သားအိမ်အားကောင်းပြီး သားအိမ်အတွင်းမှာ ရှိသော အပုပ်အစပ်ကင်းစင်စေသော ဓါတ်စာလေးပြောပြချင်ပါတယ်။အဲ့ဒါကတော့ အမဲရိုးနဲ့လျှားစောင်း လက်ပက်ကိုချက်စားရမှာပါ။
ဓါတ်စာပြုလုပ်နည်း
၁။အရင်ဆုံးအမဲရိုး ကို ဂျင်းကြက်သွန်ဖြူထောင်းပြီး ပြုတ်ပါ
၂။ လျှားစောင်း လက်ပတ်( 5 )ပြားကိုဘေးက ဆူးတွေဖယ်ပြီးအတုံးသေးလေးတွေလှီးပါ။ပြီးရင် အချွဲကုန်တဲ့ထိရေဆေးပါ။အိုးသပ်သပ်နဲ့ (5) မိနစ်ပြုတ်ပါ။အဖတ်ကို ဆယ်ပါ။
၃။ပြုတ်ထားသော အမဲသား အရိုးအသားနူးပါက ဆယ်ထားတဲ့လျှားစောင်းအတုံးတွေထည့်ပါ။ (5 )မိနစ်လောက်ဆက်တည်ပါ ပြီးရင်ပဲပိစပ်ထည့်ပါ။ ပဲပိစပ်မရပါကပုန်းရည်ကြီး အမုန့်တစ်ထုပ်ထည့်ပေးပါ။ပြီးရင်စားပေးပါ
မမျိုးဥ မကြွေတဲ့အမျိုးသမီးများပိုပြီးစားပေးပါက ရင်သွေးလေးအမြန်ဆုံးပိုင်ဆိုင်မှာပါ။
Credit
Unicode
Credit



