က်မၼာေရး ဗဟုသုတ

မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကိုစားပေးသင့်တဲ့အကြောင်းအရင်း

မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကိုစားပေးသင့်တဲ့အကြောင်းအရင်း

မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကို စားထားရင် အဲဒီတစ်လ လုံးလေမဖြတ်တော့ဘူးလို့ ရှေးရိုးစကားရှိပါတယ်။ရှောက်ရွက် ကိုကြက်သွန်ဖြူ ၊ငြုပ်ကောင်းတို့နဲ့ဟင်းခါးချက်ပြီးအမြဲတမ်းသောက်ပေးရင် လေငန်းရောဂါပျောက် ပါတယ်။

ဒါတင်ပဲလား? မဟုတ်ပါဘူး၊ကမ္ဘာပေါ်မှ ာအဖြစ်များပြီး၊အပျောက်နည်းတဲ့ ကင်ဆာရောဂါ ကိုလည်းကာကွယ်ပေး ပါတယ်၊ ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင်ကူညီပေးပါတယ်။

မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကိုစားပေးသင့်တဲ့အကြောင်းအရင်း

တစ်ပတ်ကို ၃/၄ ကြိမ်စားသုံးပေးရုံနဲ့ ကြိုတင်ကာ ကွယ်ပြီးသားဖြစ်သွားပါ လိမ့်မယ်။ရှောက်ရွက်မှာ စိတ်ဖိစီးမှုကိုလျှော့ ချနိုင်တဲ့ Astsiri အဆီဓာတ် တစ်မျိုးပါဝင်ပြီး သူ့ အနံ့က ဦးနှောက်ကို စိတ်ဖိစီးမှု လျော့ချတဲ့ ဟော်မှုန်းတစ်မျိုး ထုတ်လုပ်အောင် နှိုးဆွပေးတဲ့အတွက် စိတ်ဖိစီးမှုဒဏ်ခံနေရသူများ အထူးစားသုံးသင့်ပါတယ်။

ရှောက်ရွက်မှာ ပိုးသတ်ဆေးလိုမျိုး ပိုးမွှားတွေကိုသေစေနိုင် တဲ့အစွမ်းလည်းရှိ တဲ့အတွက် ဖျားနာနေရင် ဒါမှမဟုတ် ကိုယ်ခံအားကျ ဆင်းနေရင် ရှောက်ရွက်ကို စားသုံးသင့်ပါတယ်။ပွက်ပွက်ဆူနေတဲ့ရေထဲကို ရှောက်ရွက်ခပ်ပြီး မနက်မိုးလင် းမှာသောက်ရင် ကိုယ်ခံအား ကိုမြှင့်တင်ပေး ပါတယ်။

မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကိုစားပေးသင့်တဲ့အကြောင်းအရင်း

အဝလွန်၊အနေခက်၊ အလှပျက်ကာ အဆီပို၊ ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေ၊ ခါးသေးရင်ချီ၊ စလင်းဘော်ဒီဖြစ်ပြီး လူတကာတွေ ပြန်လှည့်ငေးရလောက်အောင်ဖြစ်ချင် ရင်တော့လွယ်ပါတယ်။

ပုလင်းလွတ် တစ်လုံးမှာ ရှောက်ရွက် (အရင့်) ၁၁ ရွက် (တချို့က ၉ ရွက်)ကိုထည့်၊ သကြားစားပွဲတင်ဇွန်း သုံးဇွန်း နဲ့ရေကျက်အေး(ရေသန့်လည်းရ) အပြည့်ဖြည့်၊လုံအောင်ပိတ်ပြီး နေပူပူမှာ ၁၁ ရက်လောက်နေလှန်းလိုက်ပါ။

ရက်ပြည့်သွားရင် မနက်တစ်ကြိမ်၊ညတစ်ကြိမ်(ပုလင်းလှုပ်ပြီး) လက်ဖက်ရည်ကြမ်း ပန်းကန်လုံး တစ်ဝက်လောက် နေ့စဉ်မှန် မှန်သောက် သွားပေးရင် တစ်လနှစ်လ အတွင်းမှာ အသားအရေစစ်သွားပြီး၊ အများငေးတဲ့ အလှပဂေး ဘော်ဒီလေးရသွားပါ လိမ့်မယ်။

