ၾကားသိရသမွ်

ရုပ်ရည်လေးနဲ့မှမလိုက် သူငယ်ချင်းအရင်းကို အဆိပ်ခပ်သတ်ခဲ့သည့် အမျိုးသမီးရဲ့နိဂုံး

ရုပ်ရည်လေးနဲ့မှမလိုက် သူငယ်ချင်းအရင်းကို အဆိပ်ခပ်သတ်ခဲ့သည့် အမျိုးသမီးရဲ့နိဂုံး

သြစတေးလျှနိုင်ငံသူ အဖြစ် ခံယူထားတဲ့ အင်ဒိုနွယ်ဖွား အမျိုးသမီးတစ်ဦးဟာ သူမရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကို သတ်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာအထိ ပြန်လာပြီး၊ အဆိပ်ခပ် လုပ်ကြံခဲ့ပါတယ်။

လူသတ်တရားခံရဲ့ အမည်မှာ Jessica Wongso (27) နှစ် ဖြစ်ပြီး၊ သူမရဲ့ သူငယ်ချင်း Mirna Salihin ကို သတ်ခဲ့တာလို့ Dailymail မှာ ဖော်ပြခဲ့ပါတယ်။

(အောက်တွင် ဖော်ပြထားသည့် ဗွီဒီယိုမှာ Mirna ကို လုပ်ကြံစဉ်က CCTV မှတ်တမ်း ဖြစ်ပါတယ်။)

အကြောင်းကတော့ Mirna ဟာ ယခင်က Jessica ရဲ့ အိမ်ထောင်ရေးကို ဝင်ရောက် စွက်ဖက်ဖူးပြီး၊ နောက်ပိုင်း Jessica တို့ လင်မယား ကွာရှင်းတဲ့အခါမှာ သူတို့ အိမ်ထောင်ရေး ပျက်စီးရခြင်းဟာ Mirna ရဲ့ စနက်တွေ ပါတယ်လို့ ယူဆပြီး အညှိးထားခဲ့ပါတယ်။

ဒါပေမယ့် ဒီအညှိုးအတေးကို စိတ်ထဲကနေ ဖုံးကွယ်ပြီးနောက်၊ Mirna ကို လုပ်ကြံဖို့ စိတ်ထဲက ကြိတ်ကြံနေခဲ့ပါတယ်။

Mirna နဲ့ Jessica တို့ဟာ သြစတေးလျှမှာ ကျောင်းအတူတူ တက်ခဲ့ကြတာပါ။ အတန်းပညာ ပြီးဆုံးတော့ Mirna က အင်ဒိုနီးရှားကို ပြန်လာခဲ့ပြီး မကြာမီ၊ Jessica တို့ လင်မယား ကွာရှင်းပြတ်ဆဲခဲ့ပါတယ်။

ဒီနောက်မှာတော့ Jessica ဟာ ဂျာကာတာအထိ လိုက်လာပြီး၊ Mirna နဲ့ ပုံမှန်အတိုင်း သုံးလေးရက် တွဲသွားတွဲလာ လုပ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ စားသောက်ဆိုင်မှာ Jessica ဟာ အခြားသူငယ်ချင်းနှစ်ယောက်ကိုပါ အတူခေါ်ပြီး၊ Mirna ကြိုက်တဲ့ ဗီယက်နမ်ကော်ဖီကို မှာပေးခဲ့ပါတယ်။

ကော်ဖီကို သူမကိုယ်တိုင် သွားယူပြီး၊ အလွန်ပြင်းထန်တဲ့ အဆိပ် ဆိုက်နိဒ်ကို ထည့်ကာ Mirna ကို သောက်စေခဲ့ပါတယ်။

ဆိုက်နိဒ်ထည့်ထားတဲ့ ကော်ဖီကို တစ်ကြိုက်သာ သောက်ရသေးတဲ့ Mirna ဟာ နေရာမှာပင် ချက်ချင်း လဲကျပြီး သေဆုံးသွားခဲ့ပါတယ်။

ယင်းနောက်မှာတော့ ဆေးရုံဆရာဝန်တွေ မှတ်ချက်ကြောင့် Jessica နဲ့ အပေါင်းအပါ နှစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

