ၾကားသိရသမွ်

အလောင်းသယ်တဲ့ကတ်တွေကို သုသာန်တစ်ခုတွင် မတန်တဆဈေးကြီးစွာဖြင့် ဝယ်ယူခဲ့ရပုံကို ရင်ဖွင့်လာတဲ့ ပြည်သူတစ်ဦးရဲ့ ဗီဒီယိုဖိုင်

အလောင်းသယ်တဲ့ကတ်တွေကို သုသာန်တစ်ခုတွင် မတန်တဆဈေးကြီးစွာဖြင့် ဝယ်ယူခဲ့ရပုံကို ရင်ဖွင့်လာတဲ့ ပြည်သူတစ်ဦးရဲ့ ဗီဒီယိုဖိုင်

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)

ကိုဗစ်ရောဂါကူးစက်မှုများကြောင့် နေ့စဉ်သေဆုံးနေရသူတွေ များပြားနေပြီး သုသာန်များတွင် သဂြိုလ်ဖို့စောင့်ဆိုင်းနေရတဲ့ အခြေအနေဖြစ်နေဆဲ ဖြစ်ပါတယ်

လူမှုကူညီရေးအသင်းများမှ ပရဟိတသူရဲကောင်းတွေကလည်း PPE ဝတ်စုံတွေ တစ်နေကုန် ဝတ်ဆင်ပြီး ပင်ပန်းနေတဲ့ကြားက ကွယ်လွန်သွားသူများရဲ့ အလောင်းတွေကိုသုသာန်များသို့ ပို့ဆောင်ပေးနေကြတာ ဖြစ်ပါတယ်။

သူတို့တွေအားလုံး စေတနာပါပါဖြင့် လုပ်ဆောင်ပေးနေကြပေမယ့်လည်း သုသာန်များတွင် ဈာပနပြင်ဆင်ဖို့ လိုအပ်တဲ့ ပစ္စည်းများကို

မတော်လောဘဖြင့် ရောင်းချနေတဲ့ လူတွေကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရတာတွေအတွက် စိတ်မကောင်း ဖြစ်နေကြရတာပါ။

ပရဟိတလုပ်ဆောင်နေသူတစ်ဦးရဲ့ လူမှုကွန်ယက်တွင် အလောင်းသယ်တဲ့ ကတ်ကို ငွေ(၄၀၀၀၀) ဖြင့် ဝယ်ယူခဲ့ရတဲ့

ကျန်ရစ်သူမိသားစုဝင်တစ်ဦးရဲ့ ရင်တွင်းခံစားချက်တွေကို မေးမြန်းထားတဲ့ ဗီဒီယိုဖိုင်တစ်ခု ဝေမျှပေးထားတာဖြစ်ပါတယ်။

အခုလို ဆိုးရွားတဲ့ အခြေအနေမရောက်ခင်မှာ ကာဒ်ဈေးတန်ဖိုးက ငါးထောင်မကျော်ခဲ့ဘ

လက်ရှိအနေအထားအရ ရေဝေးသုသာန်နဲ့ထိန်ပင်သုသာန်တွင် ၁၅၀၀၀၊ ၂၀၀၀၀ ဝန်းကျင်သာ ရှိပါတယ်။

သေဆုံးသွားသူတွေကို ကာဒ်မပါဘဲ သယ်လာရသူတွေကတော့ သုသာန်ရှေ့တွင် ရောင်းချတဲ့ ဈေးအတိုင်း ပေးဝယ်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ပြည်သူများ သိရှိစေဖို့ ပရဟိတလုပ်ဆောင်နေသူတစ်ဦးမှ ဗီဒီယိုရိုက်ကူးပြီး ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

ဒီကာလမှာ စားဝတ်နေရေးအဆင်မပြေသူတွေ များပြားနေပြီး သေဆုံးသွားတဲ့ မိသားစုဝင်တွေကိုတောင် သဂြိုလ်စရိတ်မတတ်နိုင်သူတွေ များစွာရှိနေပါတယ်။

ပြည်သူအချင်းချင်း ရိုင်းပင်းကူညီတဲ့အနေနဲ့မတန်တဆဈေးတွေ မတင်ကြဖို့ တောင်းဆိုရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Zawgyi

