ၾကားသိရသမွ်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို တရားသူကြီးက ငိုယိုပြီး ပြန်တောင်ပန်

ကရင်ပြည်နယ်ဝန်ကြီးချုပ် အနောနန်းခင်ထွေးမြင့်ကို စစ်ကောင်စီရဲ့ မတရားသူကြီးက ထောင်နှစ် (၇၀) ကျော်ချမှတ်ကြောင်း စီရင်ချအပြီးမှာ ရုံးမှပြန်မထွက်ခင် ဝန်ကြီးချုပ်ထံ ငိုယိုတောင်းပန်တယ်လို့ ဆိုပါတယ်။

စစ်တပ်က မဟုတ်မမှန် စွဲဆိုထားတဲ့အမှု ၅ မှုအတွက် တမှုကို ထောင်ဒဏ် ၁၅ နှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၇၅ နှစ်ချလိုက်တာပါ။

ဒါ့အပြင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အမှုကို တရားခွင်အတွင်း စစ်ဆေးရာတွင် ၎င်းကို တရားသူကြီးက “ခွင့်လွှတ်ပေးရန်” ဝန်ချတောင်းပန်ပြီးမှ အမှုကို စတင်စစ်ဆေးလေ့ရှိကြောင်း ဝန်ကြီးချုပ်အမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့သူ ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောဆိုကြောင်း မဇ္ဈိမသတင်းမှာ ဖော်ပြထားပါတယ်။

“အမှုကို စပြီးစစ်ကတည်းက တရားသူကြီးတွေက သူတို့ကို ဒါနဲ့ပတ်သက်ပြီးတော့ ခွင့်လွှတ်ပေးဖို့ တာဝန်ထမ်း ဆောင်နေတဲ့နေရာမှာ အလုပ်သဘောအရ ရှင်းရှင်းပြောရရင်တော့ မလုပ်ချင်ဘဲနဲ့ လုပ်နေရတဲ့သဘောမျိုး ခိုင်းလို့သာလုပ်ရတဲ့ ပုံစံမျိုးနဲ့ အမှုစစ်ရတယ်ဆိုတဲ့ အနေအထားမျိုးပါ။ ယခင်ကတည်းက တရားသူကြီးတွေက အမှုစစ်တဲ့အခါမှာ ခွင့်လွှတ်ပေးဖို့ အမြဲတမ်းတောင်းပန်ပြီးမှ အမှုစစ်တယ်။ အဲဒီလို မြင်ကွင်းက ရိုးနေလောက်အောင်ကို (တရားခွင်အတွင်း) တွေ့ခဲ့ရတယ် ” ဟု ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောသည်။

တရားခွင်အတွင်းက ထိုမြင်ကွင်းများသည် ရှေ့နေလုပ်လာသည့် သက်တမ်းတစ်လျှောက် တစ်ခါမှ မကြုံစဖူး၊ မမြင်ဖူးသော မြင်ကွင်းများ ဖြစ်သည်ဟုလည်း ရှေ့နေ ဦးဇော်မင်းလှိုင်က မှတ်ချက်ပေးသည်။

“တရားခွင်မှာ တစ်သက်လုံး မြင်လာခဲ့ရတဲ့အတွေ့အကြုံအရဆိုရင် တရားလိုက လာထွက်တယ်။ ဒီလိုထောင်ကျ စေချင်လို့ လာထွက်ဆိုတာ၊ မျက်နှာခပ်တင်းတင်းနဲ့ ကန့်လန့်တွေကြီးပဲ ထွက်တာပဲ မြင်ခဲ့ရဖူးတဲ့အမှုတွေ၊ အခုက အဲလိုမဟုတ်ဘူး။ အရင်ဆုံးဝန်ကြီးချုပ်ကို ရှိခိုးပြီးတော့မှ ကျမ်းကိုင်ပြီးတော့ သက်သေထွက်ဆိုတဲ့ ပုံစံမျိုး၊ အဲတာတရားလိုနဲ့ တရားလိုပြသက်သေ အားလုံးလိုလို ဒီလိုလုပ်ပြီးမှ သက်သေထွက်သွားတာကို တစ်သက်နဲ့ တစ်ကိုယ် မမြင်ဖူးတဲ့ မြင်ကွင်း အဲလိုမြင်ရတယ်” ဟု ရှေ့နေက ပြောသည်။

အလားတူ ကရင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးသန်းနိုင်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်နှစ် ၉၀ မတရားချမှတ်လိုက်တယ်လို့ ကနဦးသိရပါတယ်။ အရင်ကျ ချလိုက်တဲ့ ၅၀၅(ခ) (၂) နှစ်နဲ့ပေါင်းရင် ၉၂ နှစ်ပါ။

စစ်တပ်က မဟုတ်မမှန်စွပ်စွဲထားတဲ့အဂတိလိုက်စားမှုအပါအဝင် စွဲချက်တွေနဲ့ အမှု ၁ ခုကို ထောင်ဒဏ် ၁၅ နှစ်စီနဲ့ အမှု ၆ မှု စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် နှစ် ၉၀ ချမှတ်လိုက်ပါတယ်။

အမှန်တရားကို တကယ်မြတ်နိုးရင် CDM လုပ်လိုက်လို့ရပါတယ်။ တရားရေးလောက CDM ရာခိုင်နှုန်းဆိုတာ အလွန်နည်းပါတယ်။ မျက်ရည်ခံထိုးရုံနဲ့ စစ်ရာဇဝတ်မှုစာရင်း စက်ကွင်းကနေ မလွတ်နိုင်ပါ။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် လက်ရှိမှာ အသက် ၆၇ နှစ်အရွယ်ရှိပြီး ဘားအံအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည်။