Jessica ကို လူသတ်မှုအတွက် စွဲချက်တင်နိုင်ခဲ့ပြီး၊ အခြားနှစ်ဦးကိုတော့ ကြံရာပါ အမှုကျူးလွန်သူများ၊ အမှုကို ဖုံးကွယ် ထိန်ချန်ဖို့ကြိုးစားမှုတွေနဲ့ အမှုဖွင့် စစ်ဆေးခဲ့ပါတယ်။

Jessica ကတော့ သူမမှာ အပြစ်မရှိကြောင်း လုံး၀ ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အခင်းဖြစ်ပွားရာ စားသောက်ဆိုင်မှ CCTV ထွက်ပေါ်လာပြီးနောက် သူမရဲ့ ယုတ်မာမှုကို မငြင်းနိုင်ခဲ့ပါဘူး။

သြစတေးလျှအစိုးရက Jessica ရဲ့ အမှုကို ကြားဝင်ဖြန်ဖြေဖို့ သံရုံးအကူအညီနဲ့ ကြိုးစားခဲ့ပါတယ်။

ကနဦးတုန်းကတော့ Jessica ဟာ သေဒဏ်ကျခံရဖို့ ရှိတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အင်ဒိုနီးရှား ထိပ်သီးတရားသူကြီး သုံးဦး တိုင်ပင်ပြီးနောက် Central Jakarta District Court တရားရုံးက Jessica ကို ထောင်ဒဏ် အနှစ် 20 ချွင်းချက်မရှိ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။

(အောက်တွင် ဖော်ပြထားသည့် ဗွီဒီယိုမှာ Mirna ကို လုပ်ကြံစဉ်က CCTV မှတ်တမ်း ဖြစ်ပါတယ်။)

𝘊𝘳𝘦𝘥𝘪𝘵 𝘛𝘰 𝘖𝘳𝘪𝘨𝘪𝘯𝘢𝘭 𝘜𝘱𝘭𝘰𝘢𝘥𝘦𝘳

Zawgyi ဖြင့် ဖတ်ရန်

႐ုပ္ရည္ေလးနဲ႔မွမလိုက္ သူငယ္ခ်င္းအရင္းကို အဆိပ္ခပ္သတ္ခဲ့သည့္ အမ်ိဳးသမီးရဲ႕နိဂုံး

ၾသစေတးလွ်ႏိုင္ငံသူ အျဖစ္ ခံယူထားတဲ့ အင္ဒိုႏြယ္ဖြား အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ႕ သူငယ္ခ်င္း အရင္းေခါက္ေခါက္ကို သတ္ဖို႔အတြက္ အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ာကာတာအထိ ျပန္လာၿပီး၊ အဆိပ္ခပ္ လုပ္ႀကံခဲ့ပါတယ္။

လူသတ္တရားခံရဲ႕ အမည္မွာ Jessica Wongso (27) ႏွစ္ ျဖစ္ၿပီး၊ သူမရဲ႕ သူငယ္ခ်င္း Mirna Salihin ကို သတ္ခဲ့တာလို႔ Dailymail မွာ ေဖာ္ျပခဲ့ပါတယ္။ (ေအာက္တြင္ ေဖာ္ျပထားသည့္ ဗြီဒီယိုမွာ Mirna ကို လုပ္ႀကံစဥ္က CCTV မွတ္တမ္း ျဖစ္ပါတယ္။)

အေၾကာင္းကေတာ့ Mirna ဟာ ယခင္က Jessica ရဲ႕ အိမ္ေထာင္ေရးကို ဝင္ေရာက္ စြက္ဖက္ဖူးၿပီး၊ ေနာက္ပိုင္း Jessica တို႔ လင္မယား ကြာရွင္းတဲ့အခါမွာ သူတို႔ အိမ္ေထာင္ေရး ပ်က္စီးရျခင္းဟာ Mirna ရဲ႕ စနက္ေတြ ပါတယ္လို႔ ယူဆၿပီး အညႇိးထားခဲ့ပါတယ္။

ဒါေပမယ့္ ဒီအညႇိဳးအေတးကို စိတ္ထဲကေန ဖုံးကြယ္ၿပီးေနာက္၊ Mirna ကို လုပ္ႀကံဖို႔ စိတ္ထဲက ႀကိတ္ႀကံေနခဲ့ပါတယ္။

