အေထြအေထြဗဟုသုတ

အမ်ိဳးသမီးေတြြအတြက္ မွတ္သားစရာမ်ား

အမ်ိဳးသမီးေတြြအတြက္ မွတ္သားစရာ

မိန္းမဘဝဆိုတာ ဒုကၡေရာက္တယ္။”ဒုေကၡာ ဣထိဘာေဝါ” အမ်ိဳးသမီး ျဖစ္ရတဲ့ဘဝဟာ ဒုကၡေရာက္တယ္။

ျမတ္စြာဘုရားသခင္ ကိုယ္တိုင္ကိုက အမ်ိဳးသမီးဘဝဟာ ဒုကၡေရာက္တယ္ လို႔ေဟာခဲ့တယ္။

အမ်ိဳးသမီးဘဝဟာ အမ်ိဳးသားေတြထက္္ ထပ္ဆင့္ပိုးတဲ့ အာေဝနိကဒုကၡ ဆိုတာေတြ ဟာ အမ်ိဳးသမီးေတြမွာ ရွိတယ္ေပါ့။

ဒါေၾကာင့္္ အမ်ိဳးသမီးဘ၀ဟာ အမ်ိဳးသားေတြထက္ ပိုဒုကၡႀကီးတယ္။

ဒီလိုိဒုကၡႀကီးတာ ဘာေၾကာင့္လဲလို႔ဆိုရင္ အမ်ိဳးသမီးဘဝဟာ တဘက္သားကို အားကိုး ေနရတာ ကိုိယ္၀န္ေဆာင္ရတာ သူတပါးကို မွီခိုေနရတယ္ဆိုတဲ့ …

ဒီဒုကၡေတြ အာေဝနိက ဆင္းရဲေတြနဲ႔ အမ်ိဳးသမီး ဘဝဟာ ပိုလို႔ပဲစိတ္ပ်က္ၿငီးေငြ႕စရာေကာင္းတယ္ဆိုတာ ျမတ္စြာဘုရားက ရွင္းလင္းေထာက္ျပေဟာၾကားထားတာ ျဖစ္တယ္။

အဲ့ထဲမယ္ အမ်ိဳးသမီးေတြဟာ အိမ္ေထာင္ေရး ကံမေကာင္းဘူး ဆိုလို႔ရွိရင္…

အမ်ိဳးသမီးဘဝမွာ အိမ္ေထာင္ဘက္အၿပိဳင္ ၾကဳံလာၿပီဆိုလို႔ရွိရင္ သူတို႔မွာ ေန႔စဥ္နဲ႔အမၽွ ဆင္းရဲဒုကၡ ေရာက္ၾကရတယ္။

အဲဒီလို အိမ္ေထာင္ၿပိဳင္ရွိလာၿပီ ဆိုလို႔ိရွိရင္ ပိုၿပီးေတာ့ စိတ္ဆင္းရဲၾကရတယ္တဲ့။

အမ်ိဳးသမီးေတြရဲ့ႀကီးမားလွတဲ့ ဒုကၡတစ္ခုကေတာ့ ဘာလဲလို႔ဆိုလို႔ရွိရင္ …

တႀကိမ္ေလာက္ ကိုယ္၀န္ေဆာင္ၿပီးေတာ့ မီးဖြားလိုက္ရတဲ့ဒုကၡဟာ အလြန္ကိုႀကီးမားတယ္။ဒါေၾကာင့္မို႔ ျမန္မာစကားမွာလည္း ဆိုတယ္။ “ေယာက္်ားေဖာင္စီး မိန္းမမီးေန” ဆိုတဲ့စကား။

ကိုယ္၀န္ေဆာင္ သားေမြးျခင္းဟာ ေသမင္းနဲ႔ စခန္းသြားရတဲ့ အေနအထားမ်ိဳးျဖစ္တယ္။ ေသမင္းနဲ႔ ကစားရသလိုျဖစ္ေနတယ္ေပါ့။

အမ်ိဳးသမီး ကိုယ္ဝန္ေဆာင္ၿပီး သားဖြားရတာ လည္း အလြန္အႏၲရာယ္ႀကီးတယ္လို႔ ဒီလိုိဆိုလိုတာျဖစ္တယ္။

ေလာကမွာ ကိုယ္ဝန္ေဆာင္ရတယ္ သားဖြားရ တယ္ဆိုတဲ့ အလုပ္ဟာ အလြန္အႏၲရာယ္ ႀကီးမားတဲ့ အလုပ္ျဖစ္တယ္။

