လာဘ်တိတ်စေသော အပြုအမူ (၂၇) မျိုး
လာဘ်တိတ်စေသော အပြုအမူ (၂၇) မျိုး
ငွေကြေးအလွန်အမင်းခက်ခဲနေကြသူများ ဘယ်လောက်ပဲအလုပ်လုပ် ပြောင်ပြောင်ရောင်ရောင်မရှိကြသူများ၊
အလုပ်ကြိုးစားလုပ်သော်လည်း မိမိလုပ်သလောက်ခရီးမတွင် ရတဲ့ငွေကလည်း ရတုန်းခဏလေးသာမြင်လိုက်ရပြီး ငွေကုန်စရာကိစ္စတွေကအစီအရီပေါ်လာ ငွေကိုလက်ပူအောင်ပင်မကိုင်လိုက်ရသောသူများ၊
ငွေရဖို့ကြိုးစားရှာနေရင်းကပင်လျှင် လှုပ်လေမြုတ်လေ ရုန်းလေနစ်လေဘဝမျိုးတွေနဲ့ရင်ဆိုင်နေရသူများ၊
ထိုသို့ကြုံနေရသူများကို လေ့လာကြည့်တဲ့အခါ တစ်ချို့ဇာတာအရငွေကံကောင်းနေကြသည်ကိုအံ့သြဖွယ်တွေ့ရှိရသည်။
ငွေကံကောင်းနေလျှက်နှင့်ဘာကြောင့်များငွေကြေးခက်ခဲနေကြပါလိမ့်ဟု လေ့လာကြည့်သောအခါ ထိုသူများတွင် လာဘ်တိတ်စေသောအပြုအမူများနှင့်လာဘ်တိတ်စေသောနေထိုင်မူ့များကိုတွေ့ရှိခဲ့ရလေသည်။
ထိုအခကြျမြားကိုကြှနျူပျဗဒေငျကြောျဘိုဘိုဟိနျးမှထောကျပွပွုပွငျခိုငျးလိုကျသောအခါ ထူးခြားစွာလာဘ်ပွင့်ကံကောင်းသွားကြလေသည်။
ထိုလာဘ်တိတ်စေသောအပြုအမူများမှာ
(1) သွားကြားထိုးတံကိုခေါင်းဆံပင်တွင်ထိုးထားကြခြင်း
(2)နံနက်စောစော ဆဲဆိုဆူပူလေ့ရှိခြင်း
(3)အိမ်ရှေ့တွင်ထဘီလှမ်းခြင်း
(4)အိမ်ထောင်ဦးစီး၏အင်္ကျီ လုံချည်များအား လက်နှီးခြေသုတ် လက်သုတ်လုပ်ထားကြခြင်း
(5)မိဘဓါတ်ပုံများထက် သားသမီးဓါတ်ပုံများကအပေါ်ရောက်နေခြင်း
(6)လုံချည်ကို အောက်ကစစွပ်၍မဝတ်ဘဲ ခေါင်းကနေစစွပ်ပြီးဝတ်ခြင်း
(7)ဘုရားစင်တွင် ပင့်ကူအိမ်များအမှိုက်များဖြင့်သန့်ရှင်းမူ့မရှိခြင်း
(8)ဘုရားကျောင်းဆောင်မှန်ကွဲနေခြင်း
(9)လူကြည့်မှန်ကွဲအက်နေခြင်း
(10)ဘုရားပန်းအိုးရေခမ်းခြောက်နေခြင်း
(11)ဖိနပ်ဖင်ပြတ်ဖင်ပေါက်နေခြင်း
(12)နံနက်စောစောလေချွန်ခြင်း
(13)အိမ်ရှေ့တွင်ခြေသည်းညှပ်လေ့ရှိခြင်းစွန့်ခြင်း
(14)ခြေဆေးခွက်သပ်သပ်မထားဘဲ ခွက်တစ်ခုတည်းဖြင့် ခြေလည်းဆေးမျက်နှာလည်းသစ်လုပ်ခြင်း
(15)ပေါက်ပြဲနေသောဦးထုပ်ကိုဖာ၍ပြန်သုံးခြင်း
(16)ကွဲအက်နေသောထမင်းပန်းကန်များဖြင့်စားသောက်ခြင်း
(17)မိခင်ဖခင်အခန်းကသားသမီးအခန်း၏ခြေရင်းနေရာတွင်ရှိနေခြင်း
(18)အိမ်ခေါင်မလုံခြင်း
(19)အိမ်နောက်ဖေးကြမ်းပြင်က အိမ်ရှေ့ကြမ်းပြင်ထက်မြင့်နေခြင်း
(20)နေအိမ်ရှေ့ဆိုင်ရှေ့ နေအိမ်ခေါင်းရင်း ဆိုင်ခေါင်းရင်းတွင် ဆူးပါသောအပင်များစိုက်ထားခြင်း
(21)ကွဲအက်နေသောသောက်ရေခွက်ဖြင့်ရေသောက်ခြင်း
(22)မျက်မှန်ကိုင်းကျိုးကိုအသစ်မလဲဘဲဆက်၍သုံးခြင်း
(21)ထမင်းစားပါကပလုတ်ပလောင်းစားခြင်း
(22)ပုဆိုးဖြင့်လက်သုပ်ခြင်း
(23)အိမ်ရှေ့တွင်ထမင်းဟင်းချက်ခြင်း
(24)နှပ်ချေးကိုလုံးလုံး၍ကြမ်းပြင်ပေါ်ပြစ်ချခြင်း
(25)သွားချေးကိုပြန်နမ်းခြင်း
(26)မျက်နှာမသစ်ရသေးဘဲထမင်းစားခြင်း
(27)အိမ်ရှေ့တွင်ထိုင်၍ခေါင်းသန်းရှာခြင်း
အထက်ပါအပြူအမူများကိုဆင်ခြင်မပေးဘဲရှောင်ရှားလိုက်ပါ ထူးခြားစွာပိတ်နေသောကံများပြန်ပွင့်၍လာဘ်ရွှင်ကံကောင်းလာပါလိမ့်မည်
Credit
Unicode
လာဘျတိတျစသေော အပွုအမူ (၂၇) မြိုး
လာဘျတိတျစသေော အပွုအမူ (၂၇) မြိုး
Credit