Mirna နဲ႔ Jessica တို႔ဟာ ၾသစေတးလွ်မွာ ေက်ာင္းအတူတူ တက္ခဲ့ၾကတာပါ။ အတန္းပညာ ၿပီးဆုံးေတာ့ Mirna က အင္ဒိုနီးရွားကို ျပန္လာခဲ့ၿပီး မၾကာမီ၊ Jessica တို႔ လင္မယား ကြာရွင္းျပတ္ဆဲခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ Jessica ဟာ ဂ်ာကာတာအထိ လိုက္လာၿပီး၊ Mirna နဲ႔ ပုံမွန္အတိုင္း သုံးေလးရက္ တြဲသြားတြဲလာ လုပ္ခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ စားေသာက္ဆိုင္မွာ Jessica ဟာ အျခားသူငယ္ခ်င္းႏွစ္ေယာက္ကိုပါ အတူေခၚၿပီး၊ Mirna ႀကိဳက္တဲ့ ဗီယက္နမ္ေကာ္ဖီကို မွာေပးခဲ့ပါတယ္။

ေကာ္ဖီကို သူမကိုယ္တိုင္ သြားယူၿပီး၊ အလြန္ျပင္းထန္တဲ့ အဆိပ္ ဆိုက္နိဒ္ကို ထည့္ကာ Mirna ကို ေသာက္ေစခဲ့ပါတယ္။

ဆိုက္နိဒ္ထည့္ထားတဲ့ ေကာ္ဖီကို တစ္ႀကိဳက္သာ ေသာက္ရေသးတဲ့ Mirna ဟာ ေနရာမွာပင္ ခ်က္ခ်င္း လဲက်ၿပီး ေသဆုံးသြားခဲ့ပါတယ္။

ယင္းေနာက္မွာေတာ့ ေဆး႐ုံဆရာဝန္ေတြ မွတ္ခ်က္ေၾကာင့္ Jessica နဲ႔ အေပါင္းအပါ ႏွစ္ဦးကို ရဲတပ္ဖြဲ႕က ထိန္းသိမ္းခဲ့ပါတယ္။

Jessica ကို လူသတ္မႈအတြက္ စြဲခ်က္တင္ႏိုင္ခဲ့ၿပီး၊ အျခားႏွစ္ဦးကိုေတာ့ ႀကံရာပါ အမႈက်ဴးလြန္သူမ်ား၊ အမႈကို ဖုံးကြယ္ ထိန္ခ်န္ဖို႔ႀကိဳးစားမႈေတြနဲ႔ အမႈဖြင့္ စစ္ေဆးခဲ့ပါတယ္။

Jessica ကေတာ့ သူမမွာ အျပစ္မရွိေၾကာင္း လုံး၀ ျငင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္ အခင္းျဖစ္ပြားရာ စားေသာက္ဆိုင္မွ CCTV ထြက္ေပၚလာၿပီးေနာက္ သူမရဲ႕ ယုတ္မာမႈကို မျငင္းႏိုင္ခဲ့ပါဘူး။

ၾသစေတးလွ်အစိုးရက Jessica ရဲ႕ အမႈကို ၾကားဝင္ျဖန္ေျဖဖို႔ သံ႐ုံးအကူအညီနဲ႔ ႀကိဳးစားခဲ့ပါတယ္။ ကနဦးတုန္းကေတာ့ Jessica ဟာ ေသဒဏ္က်ခံရဖို႔ ရွိတဲ့ သတင္းေတြ ထြက္ခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ အင္ဒိုနီးရွား ထိပ္သီးတရားသူႀကီး သုံးဦးတိုင္ပင္ၿပီးေနာက္ Central Jakarta District Court တရား႐ုံးက Jessica ကို ေထာင္ဒဏ္ အႏွစ္ 20 ခြၽင္းခ်က္မရွိ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ပါတယ္။

(ေအာက္တြင္ ေဖာ္ျပထားသည့္ ဗြီဒီယိုမွာ Mirna ကို လုပ္ႀကံစဥ္က CCTV မွတ္တမ္း ျဖစ္ပါတယ္။)

𝘊𝘳𝘦𝘥𝘪𝘵 𝘛𝘰 𝘖𝘳𝘪𝘨𝘪𝘯𝘢𝘭 𝘜𝘱𝘭𝘰𝘢𝘥𝘦𝘳