ၾကားသိရသမွ်

ငယ္ပါအားျဖတ္ေတာက္ပစ္ကာ ထြက္ေျပးသြားသည့္ သမီးမိုက္

ေဆးေၾကာင္ၿပီး ေမြးသဖခင္ေက်းဇူးရွင္အား စိတၱဇဆန္ဆန္ ဓါးျဖင့္ခုတ္သတ္ၿပီး ငယ္ပါအားျဖတ္ေတာက္ပစ္ကာ ထြက္ေျပးသြားသည့္ သမီးမိုက္အားညတြင္းခ်င္း ရဲမွဖမ္းဆီးရမိ

ဇြန္လ ၁၇ ရက္ ၊ ဘန္ေကာက္

ထိုင္းနိုင္ငံဘန္ေကာက္ၿမိဳ့ လတ္စီစီရင္စုရပ္ ၊ လမ္းသြယ္ ၃ ၊ အိမ္အမွတ္ ၃၀၆ /၁၄၁ တြင္ ဇြန္လ ၁၆ ရက္ေန႔ ည ၂၀:၀၀ ခ်ိန္တြင္ ဖခင္ျဖစ္သူ အသက္ ( ၅၈ ) ႏွစ္အရြယ္ နိုင္ကဆဲမ္ ဘြန္ယခၽြန္း ကို သမီးျဖစ္သူ အသက္ (၂၉) ႏွစ္အရြယ္ နန္းဘြန္းယဒါ မွ ဓါးျဖင့္ခုတ္သတ္ကာ ေသြးမ်ားေပက်ံလၽွက္ေနအိမ္မွထြက္သြားေၾကာင္း အိမ္နီးခ်င္းမ်က္ျမင္သက္ေသမ်ားတိုင္ၾကားခ်က္ေၾကာင့္ ” ထုန႔္ေဆာင္ေဟာင့္ ” ရဲတပ္ဖြဲ႕မွတာဝန္ရွိသူမ်ားအခင္းျဖစ္ပြားရာေနရာသို့သြားေရာက္ၾကည့္ရွူ႔စစ္ေဆးခဲ့ၾကသည္ဟုသိရ ။

အခင္းျဖစ္ပြားရာေနအိမ္သည္တစ္ထပ္အိမ္ျဖစ္ၿပီး အိမ္အခန္းထဲတြင္ ေသြးအိုင္ထဲ၌ လဲက်ေသဆုံးေနေသာဖခင္၏ ရင္ဘတ္ႏွင့္နဖူး ညာေျခေထာက္ ၊ ညာဘက္လက္ေမာင္းတို့တြင္ဓါးဒဏ္ရာမ်ားရရွိကာေသဆုံးေနၿပီးအေလာင္း၏နံေဘးတြင္ ေသဆုံးသူ၏ ငယ္ပါအားအျပဳံလိုက္ ျဖတ္ေတာက္ကြင္းလွီးထားကာ အိမ္နံရံတြင္ေသြးမ်ားျမင္မေကာင္းေအာင္ေပက်ံေနသည္ဟုစစ္ေဆးေတြ႕ရွိရသည္ဟုသိရ ။

အိမ္နီးခ်င္းမ်ား၏ေျပာျပခ်က္အရ ဇြန္လ ၁၆ ရက္ေန႔ညဦးပိုင္းက ဖခင္ျဖစ္သူသည္ သူ၏ေျခေထာက္မွဆိုင္ကယ္ေမွာက္ထားေသာဒဏ္ရာအားေဆး႐ုံတြင္မၾကာခဏ အနာေဆးထည့္ရသျဖင့္ ေဆး႐ုံမွျပန္လာၿပီးအိမ္ေရွ႕မွာေနၿပီး ၁၀ မိနစ္ခန႔္အၾကာတြင္ သမီးျဖစ္သူအျပင္မွျပန္လာၿပီး သူ႔ဖခင္အားအိမ္ထဲဝင္ဘို့ေျပာဆိုသံၾကားၿပီး ေနာက္ သိပ္မၾကာခင္မွာ သမီးျဖစ္သူသည္ ေသြးမ်ားေပက်ံလၽွက္အိမ္အျပင္သို့ေအးေအးလူလူ လမ္းေလၽွာက္ထြက္သြားတာကို အနီးမွလူအမ်ာျမင္ၿပီးမသကၤာသျဖင့္ ရဲစခန္းသို့အေၾကာင္းၾကားခဲ့တာလို့သိရ ။

