ၾကားသိရသမွ်

ရန်ကုန်၊ လမ်းမတော် ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပြီး ….

ရန်ကုန်၊ လမ်းမတော် ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပြီး ကားတစ်စီးမီးလောင်နေ (ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရန်ကုန်၊ လမ်းမတော်မြို့နယ် ၊ ဘုန်းကြီးလမ်းနှင့်ကမ်းနားလမ်းဘက် ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး လမ်းမပေါ်တွင် ယနေ့ နံနက် ၈ နာရီ ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားပြီး ကားတစ်စီးမီးလောင်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ နံနက်ပိုင် ၈း၀၀ အချိန် ခန့် တွင်လမ်းမတော်မြို့နယ်၊ဘုန်းကြီးလမ်း၊ကမ်းနာလမ်းဘက်၊ထွေအုပ်ရုံး အနီးကျောက်လမ်းမပေါ် တွင် ဗုံးပေါက်ကွဲမှု ယခုအချိန် အထိ ၄ ကြိမ် မျှဖြစ်ပေါ် ခဲ့ပြီ ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားနေကြောင်း၊ ရဲနှင့်စစ်သားများက ကမ်းနားလမ်းကို ပိတ်ဆို့ထားပြီး မဆိုင်သူများ အပြင်မထွက်ရန် ပြည်သူများကို ဆဲဆိုခြိမ်းခြောက်နေကြောင်း လမ်းမတော်ပြည်သူတစ်ဦးက ပြောဆိုသည်။

“လမ်းထဲက စျေးသည်တွေလည်း ပြန်သိမ်းခိုင်းတယ်။ တိုက်ပေါ်က လူတွေလည်း မဆိုင်ရင် မဆင်းနဲ့ ခေါင်းပြူမကြည့်နဲ့ ပစ်ခံရမယ်ဆိုပြီး အော်ဟစ်ဆဲဆိုတယ်။ ကမ်းနားလမ်းကိုပိတ်ပြီး စစ်နေတယ် အခု” ဟု ဒေသခံတစ်ဦးက ဆိုသည်။

unicode