အဲဒီဆင္းရဲတြင္းေရာက္ေနၿပီဆိုရင္ မိိခင္ေရာ ကေလးေရာ ဆုံးရွုံးမွုနဲ႔ ၾကဳံရတတ္တယ္။

တနည္းအားျဖင့္ ေျပာမယ္ဆိုရင္ အိမ္ေထာင္ ရက္သားဘဝဟာ ကိေလသာေတြနဲ႔ စိတ္ပူစရာ ေတြနဲ႔ ေတြ႕ေနၾကရတယ္။

ဒါေၾကာင့္မို႔လို႔ အိမ္ေထာင္ျပဳတယ္ဆိုတာ တကယ့္ကို အိမ္ေထာင္က်တယ္။

ေလာကလူေတြဟာ ေထာင္က်တယ္ဆိုရင္ ဘယ္လိုလို႔ ခ်မ္းသာနိုင္မလဲ။

လူေတြဟာ ေထာင္က်တယ္ဆိုလို႔ရွိရင္ေတာ့ ေၾကာက္ၾကမွာပဲ။

သို႔ေသာ္ အိမ္ေထာင္က်တာၾကေတာ့ပြဲဲလမ္းသဘင္ခံၿပီးေတာ့ အေကာင္းထင္ၿပီး လုပ္ေနၾကတယ္။

“မဂၤလာ” လို႔ စကားေတာင္ တပ္လိုက္ေသး တယ္။တကယ္ကေတာ့ ျမန္မာစကားသုံးထား တဲ့ အိမ္ေထာင္က်တယ္ဆိုတာ ေထာင္က်တာနဲ႔ တူတူပဲ ျဖစ္တယ္ေပါ့။

သံသရာထဲမွာ ရွိေနသမၽွေတာ့… အမ်ိဳးသားပဲျဖစ္ျဖစ္ အမ်ိဳးသမီးပဲျဖစ္ျဖစ္ဘဝဒုကၡ ခံစားၾကရဦးမွာပဲ။

ဘဝဒုကၡလြြတ္ေျမာက္ဖို႔အတြက္ မိတ္ေကာင္း ေဆြေကာင္း သူေတာ္ေကာင္းကို ေပါင္းသင္း ဆက္ဆံၿပီး…

ထိုိသူေတာ္ေကာင္းတို႔ရဲ့ အဆုံးအမစကားနဲ႔ သံသရာ၀ဋ္က လြတ္ေအာင္ မဂၢင္(၈)ပါးအက်င့္ တရားကို က်င့္ႀကံႀကိဳးကုတ္အားထုတ္ျခင္းျဖင့္ သာလၽွင္ ဆင္းရဲဒုကၡအဆုံးသတ္နိုင္တယ္။

ေက်းဇူးေတာ္ရွင္္ ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီး

Unicode

အမျိုးသမီးတွွေအတွက် မှတ်သားစရာ

မိန်းမဘဝဆိုတာ ဒုက္ခရောက်တယ်။”ဒုက္ခော ဣထိဘာဝေါ” အမျိုးသမီး ဖြစ်ရတဲ့ဘဝဟာ ဒုက္ခရောက်တယ်။

မြတ်စွာဘုရားသခင် ကိုယ်တိုင်ကိုက အမျိုးသမီးဘဝဟာ ဒုက္ခရောက်တယ် လို့ဟောခဲ့တယ်။

အမျိုးသမီးဘဝဟာ အမျိုးသားတွေထက်် ထပ်ဆင့်ပိုးတဲ့ အာဝေနိကဒုက္ခ ဆိုတာတွေ ဟာ အမျိုးသမီးတွေမှာ ရှိတယ်ပေါ့။

ဒါကြောင့်် အမျိုးသမီးဘဝဟာ အမျိုးသားတွေထက် ပိုဒုက္ခကြီးတယ်။

ဒီလိိုဒုက္ခကြီးတာ ဘာကြောင့်လဲလို့ဆိုရင် အမျိုးသမီးဘဝဟာ တဘက်သားကို အားကိုး နေရတာ ကိိုယ်ဝန်ဆောင်ရတာ သူတပါးကို မှီခိုနေရတယ်ဆိုတဲ့ …

ဒီဒုက္ခတွေ အာဝေနိက ဆင်းရဲတွေနဲ့ အမျိုးသမီး ဘဝဟာ ပိုလို့ပဲစိတ်ပျက်ငြီးငွေ့စရာကောင်းတယ်ဆိုတာ မြတ်စွာဘုရားက ရှင်းလင်းထောက်ပြဟောကြားထားတာ ဖြစ်တယ်။