အေလာင္းသယ္တဲ့ကတ္ေတြကို သုသာန္တစ္ခုတြင္ မတန္တဆေဈးႀကီးစြာျဖင့္ ဝယ္ယူခဲ့ရပုံကို ရင္ဖြင့္လာတဲ့ ျပည္သူတစ္ဦးရဲ႕ ဗီဒီယိုဖိုင္

(႐ုပ္သံဖိုင္ကို ေအာက္တြင္ၾကည့္ရႈပါရန္)

ကိုဗစ္ေရာဂါကူးစက္မႈမ်ားေၾကာင့္ ေန႔စဥ္ေသဆုံးေနရသူေတြ မ်ားျပားေနၿပီး သုသာန္မ်ားတြင္ သၿဂိဳလ္ဖို႔ေစာင့္ဆိုင္းေနရတဲ့ အေျခအေနျဖစ္ေနဆဲ ျဖစ္ပါတယ္။

လူမႈကူညီေရးအသင္းမ်ားမွ ပရဟိတသူရဲေကာင္းေတြကလည္း PPE ဝတ္စုံေတြ တစ္ေနကုန္ ဝတ္ဆင္ၿပီး ပင္ပန္းေနတဲ့ၾကားက ကြယ္လြန္သြားသူမ်ားရဲ႕ အေလာင္းေတြကိုသုသာန္မ်ားသို႔ ပို႔ေဆာင္ေပးေနၾကတာ ျဖစ္ပါတယ္။

သူတို႔ေတြအားလုံး ေစတနာပါပါျဖင့္ လုပ္ေဆာင္ေပးေနၾကေပမယ့္လည္း သုသာန္မ်ားတြင္ ဈာပနျပင္ဆင္ဖို႔ လိုအပ္တဲ့ ပစၥည္းမ်ားကို

မေတာ္ေလာဘျဖင့္ ေရာင္းခ်ေနတဲ့ လူေတြကို မ်က္ျမင္ကိုယ္ေတြ႕ ႀကဳံေတြ႕ခဲ့ရတာေတြအတြက္ စိတ္မေကာင္း ျဖစ္ေနၾကရတာပါ။

ပရဟိတလုပ္ေဆာင္ေနသူတစ္ဦးရဲ႕ လူမႈကြန္ယက္တြင္ အေလာင္းသယ္တဲ့ ကတ္ကို ေငြ(၄၀၀၀၀) ျဖင့္ ဝယ္ယူခဲ့ရတဲ့

က်န္ရစ္သူမိသားစုဝင္တစ္ဦးရဲ႕ ရင္တြင္းခံစားခ်က္ေတြကို ေမးျမန္းထားတဲ့ ဗီဒီယိုဖိုင္တစ္ခု ေဝမွ်ေပးထားတာျဖစ္ပါတယ္။

အခုလို ဆိုး႐ြားတဲ့ အေျခအေနမေရာက္ခင္မွာ ကာဒ္ေဈးတန္ဖိုးက ငါးေထာင္မေက်ာ္ခဲ့ဘဲ

လက္ရွိအေနအထားအရ ေရေဝးသုသာန္နဲ႔ထိန္ပင္သုသာန္တြင္ ၁၅၀၀၀၊ ၂၀၀၀၀ ဝန္းက်င္သာ ရွိပါတယ္။

ေသဆုံးသြားသူေတြကို ကာဒ္မပါဘဲ သယ္လာရသူေတြကေတာ့ သုသာန္ေရွ႕တြင္ ေရာင္းခ်တဲ့ ေဈးအတိုင္း ေပးဝယ္ခဲ့ရတာ ျဖစ္ပါတယ္။

လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြကို ျပည္သူမ်ား သိရွိေစဖို႔ ပရဟိတလုပ္ေဆာင္ေနသူတစ္ဦးမွ ဗီဒီယို႐ိုက္ကူးၿပီး ေဝမွ်ေပးခဲ့တာျဖစ္ပါတယ္။

ဒီကာလမွာ စားဝတ္ေနေရးအဆင္မေျပသူေတြ မ်ားျပားေနၿပီး ေသဆုံးသြားတဲ့ မိသားစုဝင္ေတြကိုေတာင္ သၿဂိဳလ္စရိတ္မတတ္ႏိုင္သူေတြ မ်ားစြာရွိေနပါတယ္။

ျပည္သူအခ်င္းခ်င္း ႐ိုင္းပင္းကူညီတဲ့အေနနဲ႔မတန္တဆေဈးေတြ မတင္ၾကဖို႔ ေတာင္းဆိုရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။