ၾကားသိရသမွ်

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔သမၼတဦးဝင္းျမင့္ ကို အမိန႔္ခ်မွတ္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔သမၼတဦးဝင္းျမင့္ ကို အမိန႔္ခ်မွတ္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔သမၼတဦးဝင္းျမင့္တို႔ရင္ဆိုင္ေနရတဲ့

အမႈေတြထဲက သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ နဲ႔စြဲဆိုခံထားရတဲ့အမႈနဲ႔ ပုဒ္မ ၅၀၅(ခ)တို႔အတြက္

ဒီကေန႔ ဒီဇင္ဘာ ၆ရက္မွာ ေနျပည္ေတာ္အထူးတရား႐ုံးမွာ အၿပီးသတ္အမိန႔္ခ်လိုက္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ၅၀၅ (ခ) အမႈအတြက္ ၂ႏွစ္ နဲ႔ သဘာေဘးစီမံ ပုဒ္မနဲ႔ ၂ ႏွစ္စီ ခ်မွတ္ခဲ့ပါတယ္။

အလားတူ သမၼတဦးဝင္းျမင့္ကိုလည္း ၅၀၅ (ခ) နဲ႔ ၂ႏွစ္ နဲ႔ သဘာေဘးစီမံ ပုဒ္မနဲ႔ ၂ ႏွစ္စီ ခ်မွတ္ခဲ့ပါတယ္။

ေဒါက္တာမ်ိဳေးအာင္ကိုလည္း ၅၀၅ (ခ) နဲ႔ ၂ႏွစ္ ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။

သတင္းအျပည့္အစုံကိုဆက္လက္ေဖာ္ျပပါမယ္။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့် ကို အမိန့်ချမှတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့

အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုခံထားရတဲ့အမှုနဲ့ ပုဒ်မ ၅၀၅(ခ)တို့အတွက်

ဒီကနေ့ ဒီဇင်ဘာ ၆ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ အပြီးသတ်အမိန့်ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၅၀၅ (ခ) အမှုအတွက် ၂နှစ် နဲ့ သဘာဘေးစီမံ ပုဒ်မနဲ့ ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။

အလားတူ သမ္မတဦးဝင်းမြင့်ကိုလည်း ၅၀၅ (ခ) နဲ့ ၂နှစ် နဲ့ သဘာဘေးစီမံ ပုဒ်မနဲ့ ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။

ဒေါက်တာမျိုေးအာင်ကိုလည်း ၅၀၅ (ခ) နဲ့ ၂နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

သတင်းအပြည့်အစုံကိုဆက်လက်ဖော်ပြပါမယ်။