အဲ့ထဲမယ် အမျိုးသမီးတွေဟာ အိမ်ထောင်ရေး ကံမကောင်းဘူး ဆိုလို့ရှိရင်…

အမျိုးသမီးဘဝမှာ အိမ်ထောင်ဘက်အပြိုင် ကြုံလာပြီဆိုလို့ရှိရင် သူတို့မှာ နေ့စဉ်နဲ့အမျှ ဆင်းရဲဒုက္ခ ရောက်ကြရတယ်။

အဲဒီလို အိမ်ထောင်ပြိုင်ရှိလာပြီ ဆိုလိို့ရှိရင် ပိုပြီးတော့ စိတ်ဆင်းရဲကြရတယ်တဲ့။

အမျိုးသမီးတွေရဲ့ကြီးမားလှတဲ့ ဒုက္ခတစ်ခုကတော့ ဘာလဲလို့ဆိုလို့ရှိရင် …

တကြိမ်လောက် ကိုယ်ဝန်ဆောင်ပြီးတော့ မီးဖွားလိုက်ရတဲ့ဒုက္ခဟာ အလွန်ကိုကြီးမားတယ်။ဒါကြောင့်မို့ မြန်မာစကားမှာလည်း ဆိုတယ်။ “ယောက်ျားဖောင်စီး မိန်းမမီးနေ” ဆိုတဲ့စကား။

ကိုယ်ဝန်ဆောင် သားမွေးခြင်းဟာ သေမင်းနဲ့ စခန်းသွားရတဲ့ အနေအထားမျိုးဖြစ်တယ်။ သေမင်းနဲ့ ကစားရသလိုဖြစ်နေတယ်ပေါ့။

အမျိုးသမီး ကိုယ်ဝန်ဆောင်ပြီး သားဖွားရတာ လည်း အလွန်အန္တရာယ်ကြီးတယ်လို့ ဒီလိိုဆိုလိုတာဖြစ်တယ်။

လောကမှာ ကိုယ်ဝန်ဆောင်ရတယ် သားဖွားရ တယ်ဆိုတဲ့ အလုပ်ဟာ အလွန်အန္တရာယ် ကြီးမားတဲ့ အလုပ်ဖြစ်တယ်။

အဲဒီဆင်းရဲတွင်းရောက်နေပြီဆိုရင် မိိခင်ရော ကလေးရော ဆုံးရှုံးမှုနဲ့ ကြုံရတတ်တယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင် အိမ်ထောင် ရက်သားဘဝဟာ ကိလေသာတွေနဲ့ စိတ်ပူစရာ တွေနဲ့ တွေ့နေကြရတယ်။

ဒါကြောင့်မို့လို့ အိမ်ထောင်ပြုတယ်ဆိုတာ တကယ့်ကို အိမ်ထောင်ကျတယ်။

လောကလူတွေဟာ ထောင်ကျတယ်ဆိုရင် ဘယ်လိုလို့ ချမ်းသာနိုင်မလဲ။

လူတွေဟာ ထောင်ကျတယ်ဆိုလို့ရှိရင်တော့ ကြောက်ကြမှာပဲ။

သို့သော် အိမ်ထောင်ကျတာကြတော့ပွဲဲလမ်းသဘင်ခံပြီးတော့ အကောင်းထင်ပြီး လုပ်နေကြတယ်။

“မင်္ဂလာ” လို့ စကားတောင် တပ်လိုက်သေး တယ်။တကယ်ကတော့ မြန်မာစကားသုံးထား တဲ့ အိမ်ထောင်ကျတယ်ဆိုတာ ထောင်ကျတာနဲ့ တူတူပဲ ဖြစ်တယ်ပေါ့။

သံသရာထဲမှာ ရှိနေသမျှတော့… အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ်ဘဝဒုက္ခ ခံစားကြရဦးမှာပဲ။

ဘဝဒုက္ခလွွတ်မြောက်ဖို့အတွက် မိတ်ကောင်း ဆွေကောင်း သူတော်ကောင်းကို ပေါင်းသင်း ဆက်ဆံပြီး…

ထိိုသူတော်ကောင်းတို့ရဲ့ အဆုံးအမစကားနဲ့ သံသရာဝဋ်က လွတ်အောင် မဂ္ဂင်(၈)ပါးအကျင့် တရားကို ကျင့်ကြံကြိုးကုတ်အားထုတ်ခြင်းဖြင့် သာလျှင် ဆင်းရဲဒုက္ခအဆုံးသတ်နိုင်တယ်။

ကျေးဇူးတော်ရှင်် ပါချုပ်ဆရာတော်ဘုရားကြီ