အချိန် နှစ်မိနစ်ထဲနဲ့ သွားတွေကိုဖြူဖွေးတောက်ပလာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း
လှပတဲ့အပြုံးတပွင့်ဟာ လူတစ်ယောက်ရဲ့ အဓိကကျတဲ့လက်နက်တစ်ခုပါပဲ။
ဒီလိုလှပတဲ့အပြုံးတပွင့်ကို ပိုင်ဆိုင်ဖို့ဆိုတာ သွားတွေရဲ့အလှတရား မပါပဲ ဖြစ်နိုင်မှာမဟုတ်ပါဘူး။
တကယ်လို့ သင့်ရဲ့သွားတွေလှပလာစေဖို့အတွက် သွားဆေးခန်းမှာ ပိုက်ဆံတွေအများကြီးမသုံးချင်ဘူးဆိုရင် အိမ်မှာပဲသွားတွေကို ဖြူဖွေးလှပလာအောင် ပြုလုပ်လို့ရပါတယ်။
ကော်ဖီသောက်ခြင်းနဲ့ ဆေးလိပ်၊ ကွမ်း စတာတွေဟာ သွားတွေကိုဝါစေတဲ့
အဓိကပြဿနာတွေဖြစ်ပြီး သွားတွေရဲ့ကြွေလွှာကိုသာမက အတွင်းသွားရိုးရဲ့သဘာဝအရောင်ကိုပါ ထိခိုက်စေပါတယ်။
ဒါ့ကြောင့် သွားတွေကိုဖြူဖွေးတောက်ပစေဖို့သွားဆေးခန်းမှာဂျီးချွတ်တာတွေ သွားခြစ်တာတွေပြုလုပ်ရင်တောင်မှခဏတာပဲဖြူဖွေးတောက်ပစေသလို သွားကျင်ခြင်းဝေဒနာကိုလည်း ခံစားရစေနိုင်ပါတယ်။
ဒီလိုငွေကြေးကုန်ကျမှုနည်းပါးပြီး သဘာဝအတိုင်း သွားတွေကိုလှပလာစေဖို့အတွက်ဆိုရင် ပါဝင်ပစ္စည်းနှစ်မျိုးတည်းပါတဲ့ အိမ်တွင်းကုထုံးတစ်ခုနဲ့ စမ်းကြည့်စေချင်ပါတယ်။
၁။ မုတ်ဖုတ်ဆိုဒါ
၂။ အုန်းဆီ
နည်းလမ်းက ရိုးရှင်းပါတယ် မုတ်ဖုတ်ဆိုဒါကို အုန်းဆီနဲ့ခပ်ပျစ်ပျစ်လေး ရောနှောလိုက်ပါ။
ပြီးလျှင်သွားတိုက်ဆေးသဖွယ်အသုံးပြုပြီး သွားပွတ်တံနဲ့ သင့်ရဲ့သွားတွေကို ဖြည်းညင်းစွာပွတ်တိုက်ပေးပါ။
သွားတိုက်ပြီးရင် ပလုတ်မကျင်းသေးပဲ တစ်မိနစ်လောက်ထားပေးပါ။ သွားတိုက်တဲ့အခါ သွားဖုံးတွေကို မထိအောင်ဂရုစိုက်ပေးပါ။
ရေအနည်းငယ်ရောနှောပြီးတော့လည်း အသုံးပြုပေးနိုင်ပါတယ်။
ဒါပေမယ်ရေရောပြီးရင်တော့ သုံးမိနစ်အတွင်းအသုံးပြုပေးဖို့ လိုအပ်ပါတယ်။
မုတ်ဖုတ်ဆိုဒါ (Baking soda ) ကို ချက်ပြုတ်ကြော်လှော်ရာတွင်သာမက ဆေးပညာနဲ့အလှကုန်ပစ္စည်းထုတ်လုပ်တဲ့နေရာတွေမှာပါ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။
မုတ်ဖုတ်ဆိုဒါရဲ့ နူးညံ့တဲ့တိုက်စားမှုက သွားတွေရဲ့ကြွေလွှာတွေကို သန့်ရှင်းစေဖို့များစွာအထောက်အကူဖြစ်စေပါတယ်။ မုတ်ဖုတ်ဆိုဒါဟာ များပြားတဲ့အယ်ကာလီသဘာဝရှိတာကြောင့် ခံတွင်းမှာအချဉ်ဓါတ်ပပျောက်စေဖို့နဲ့ pH level ကိုပုံမှန်ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။
အုန်းဆီဟာ အရေပြားနဲ့ ဆံသားတွေအတွက် ကောင်းမွန်စေရုံသာမက အညစ်အကြေးတွေကိုသန့်စင်ခြင်း၊ သွားချေးနဲ့ ကျောက်တည်ခြင်းကို ပျော်ဝင်စေခြင်း၊
ပိုးမွှားတွေကိုဖယ်ရှားပေးနိုင်ခြင်း စတဲ့ အစွမ်းသတ္တိတွေ ရှိနေပါတယ်။ သွားပိုးစားခြင်းကို တာဆီးဖို့အတွက်လည်း အုန်းဆီကိုအသုံးပြုလို့ရပါသေးတယ်။
အုန်းဆီကိုအသုံးပြုဖို့အတွက် ကန့်သတ်ချက်မရှိပဲ မကြာခဏ သင်လုပ်ချင်သလောက်အသုံးပြုလို့ရပါတယ်။