(Unicodeဖြင့် ဖတ်ရန်)
ပရိသတ်ကြီးရေ မနေ့ကတော့ သရုပ်ဆောင် ထားထက်ထက်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ထားထက်ထက်ကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာတွင်
တော်လှန်ရေး တိုက်ပွဲများအတွက် ကျရာနေရာကနေ တာဝန်ထမ်းဆောင်လျက် ရှိနေသူလေးလည်း ဖြစ်ပါတယ်နော်။ သူမရဲ့မွေးနေ့ကိုလည်း ချစ်ခင်ကြတဲ့ မိတ်ဆွေသူငယ်ချင်းများနှင့်

သူမရဲ့ခံယူချက်နဲ့ ရပ်တည်မှုကို လေးစားကြသော ပရိသတ်ပြည်သူများမှ လူမှုကွန်ယက်များတွင် ဆုတောင်း ပေးခဲ့ကြတာ ကိုလည်း မြင်တွေ့ ရပါတယ်နော်။
ထားထက်ထက်နဲ့ တချိန်က အရမ်းကို ခင်မင်ရင်းနှီး ခဲ့ဖူးတဲ့ သရုပ်ဆောင် ယဥ်လတ်ကတော့ ပြည်သူ့ဖက်မှာ ရပ်တည်မှု မရှိသူ စစ်ကောင်စီကို အားပေးသောသူ ဆိုပြီးတော့ ဝေဖန်ဒဏ်တွေ ခံနေရသူ တစ်ဦးဖြစ်ပါတယ်။

ပြည်သူတွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ အလှမယ် ထားထက်ထက်နဲ့ ပြည်သူများရဲ့ ပြစ်တင်မှုတွေကို ခံနေရသော ယဉ်လတ်တို့ဟာ တစ်ချိန်တုန်းကညီအစ်မအရင်းတွေလို အရမ်းချစ်ခဲ့ကြ သူတွေပါ။

တစ်ချိန်က မိန်းကလေးချင်း ချစ်နေကြတာလားလို့တောင် အထင်မှားလောက်အောင် ချစ်ခဲ့ကြတဲ့ ထားထက်ထက်ရဲ့မွေးနေ့ကို ဆုတောင်းပေးခဲ့တဲ့ ယဉ်လတ်
သူတို့နှစ်ဦးဟာ ယခုအချိန်မှာ လျှောက်လှမ်းတဲ့ လမ်းတွေ မတူညီကြတော့ပေမယ့် အရမ်းချစ်ခဲ့ရတဲ့ ထားထက်ထက်ရဲ့မွေးနေ့ကိုတော့ ယဥ်လတ်က ပုံလေးတွေနဲ့ မမေ့မလျော့ ဆုတောင်းပေး လာတာကို အခုလိုတွေ့မြင်ရပါ တယ်နော်။

အခုချိန်မှာတော့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေကြပေမယ့် ”Happy Birthday Ma Ma သတိရတာက ရတာပါပဲ ချစ်တာက ချစ်တာပါပဲ ” ဆိုပြီး ယဉ်လတ်မှ ထားထက်ထက်ကို မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပြီး

ပရိသတ်ပြည်သူတွေ ကြားမှာတော့ ယဥ်လတ်ရဲ့ မွေးနေ့ဆုတောင်းဟာ တချိန်ကတော့ အရမ်းချစ်ခင်ခဲ့ကြသူ နှစ်ဦးပေမယ့် အခုအခါ အယူအဆတွေ ကွဲပြားကာ လျှောက်သောလမ်းတွေ မတူမှုတွေကို မြင်သာနေ ထင်သာရှိနေကြရပြီး

အမြဲလို ချစ်ခင်ပူးတွဲနေခဲ့သော သူတွေဖြစ်ပေမယ့် မတူကွဲပြားမှုက ကြီးမားလွန်းလှတဲ့ သူတို့နှစ်ဦးအကြောင်းကို ကြည့်မြင်ကာ အံ့သြတကြီး ပြောကြားနေကြတာကို တွေ့မြင် ရပါတယ် နော်။

(Zawgyiဖြင့် ဖတ်ရန်)
ထားထက်ထက်နဲ့ တချိန်က အရမ်းကို ခင်မင်ရင်းနှီး ခဲ့ဖူးတဲ့ သရုပ်ဆောင် ယဉ်လတ်ကတော့ ပြည်သူ့ဖက်မှာ ရပ်တည်မှု မရှိသူ စစ်ကောင်စီကို အားပေးသောသူ ဆိုပြီးတော့ ဝေဖန်ဒဏ်တွေ ခံနေရသူ တစ်ဉီးဖြစ်ပါတယ်။
သူတို့နှစ်ဉီးဟာ ယခုအချိန်မှာ လျှောက်လှမ်းတဲ့ လမ်းတွေ မတူညီကြတော့ပေမယ့် အရမ်းချစ်ခဲ့ရတဲ့ ထားထက်ထက်ရဲ့မွေးနေ့ကိုတော့ ယဉ်လတ်က ပုံလေးတွေနဲ့ မမေ့မလျော့ ဆုတောင်းပေး လာတာကို အခုလိုတွေ့မြင်ရပါ တယ်နော်။
ပရိသတ်ပြည်သူတွေ ကြားမှာတော့ ယဉ်လတ်ရဲ့ မွေးနေ့ဆုတောင်းဟာ တချိန်ကတော့ အရမ်းချစ်ခင်ခဲ့ကြသူ နှစ်ဉီးပေမယ့် အခုအခါ အယူအဆတွေ ကွဲပြားကာ လျှောက်သောလမ်းတွေ မတူမှုတွေကို မြင်သာနေ ထင်သာရှိနေကြရပြီး
အမြဲလို ချစ်ခင်ပူးတွဲနေခဲ့သော သူတြွေဖစ်ပေမယ့် မတူကွဲပြားမှုက ကြီးမားလွန်းလှတဲ့ သူတို့နှစ်ဉီးအကြောင်းကို ကြည့်မြင်ကာ အံ့သြတကြီး ပြောကြားနေကြတာကို တွေ့မြင် ရပါတယ် နော်။



