိုးဖြစ်မည့်အလှူတခုခု လှူဒါန်းခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားလိုပါသည်။
ဗဟုသုတရရှိစေရန်အလို့ငှါမျှဝေဖော်ပြသည်…။
Credit – ဆရာတော်ရဝေထွန်း(အရှင်တိလောကသာရ)
ျမန္မာအမ်ိဳး သမီးတို႔ သတိထား မွတ္သားစရာ ဘုရားမွာလႉတဲ့ ဆံပင္အလႉ
အရွင္ဘုရား။…တပည့္ေတာ္မသည္ ဆံပင္ရွည္မ်ားကို ဘုရားမွာလႉမည္ဟု ဆုံးျဖတ္ၿပီး အရွည္ထားပါသည္။ယခု ဆံပင္ရွည္၍ ျဖတ္ၿပီးလႉမည္လုပ္ရာ အခ်ိဳ႕က ဆံပင္အတိုင္း မလႉေကာင္း ေရာင္း၍၊ သို႔မဟုတ္-ဘုန္းႀကီးသုံး ယပ္လုပ္၍ လႉရသည္ဟု ေျပာပါသည္။ မည္သို႔လႉသင့္သည္ကို ေျဖၾကားေပးပါရန္ ေလွ်ာက္ထားပါသည္ဘုရား…
( ေျဖ )။ ဆံပင္မွာ မိမိခႏၶာကိုယ္မွ ေပါက္ေရာက္ေသာ အရာဝတၳဳျဖစ္ကာ အေမြး-ေျခသည္း-လက္သည္း-သြား-အေရျပား- တို႔ႏွင့္အတူ တစပဥစကအဝင္ ေဇဂုစၦ-သေဘာတရားျဖစ္၍ သူေတာ္ေကာင္းတို႔ စက္ဆုပ္အပ္ေသာ အရာဝတၳဳပင္ျဖစ္ပါသည္။
အမ်ိဳးသမီးတို႔အဖို႔ အမြန္အျမတ္ျဖစ္ေသာ္လည္း ရတနာသုံးပါး၌ ဆံပင္အတိုင္း ဆြဲခ်ိတ္လႉဒါန္း၍လည္း တင့္တယ္မႈမရွိပါ။
လူ႔ဆံပင္ကို ယပ္စသည္လုပ္၍ လႉဒါန္း႐ိုးလည္း မရွိပါ။
ျမတ္စြာဘုရားလက္ထက္က ဆံပင္ေကာင္းေသာ အမ်ိဳးသမီးတဦး ဆံပင္ကိုျဖတ္၍ ေရာင္းခ်ရရွိသည့္ေငြျဖင့္ အရွင္ကစၥာယန-စေသာ ရဟႏၲာရွစ္ပါးအား ဆြမ္းခ်က္လႉဒါန္း၍ ဒိ႒ဓမၼအက်ိဳးေပးသျဖင့္မိဖုရားျဖစ္သြားေသာ ဝတၳဳတစ္ခုကို ေထာက္၍ ဆံပင္ကို ေရာင္းခ်လ်က္ အျခားအက်ိဳးျဖစ္မည့္အလႉတခုခု လႉဒါန္းျခင္းသာ အေကာင္းဆုံးျဖစ္ေၾကာင္း ေျဖၾကားလိုပါသည္။
ဗဟုသုတရရွိေစရန္အလို႔ငွါမွ်ေဝေဖာ္ျပသည္…။
Credit – ဆရာေတာ္ရေဝထြန္း(အရွင္တိေလာကသာရ)