လိုင်စင်နံပါတ် မမှတ်မိတော့တဲ့သူတွေ ယာဉ်မောင်းလိုင်စင် အပျောက်လျှောက်တဲ့အခါ ဘယ်လိုလုပ်မလဲ
ယာဉ်မောင်းလိုင်စင်ပျောက်ဆုံးပြီးလိုင်စင်နံပါတ်မမှတ်မိတော့တဲ့သူတွေယာဉ်မောင်းလိုင်စင်အပျောက်လျှောက်တဲ့အခါဘယ်လိုလုပ်မလဲဆိုတာကို နေမျိုးသူရ ခေါ် ဒုရဲအုပ်ဌေးလွင်မှပြောပြထားချက်အားပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကျွန်တော်တို့ယာဉ်မောင်းလိုင်စင်တွေ အကြောင်းအမျိုးမျိုးကြောင့်ပျောက်ဆုံးသွားခဲ့မယ်ဆိုရင်အသစ်ပြန်လျှောက်ရပါတော့မယ်။အဲ့ဒီလိုအသစ်ပြန်လျှောက်တဲ့အခါမှတ်ပုံတင်မူရင်း၊မိတ္ထူယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထောက်ခံစာပက်စ်ပို့ပုံ(၃)ပုံလို့လိုအပ်ပါတယ်။
မှတ်ပုံတင်တို့၊ပတ်စ်ပို့ပုံတို့ကမိမိမှာရှိပြီးသားမို့အခက်အခဲမရှိပါဘူး။ဒါပေမယ့်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထောက်ခံစာယူမယ်ဆိုရင်တော့အနည်းဆုံးယာဉ်ထိန်းရုံးကိုတော့သွားရပါတော့မယ်။ဒီအခါမှာမိဘပြည်သူများကိုနားလည်ထားစေချင်တာကယာဉ်ထိန်းရဲထောက်ခံစားဟာပျောက်ဆုံးသွားတဲ့မိမိလိုင်စင်နံပါတ်ကိုအမှုကင်းရှင်းကြောင်းစီစစ်ထောက်ခံပေးတာဖြစ်တာမို့မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်လေးသိထားဖို့လိုပါတယ်။
နံပါတ်ကလည်းမမှတ်မိဘူးယာဉ်မောင်းလိုင်စင်ကိုမိတ္ထူကူးထားတာလည်းမရှိ၊ဓာတ်ပုံရိုက်ထားတာလည်းမရှိဘူးဆိုရင်ထောက်ခံပေးရမည့်ယာဉ်မောင်းလိုင်စင်နံပါတ်မရှိတဲ့အတွက်ထောက်ခံစာရေးရာမှာအဆင်မပြေပါဘူး။ယာဉ်မောင်းလိုင်စင်နံပါတ်ရရှိမှသာအဆင်ပြေမှာဆိုတော့နံပါတ်ကလည်းမမှတ်မိတာမို့ဘယ်လိုလုပ်ရမှန်းမသိတော့ဘူးဖြစ်ကြရတယ်။
ဒီတော့ မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်ကိုမှတ်ထားပါ မိတ္တူကူးထားပါ ဓါတ်ပုံရိုက်ထားပါ။ဘာမှမှတ်ထားတာမရှိလို့အခုလိုထောက်ခံစာယူတဲ့အခါမျိုးမှာဆိုရင်တော့နောက်ဆုံး ဒီလိုလေးလုပ်လို့ရပါတယ်။မိမိရဲ့မှတ်ပုံတင်နံပါတ်နဲ့ မိမိယာဉ်မောင်းလိုင်စင်လုပ်ခဲ့တဲ့ရုံးမှာလိုင်စင်နံပါတ်ရှာပေးဖို့အကူညီတောင်းလို့ရပါတယ်။
သက်ဆိုင်ရာရုံးကအကူအညီလည်းပေးပါတယ်။ယာဉ်မောင်းလိုင်စင်နံပါတ်သာမှတ်မိထားရင်တော့အချိန်ကုန်သက်သာသွားတာပေါ့။ဒါကြောင့်မိမိရဲ့ယာဉ်မောင်းလိုင်စင်နံပါတ်လေးတော့တစ်နည်းနည်းနဲ့မှတ်ထားဖို့ သတိပေးပါရစေဗျာ။
