ဆွစ်ဇာလန်နိုင်ငံက ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသမယ့် အကယ်ဒမီ မျိုးသန္တာထွန်း ပါဝင်ရိုက်ကူးထားတဲ့ ‘ပြေလျော့နွေ’ ရုပ်ရှင်ဇာတ်လမ်း
ဆွစ်ဇာလန်နိုင်ငံWinterthur ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသမယ့်ပြိုင်ပွဲဝင်ရုပ်ရှင်ဇာတ်လမ်းတို ပြေလျော့နွေ(သို့) Late Blooming In
A Lonely Summer Day ဟာသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ရဲ့အထီးကျန်တယ်လို့ ခံစားနေရတဲ့စိတ်အခြေအနေနဲ့ နေထိုင်ရတဲ့
နေ့ရက်တချို့ကို ပုံဖော်ရိုက်ကူးထားတဲ့မိနစ်၂၀စာဇာတ်လမ်းတိုရုပ်ရှင်လေးဖြစ်တယ်လို့သိရပါတယ်။
International Competition မှာရွေးချယ်ခံရတဲ့ ဇာတ်လမ်းဖြစ်ပြီးWinterthur ရုပ်ရှင်ပွဲတော်မှာပါ ပွဲဦးထွက်ပြသမယ့်ပြိုင်ပွဲဝင်ရုပ်ရှင်
ဇာတ်လမ်းတို ဖြစ်ပါတယ်။ပြေလျော့နွေဇာတ်လမ်းထဲမှာ သရုပ်ဆောင်ပိုင်းကိုငယ်ငယ်ကတည်းကသဘောကျပြီးကျရာဇာတ်ရုပ်ကိုပီပြင်
စွာသရုပ်ဆောင်နိုင်တဲ့မင်းသမီးကြီးမျိုးသန္တာထွန်းအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
မင်းသမီးမျိုးသန္တာထွန်းကိုယ်တိုင်လည်းဇာတ်လမ်းအတွက်ငွေကြေးမယူဘဲမေတ္တာဖြင့်သရုပ်ဆောင်ပေးထားတာလို့သိရပါတယ်။
ဒီဇာတ်လမ်းလေးထဲမှာ သရုပ်ဆောင်မင်းသမီးကြီးမျိုးသန္တာထွန်းဟာ သူမဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ်မိတ်ကပ်လုံးဝမလူးခဲ့ဘဲ
သဘာဝကျကျ သဘောဆောင်ထားတယ်လို့သိရပါတယ်။
ဆွစ်ဇာလန်နိုင်ငံWinterthur ရုပ်ရှင်ပွဲတော်မှာ ဝင်ပြိုင်ခွင့်ရတဲ့ဇာတ်လမ်းတွေထဲမှာ အာရှနိုင်ငံတွေအနေနဲ့ မြန်မာကတစ်ကား ထိုင်းနိုင်ငံ
ကတစ်ကား စုစုပေါင်း ၂ ကားသာ အရွေးချယ်ခံရခဲ့တာဖြစ်ပါတယ်။
မြန်မာလူမျိုးတွေရိုက်ထားတဲ့ မြန်မာအငွေ့အသက်တွေလွှမ်းခြုံနေတဲ့ဇာတ်လမ်းလေးတစ်ခုက အခုလိုကမ္ဘာကျော်သွားခဲ့တာကြောင့်
မြန်မာလူမျိုးတစ်ယောက်အနေနဲ့အရမ်းကိုဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ထပ်မံပြီးဆုတွေလည်း ရရှိလာစေဖို့ ဆုမွန်ကောင်း တောင်း
ပေးလိုက်ပါတယ်။ ခရက်ဒစ်
Zawgyi
ဆွစ်ဇာလန်နိုင်ငံက ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသမယ့် အကယ်ဒမီ မျိုးသန္တာထွန်း ပါဝင်ရိုက်ကူးထားတဲ့ ‘ပြေလျော့နွေ’ ရုပ်ရှင်ဇာတ်လမ်း
ဆွစ်ဇာလန်နိုင်ငံWinterthur ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသမယ့်ပြိုင်ပွဲဝင်ရုပ်ရှင်ဇာတ်လမ်းတို ပြေလျော့နွေ(သို့) Late Blooming In
A Lonely Summer Day ဟာသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ရဲ့အထီးကျန်တယ်လို့ ခံစားနေရတဲ့စိတ်အခြေအနေနဲ့ နေထိုင်ရတဲ့နေ့ရက်တချို့ကို ပုံဖော်ရိုက်ကူးထားတဲ့မိနစ်၂၀စာဇာတ်လမ်းတိုရုပ်ရှင်လေးဖြစ်တယ်လို့သိရပါတယ်။
International Competition မှာရွေးချယ်ခံရတဲ့ ဇာတ်လမ်းဖြစ်ပြီးWinterthur ရုပ်ရှင်ပွဲတော်မှာပါ ပွဲဦးထွက်ပြသမယ့်ပြိုင်ပွဲဝင်ရုပ်ရှင်ဇာတ်လမ်းတို ဖြစ်ပါတယ်။ပြေလျော့နွေဇာတ်လမ်းထဲမှာ သရုပ်ဆောင်ပိုင်းကို
ငယ်ငယ်ကတည်းကသဘောကျပြီးကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့မင်းသမီးကြီးမျိုးသန္တာထွန်းအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
မင်းသမီးမျိုးသန္တာထွန်းကိုယ်တိုင်လည်းဇာတ်လမ်းအတွက်ငွေကြေးမယူဘဲမေတ္တာဖြင့်သရုပ်ဆောင်ပေးထားတာလို့သိရပါတယ်။
ဒီဇာတ်လမ်းလေးထဲမှာ သရုပ်ဆောင်မင်းသမီးကြီးမျိုးသန္တာထွန်းဟာ သူမဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ်မိတ်ကပ်လုံးဝမလူးခဲ့ဘဲ သဘာဝကျကျ သဘောဆောင်ထားတယ်လို့သိရပါတယ်။
ဆွစ်ဇာလန်နိုင်ငံWinterthur ရုပ်ရှင်ပွဲတော်မှာ ဝင်ပြိုင်ခွင့်ရတဲ့ဇာတ်လမ်းတွေထဲမှာ အာရှနိုင်ငံတွေအနေနဲ့ မြန်မာကတစ်ကား ထိုင်းနိုင်ငံကတစ်ကား စုစုပေါင်း ၂ ကားသာ အရွေးချယ်ခံရခဲ့တာဖြစ်ပါတယ်။
မြန်မာလူမျိုးတွေရိုက်ထားတဲ့ မြန်မာအငွေ့အသက်တွေလွှမ်းခြုံနေတဲ့ဇာတ်လမ်းလေးတစ်ခုက အခုလိုကမ္ဘာကျော်သွားခဲ့
တာကြောင့်မြန်မာလူမျိုးတစ်ယောက်အနေနဲ့အရမ်းကိုဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ထပ်မံပြီးဆုတွေလည်း ရရှိလာစေဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်