ေသဆုံးသူ၏ဇနီးျဖစ္သူ အသက္ ၅၂ ႏွစ္အရြယ္ နန္းက်ီယန္းနိုင္း၏ထြက္ဆိုခ်က္အရ သူမ၏ခင္ပြန္းႏွင့္ အိမ္ေထာင္ကြဲခဲ့သည္မွာ သမီးငယ္စဥ္ကတည္းဟုဆိုပါသည္ ၊ သမီးျဖစ္သူကိုဖခင္ထံအပ္ႏွင္းခဲ့ၿပီး ေထာက္ပံ့စရိတ္သာေပးခဲ့ပါတယ္ ၊ အေဖျဖစ္သူဟာ သမီးျဖစ္သူကိုဆုံးမတဲ့အခါဆူပူႀကိမ္းေမာင္းတာေတြရွိခဲ့ၿပီး မၾကာခဏသားအဖေတြစကားမ်ားတယ္လို့သမီးျဖစ္သူကေျပာျပပါတယ္ ၊ အရြယ္ေရာက္လာေတာ့ မူးယစ္ေဆးသုံးစြဲလာတယ္ ၊

ဖခင္ျဖစ္သူသိရွိသြားၿပီး ေဆးျဖတ္စခန္းမွာ ေဆးျဖတ္ခဲ့တယ္ ၊ အဲ့ဒီေနာက္ အိမ္ေပၚကဆင္းသြားၿပီးသူ႔ခ်စ္သူေနာက္လိုက္သြားတယ္ ၊ သူ႔ဖခင္နဲ႔လည္းမေနေတာ့ဘဲ သူ႔အိမ္ေထာင္နဲ႔ သမီးတစ္ေယာက္ရခဲ့တယ္ ၊ တစ္ခါမၾကာေသးမီက သမီး၏ေယာက်္ားက သမီးျဖစ္သူကိုမုဒိန္းက်င့္ခဲ့သျဖင့္ဖမ္းဆီးအေရးယူခံရၿပီး အရြယ္မေရာက္ေသးတဲ့သမီးငယ္ကို မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးဌာနကထိန္းသိမ္းေစာင့္ေရွာက္ထားတယိလို့ဆိုပါတယ္ ။

သမီးျဖစ္သူဟာစိတ္ဒဏ္ေတြရရွိၿပီး စိတ္က်မၼာေရးေဆး႐ုံမွာ စိတ္ေရာဂါကုသမွုခံယူေနသူတစ္ဦးျဖစ္တယ္လို့ ေဆးေထာက္ခံစာမ်ားအရသိရွိပါတယ္ ။

မေန႔ညကရဲတပ္ဖြဲ႕မွအပူတျပင္းလိုက္လံရွာေဖြရာ ဇြန္လ ၁၇ ရက္ေန႔မနက္ ၀၂ :၃၀ ခ်ိန္တြင္ ထိုရပ္ကြက္ထဲမွာပင္ ဒယိမ္းဒယိုင္ျဖင့္လမ္းေလၽွာက္ေနသျဖင့္ ဖမ္းဆီးရမိၿပီး ရဲတပ္ဖြဲ႕မွ တရားခံအားစစ္ေဆးေမးျမန္းေသာ္လည္း စိတ္ပုံမွန္အေနအထားမျဖစ္ေသးသည့္အတြက္ ျဖစ္စဥ္ႏွင့္ပါတ္သတ္ၿပီးဘာတစ္ခုမွေမးမရေသးေၾကာင္းႏွင့္ စိတ္ေရာဂါအထူးကုဌာနမွဆရာဝန္မ်ားထံအေၾကာင္းၾကားထားဆဲျဖစ္ေၾကာင္းသိရွိရပါသည္ ။

