ဗဟုသုတ

စီးပွားရေးနယ်ပယ်ထဲကို ဝင်တော့မယ်ဆိုရင် ဒီအချက်တွေသိထားသင့်ပါတယ်

စီးပွားရေးနယ်ပယ်ထဲကိုဝင်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များ….

၁။ ပုံတူ မကူးပါနဲ့

ပြိုင်ဘက်တွေရဲ့ Idea တွေကူးတော့ ဘာဖြစ်လဲဆိုတဲ့ အတွေးတွေ မတွေးပါနဲ့။ကိုယ့်ရဲ့ တီထွင်ကြံဆနိုင်တဲ့ စိတ်ကူးစိတ်သန်းကိုပဲ အသားပေးပါ။

၂။ စျေးကွက်မဖျက်ပါနဲ့

မတန်တဆ လျှော့ရောင်းတာမျိုးမလုပ်ဘဲ Brand Brand ချင်းတိုက်ပါ။ကိုယ့်ရဲ့ကုန်ပစ္စည်းကိုပဲ သာလွန်အောင်ပြုလုပ်ပြီး တန်ရာတန်ကြေးပဲရောင်းပါ။

၃။ ပြိုင်ပါ၊ မတိုက်ခိုက်ပါနဲ့

ပြိုင်ဘက်တွေကို ယှဉ်ပြိုင်ပါ။ မတိုက်ခိုက်ပါနဲ့။ တစ်ခါတရံ ပြိုင်ဘက်ဆိုတာ အကောင်းဆုံး Partner ပါ။မိတ်ဆွေပေါတာပဲ ကောင်းပါတယ်

၄။ စည်းမဖောက်ပါနဲ့

လုပ်ငန်းအမျိုးအစားတူသူခြင်း လုပ်ငန်းတန်ဖိုး တက်လာအောင်မြှင့်တင်ပါ။ Quality ကြောင့် စည်းမဖောက်ပါနဲ့။ Service ကြောင့် စည်းမဖောက်ပါနဲ့။ လုပ်ငန်းရှင်တွေ စည်းစောင့်မှ လုပ်ငန်းတန်ဖိုးတက်မှာပါ။

၅။ အရှက်တရားလေး သတိထားပါ

သူများ စျေးချ လိုက်ချ သူများ New Product ထုတ် လိုက်ထုတ် မလုပ်ပါနဲ့။ သူများရတဲ့ Idea သူများ လုပ်နေရင် ကိုယ်က အရှက်ကလေးနဲ့ ခပ်ခွာခွာကနေ မတူ ကွဲထွက်အောင်လုပ်ပါ။

“သင်က စီးပွားရေး လုပ်ငန်းရှင်ပါ”

“ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်”

Credit – မူရင်းရေးသားသူ

Zawgyi ဖြင့်ဖတ်ပါ













