ၾကားသိရသမွ်

အမေစုပြင်ခိုင်းထားတဲ့သမိုင်းဝင်ဓားကို ဂျပန်ဖောင်ဒေးရှင်းကပြင်ထားပြီးဓားပိုင်ရှင်ထံပြန်လည်ပေးအပ်ရန် စောင့်မျှော်

အမေစုပြင်ခိုင်းထားတဲ့ဓားကို ဂျပန်ဖောင်ဒေးရှင်းကပြင်ထားပြီးပြီ_တဲ့

ဂျပန်ဓားပညာရှင် ကတနှစ်တာကြာပြင်လိုက်ရတယ်_တဲ့

အမေစုအမြန်ထွက်လာဖို့ ဆုတောင်းရင်းဓားလေး ပြန်အပ်ရန်စောင့်နေကြ ပါတယ်၊

ဓားရဲ့ အရှည် 69.1 စင်တီမီတာရှိပြီးလက်ကိုင်တွင် အံဝင်ခွင်ကျရှိသော nakago ရေးထွင်းခြင်းမှာ

Ehime တွင် အခြေစိုက်တဲ့ Mr. Sadatsugu Takahashဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာ့တပ်မတော် ( မြန်မာနိုင်ငံ) တာဝန်ခံ ဗိုလ်ချုပ်အောင်ဆန်းအား ပေးအပ်ခဲ့တဲ့ဓားဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင်ဖြစ်သူ (လွတ်လပ်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ) ဗိုလ်ချုပ်အောင်ဆန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့တာပါ။

ယမန်နှစ်ဒေါ်အောင်ဆန်းစုကြည်က သိသိသာသာ သံချေးတက်နေတဲ့ ဂျပန်ဓားကို ပြုပြင်ဖိုး နိပွန်ဖောင်ဒေးရှင်းအား တောင်းဆိုခဲ့ပါတယ်။

အဲ့ဒါကြောင့်တာဝန်ယူထားသူတွေကSetouchi Cityမြို့မှာရှိတဲ့ Nagafune-cho ဓားခုတ်အလုပ်ရုံ

“Bizen Osafune Sword Village” သို့ ယူဆောင်လာခဲ့တာပါ၊

ဓားသွေးပညာရှင် Satoshi Yokoyama (49) ရဲ့ အဆိုအရ ဓားမှာ သံချေးဟာ အလွန်နက်ရှိုင်းပြီး

ဓါးကို မပတ်မိစေ‌အောင်တော်တော် သတိထား လုပ်ဆောင်ရတယ်။

ဓါးကိုပတ်ထားတဲ့အဖြူရောင်အစွပ်ကိုလည်း Sayashi က အသစ်ချုပ်ပတ်လိုက်ရတယ်။

ရှင်ပြန်ထမြောက်လာသောဓါး

Bizen-den နည်းပညာကို အထူးပြုသော မစ္စတာ Takahashi ရဲ့ဓား အမျိုးအစား

“လေးညှင်းပွင့်” ဟာ ပြန်လည်ပေါ်ပေါက်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်တဲ့ဒီသမိုင်းဝင်ဓား ဟာ

ဂျပန် ဓားခုတ်ကြွမ်းကျင်တဲ့နေရာမှာ နာမည်ကြီးတဲ့ အိုကာယာမစီရင်စု က

ဆီတိုချီမြို့ကိုယူဆောင်လာပြီးပြုပြင်ကြတာပါ၊ ပြည်တွင်းလက်မှုပညာသည်များရဲ့ကြိုးပန်းမှုကြောင့်

တစ်နှစ်တာကာလအတွင်းမှာပင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြီးစီးခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလကတည်းကဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ဒီလ 6 ရက်နေ့မှာ Nippon Foundation (Tokyo) သို့အပြီးပြန်လည် လွှဲပြောင်းပေးခဲ့တာပါ.

ဓားပြုပြင်သူ ဆရာများက ဓားပိုင်ရှင်ထံ ပြန်လည်ရောက်ရှိမယ့်နေ့ကို စောင့်မျှော်နေကြပါတယ်၊