Photo #Credit #သတင္း #SiThuMaung #Freelance #เขตหลักสี่ #ลูกสาวป่วยจิตฆ่าพ่อ

Unicode

ဆေးကြောင်ပြီး မွေးသဖခင်ကျေးဇူးရှင်အား စိတ္တဇဆန်ဆန် ဓါးဖြင့်ခုတ်သတ်ပြီး ငယ်ပါအားဖြတ်တောက်ပစ်ကာ ထွက်ပြေးသွားသည့် သမီးမိုက်အားညတွင်းချင်း ရဲမှဖမ်းဆီးရမိ

ဇွန်လ ၁၇ ရက် ၊ ဘန်ကောက်

ထိုင်းနိုင်ငံဘန်ကောက်မြို့ လတ်စီစီရင်စုရပ် ၊ လမ်းသွယ် ၃ ၊ အိမ်အမှတ် ၃၀၆ /၁၄၁ တွင် ဇွန်လ ၁၆ ရက်နေ့ ည ၂၀:၀၀ ချိန်တွင် ဖခင်ဖြစ်သူ အသက် ( ၅၈ ) နှစ်အရွယ် နိုင်ကဆဲမ် ဘွန်ယချွန်း ကို သမီးဖြစ်သူ အသက် (၂၉) နှစ်အရွယ် နန်းဘွန်းယဒါ မှ ဓါးဖြင့်ခုတ်သတ်ကာ သွေးများပေကျံလျှက်နေအိမ်မှထွက်သွားကြောင်း အိမ်နီးချင်းမျက်မြင်သက်သေများတိုင်ကြားချက်ကြောင့် ” ထုန့်ဆောင်ဟောင့် ” ရဲတပ်ဖွဲ့မှတာဝန်ရှိသူများအခင်းဖြစ်ပွားရာနေရာသို့သွားရောက်ကြည့်ရှူ့စစ်ဆေးခဲ့ကြသည်ဟုသိရ ။

အခင်းဖြစ်ပွားရာနေအိမ်သည်တစ်ထပ်အိမ်ဖြစ်ပြီး အိမ်အခန်းထဲတွင် သွေးအိုင်ထဲ၌ လဲကျသေဆုံးနေသောဖခင်၏ ရင်ဘတ်နှင့်နဖူး ညာခြေထောက် ၊ ညာဘက်လက်မောင်းတို့တွင်ဓါးဒဏ်ရာများရရှိကာသေဆုံးနေပြီးအလောင်း၏နံဘေးတွင် သေဆုံးသူ၏ ငယ်ပါအားအပြုံလိုက် ဖြတ်တောက်ကွင်းလှီးထားကာ အိမ်နံရံတွင်သွေးများမြင်မကောင်းအောင်ပေကျံနေသည်ဟုစစ်ဆေးတွေ့ရှိရသည်ဟုသိရ ။

အိမ်နီးချင်းများ၏ပြောပြချက်အရ ဇွန်လ ၁၆ ရက်နေ့ညဦးပိုင်းက ဖခင်ဖြစ်သူသည် သူ၏ခြေထောက်မှဆိုင်ကယ်မှောက်ထားသောဒဏ်ရာအားဆေးရုံတွင်မကြာခဏ အနာဆေးထည့်ရသဖြင့် ဆေးရုံမှပြန်လာပြီးအိမ်ရှေ့မှာနေပြီး ၁၀ မိနစ်ခန့်အကြာတွင် သမီးဖြစ်သူအပြင်မှပြန်လာပြီး သူ့ဖခင်အားအိမ်ထဲဝင်ဘို့ပြောဆိုသံကြားပြီး နောက် သိပ်မကြာခင်မှာ သမီးဖြစ်သူသည် သွေးများပေကျံလျှက်အိမ်အပြင်သို့အေးအေးလူလူ လမ်းလျှောက်ထွက်သွားတာကို အနီးမှလူအမျာမြင်ပြီးမသင်္ကာသဖြင့် ရဲစခန်းသို့အကြောင်းကြားခဲ့တာလို့သိရ ။