Crd
zawgyi
လိုင္စင္နံပါတ္ မမွတ္မိေတာ့တဲ့သူေတြ ယာဥ္ေမာင္းလိုင္စင္ အေပ်ာက္ေလွ်ာက္တဲ့အခါ ဘယ္လိုလုပ္မလဲ
ယာဥ္ေမာင္းလိုင္စင္ေပ်ာက္ဆုံးၿပီးလိုင္စင္နံပါတ္မမွတ္မိေတာ့တဲ့သူေတြယာဥ္ေမာင္းလိုင္စင္အေပ်ာက္ေလွ်ာက္တဲ့အခါဘယ္လိုလုပ္မလဲဆိုတာကို ေနမ်ိဳးသူရ ေခၚ ဒုရဲအုပ္ေဌးလြင္မွေျပာျပထားခ်က္အားျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
ကြၽန္ေတာ္တို႔ယာဥ္ေမာင္းလိုင္စင္ေတြ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေပ်ာက္ဆုံးသြားခဲ့မယ္ဆိုရင္အသစ္ျပန္ေလွ်ာက္ရပါေတာ့မယ္။အဲ့ဒီလိုအသစ္ျပန္ေလွ်ာက္တဲ့အခါမွတ္ပုံတင္မူရင္း၊မိတၳဴယာဥ္ထိန္းရဲတပ္ဖြဲ႕႐ုံးေထာက္ခံစာပက္စ္ပို႔ပုံ(၃)ပုံလို႔လိုအပ္ပါတယ္။
မွတ္ပုံတင္တို႔၊ပတ္စ္ပို႔ပုံတို႔ကမိမိမွာရွိၿပီးသားမို႔အခက္အခဲမရွိပါဘူး။ဒါေပမယ့္ယာဥ္ထိန္းရဲတပ္ဖြဲ႕႐ုံးေထာက္ခံစာယူမယ္ဆိုရင္ေတာ့အနည္းဆုံးယာဥ္ထိန္း႐ုံးကိုေတာ့သြားရပါေတာ့မယ္။ဒီအခါမွာမိဘျပည္သူမ်ားကိုနားလည္ထားေစခ်င္တာကယာဥ္ထိန္းရဲေထာက္ခံစားဟာေပ်ာက္ဆုံးသြားတဲ့မိမိလိုင္စင္နံပါတ္ကိုအမႈကင္းရွင္းေၾကာင္းစီစစ္ေထာက္ခံေပးတာျဖစ္တာမို႔မိမိရဲ႕ယာဥ္ေမာင္းလိုင္စင္နံပါတ္ေလးသိထားဖို႔လိုပါတယ္။
နံပါတ္ကလည္းမမွတ္မိဘူးယာဥ္ေမာင္းလိုင္စင္ကိုမိတၳဴကူးထားတာလည္းမရွိ၊ဓာတ္ပုံ႐ိုက္ထားတာလည္းမရွိဘူးဆိုရင္ေထာက္ခံေပးရမည့္ယာဥ္ေမာင္းလိုင္စင္နံပါတ္မရွိတဲ့အတြက္ေထာက္ခံစာေရးရာမွာအဆင္မေျပပါဘူး။ယာဥ္ေမာင္းလိုင္စင္နံပါတ္ရရွိမွသာအဆင္ေျပမွာဆိုေတာ့နံပါတ္ကလည္းမမွတ္မိတာမို႔ဘယ္လိုလုပ္ရမွန္းမသိေတာ့ဘူးျဖစ္ၾကရတယ္။
ဒီေတာ့ မိမိရဲ႕ယာဥ္ေမာင္းလိုင္စင္နံပါတ္ကိုမွတ္ထားပါ မိတၱဴကူးထားပါ ဓါတ္ပုံ႐ိုက္ထားပါ။ဘာမွမွတ္ထားတာမရွိလို႔အခုလိုေထာက္ခံစာယူတဲ့အခါမ်ိဳးမွာဆိုရင္ေတာ့ေနာက္ဆုံး ဒီလိုေလးလုပ္လို႔ရပါတယ္။မိမိရဲ႕မွတ္ပုံတင္နံပါတ္နဲ႔ မိမိယာဥ္ေမာင္းလိုင္စင္လုပ္ခဲ့တဲ့႐ုံးမွာလိုင္စင္နံပါတ္ရွာေပးဖို႔အကူညီေတာင္းလို႔ရပါတယ္။
သက္ဆိုင္ရာ႐ုံးကအကူအညီလည္းေပးပါတယ္။ယာဥ္ေမာင္းလိုင္စင္နံပါတ္သာမွတ္မိထားရင္ေတာ့အခ်ိန္ကုန္သက္သာသြားတာေပါ့။ဒါေၾကာင့္မိမိရဲ႕ယာဥ္ေမာင္းလိုင္စင္နံပါတ္ေလးေတာ့တစ္နည္းနည္းနဲ႔မွတ္ထားဖို႔ သတိေပးပါရေစဗ်ာ။
Crd