ၾကားသိရသမွ်

မန္တလေးတွင် နှစ်သစ်ကို ကြိုဆိုသောအားဖြင့်


ဇင်ဘာ(၃၁)၊ မန္တလေး။






SIMULATION

မန္တလေးတွင် နှစ်သစ်ကို ကြိုဆိုသော စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့သပိတ် ပြုလုပ်၊ ပြည်သူများ လူမဲ့သပိတ် ပစ္စည်းများကို လုံးဝမထိရန် သတိပေးထား

ဇင်ဘာ(၃၁)၊ မန္တလေး။

မန္တလေးတွင် ၂၀၂၂ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် ၃၈ အောင်ဆန်းစုကြည်လမ်း၊ ၇၄လမ်းဒေါင့်၌ လူမဲ့သပိတ် ဆန္ဒထုတ်ဖော်မှုကို ယနေ့ နံနက် ပြုလုပ်ထားသည်။

အဆိုပါလူမဲ့သပိတ်၌ “ပြည်သူများ(လုံးဝ)မထိရ”ဟူသော စာတန်းပါ Danger sign သတိပေး စာသားများကိုလည်း တွေ့ရသည်။

ထို့နည်းတူ PDFအလံတော်၏ ဘေး၌ ” စခ ရခ ဘယ်ကောင်သေရဲလဲ” ဟူသော စာသားများကိုတွေ့ရသည်။

”ငါတို့ အမဲလိုက်မယ့် အလှည့်ရောက်ပြီ” ”သွေးကြွေးမှာဆွေးနွေးစရာမရှိ” ”ဘယ်တော့မှ သွေးမကွဲမယ့် NUG PDF &UG” အစရှိသော စာသားပါဆိုင်းပုဒ်ငယ်လေးများနှင့်တကွ ဝေဝေဆာဆာ နှစ်သစ်ကိုကြိုဆိုနေကြောင်း တွေ့ရသည်။

နွေဦးတော်လှန်ရေး လက်ကမ်းစာရွက်များလည်း လမ်းမတစ်ချို့၌ ဖြန့်ကျဲခဲ့ကြောင်းသိရပါသည်။

SIMULATION