သေဆုံးသူ၏ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် နန်းကျီယန်းနိုင်း၏ထွက်ဆိုချက်အရ သူမ၏ခင်ပွန်းနှင့် အိမ်ထောင်ကွဲခဲ့သည်မှာ သမီးငယ်စဉ်ကတည်းဟုဆိုပါသည် ၊ သမီးဖြစ်သူကိုဖခင်ထံအပ်နှင်းခဲ့ပြီး ထောက်ပံ့စရိတ်သာပေးခဲ့ပါတယ် ၊ အဖေဖြစ်သူဟာ သမီးဖြစ်သူကိုဆုံးမတဲ့အခါဆူပူကြိမ်းမောင်းတာတွေရှိခဲ့ပြီး မကြာခဏသားအဖတွေစကားများတယ်လို့သမီးဖြစ်သူကပြောပြပါတယ် ၊ အရွယ်ရောက်လာတော့ မူးယစ်ဆေးသုံးစွဲလာတယ် ၊

ဖခင်ဖြစ်သူသိရှိသွားပြီး ဆေးဖြတ်စခန်းမှာ ဆေးဖြတ်ခဲ့တယ် ၊ အဲ့ဒီနောက် အိမ်ပေါ်ကဆင်းသွားပြီးသူ့ချစ်သူနောက်လိုက်သွားတယ် ၊ သူ့ဖခင်နဲ့လည်းမနေတော့ဘဲ သူ့အိမ်ထောင်နဲ့ သမီးတစ်ယောက်ရခဲ့တယ် ၊ တစ်ခါမကြာသေးမီက သမီး၏ယောကျ်ားက သမီးဖြစ်သူကိုမုဒိန်းကျင့်ခဲ့သဖြင့်ဖမ်းဆီးအရေးယူခံရပြီး အရွယ်မရောက်သေးတဲ့သမီးငယ်ကို မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနကထိန်းသိမ်းစောင့်ရှောက်ထားတယိလို့ဆိုပါတယ် ။

သမီးဖြစ်သူဟာစိတ်ဒဏ်တွေရရှိပြီး စိတ်ကျမ္မာရေးဆေးရုံမှာ စိတ်ရောဂါကုသမှုခံယူနေသူတစ်ဦးဖြစ်တယ်လို့ ဆေးထောက်ခံစာများအရသိရှိပါတယ် ။

မနေ့ညကရဲတပ်ဖွဲ့မှအပူတပြင်းလိုက်လံရှာဖွေရာ ဇွန်လ ၁၇ ရက်နေ့မနက် ၀၂ :၃၀ ချိန်တွင် ထိုရပ်ကွက်ထဲမှာပင် ဒယိမ်းဒယိုင်ဖြင့်လမ်းလျှောက်နေသဖြင့် ဖမ်းဆီးရမိပြီး ရဲတပ်ဖွဲ့မှ တရားခံအားစစ်ဆေးမေးမြန်းသော်လည်း စိတ်ပုံမှန်အနေအထားမဖြစ်သေးသည့်အတွက် ဖြစ်စဉ်နှင့်ပါတ်သတ်ပြီးဘာတစ်ခုမှမေးမရသေးကြောင်းနှင့် စိတ်ရောဂါအထူးကုဌာနမှဆရာဝန်များထံအကြောင်းကြားထားဆဲဖြစ်ကြောင်းသိရှိရပါသည် ။