ဒါ့အပြင်အသည်းအဆီဖုံးတာတွေ၊ နှလုံးအဆီပိတ် တာတွေ လည်းမဖြစ်တော့ပါဘူး။အချိန်မ ရလို့ မလုပ်ဖြစ်ခဲ့ ရင်တောင်မှ အနည်းဆုံး တို့စရာအဖြစ် စားသုံးကြပါ။ အပြုတ်တွေ၊ ဟင်းချိုတွေထဲမှာ မီးဖိုပေါ်က ချခါနီး ခပ်သောက်ကြပါ။

အသုတ်တွေထဲမှာ လှီးထည့်ပြီး စားကြပါ။ ထမင်းကြော်စားတဲ့နေ ရာမှာလည်း(အနံ့လေးမွှေးအောင်) ရှောက် ရွက်လေးကို ညှပ်ထည့်ပြီး ကြော်စားကြပါလို့ တိုက်တွန်းလိုက် ရပါတယ် ။

ျမန္မာလဆန္းရက္မွာ ေရွာက္ရြက္ကိုစားေပးသင့္တဲ့အေၾကာင္းအရင္း

ျမန္မာလဆန္းရက္မွာ ေရွာက္ရြက္ကို စားထားရင္ အဲဒီတစ္လ လုံးေလမျဖတ္ေတာ့ဘူးလို႔ ေရွးရိုးစကားရွိပါတယ္။ေရွာက္ရြက္ ကိုၾကက္သြန္ျဖဴ ၊ျငဳပ္ေကာင္းတို႔နဲ႔ဟင္းခါးခ်က္ၿပီးအျမဲတမ္းေသာက္ေပးရင္ ေလငန္းေရာဂါေပ်ာက္ ပါတယ္။

ဒါတင္ပဲလား? မဟုတ္ပါဘူး၊ကမၻာေပၚမွ ာအျဖစ္မ်ားၿပီး၊အေပ်ာက္နည္းတဲ့ ကင္ဆာေရာဂါ ကိုလည္းကာကြယ္ေပး ပါတယ္၊ ေရွာက္ရြက္ဟာ ကင္ဆာဆဲလ္ေတြကို ခႏၶာကိုယ္ထဲမွာ မႀကီးထြားနိုင္ေအာင္ကူညီေပးပါတယ္။

ျမန္မာလဆန္းရက္မွာ ေရွာက္ရြက္ကိုစားေပးသင့္တဲ့အေၾကာင္းအရင္း

တစ္ပတ္ကို ၃/၄ ႀကိမ္စားသုံးေပး႐ုံနဲ႔ ႀကိဳတင္ကာ ကြယ္ၿပီးသားျဖစ္သြားပါ လိမ့္မယ္။ေရွာက္ရြက္မွာ စိတ္ဖိစီးမႈကိုေလၽွာ့ ခ်နိုင္တဲ့ Astsiri အဆီဓာတ္ တစ္မ်ိဳးပါဝင္ၿပီး သူ႔ အနံ့က ဦးေႏွာက္ကို စိတ္ဖိစီးမႈ ေလ်ာ့ခ်တဲ့ ေဟာ္မႈန္းတစ္မ်ိဳး ထုတ္လုပ္ေအာင္ ႏွိုးဆြေပးတဲ့အတြက္ စိတ္ဖိစီးမႈဒဏ္ခံေနရသူမ်ား အထူးစားသုံးသင့္ပါတယ္။

ေရွာက္ရြက္မွာ ပိုးသတ္ေဆးလိုမ်ိဳး ပိုးမႊားေတြကိုေသေစနိုင္ တဲ့အစြမ္းလည္းရွိ တဲ့အတြက္ ဖ်ားနာေနရင္ ဒါမွမဟုတ္ ကိုယ္ခံအားက် ဆင္းေနရင္ ေရွာက္ရြက္ကို စားသုံးသင့္ပါတယ္။ပြက္ပြက္ဆူေနတဲ့ေရထဲကို ေရွာက္ရြက္ခပ္ၿပီး မနက္မိုးလင္ းမွာေသာက္ရင္ ကိုယ္ခံအား ကိုျမႇင့္တင္ေပး ပါတယ္။

ျမန္မာလဆန္းရက္မွာ ေရွာက္ရြက္ကိုစားေပးသင့္တဲ့အေၾကာင္းအရင္း

အဝလြန္၊အေနခက္၊ အလွပ်က္ကာ အဆီပို၊ ဗိုက္ေခါက္ထူေနၾကတဲ့ အမ်ိဳးသမီးေတြ၊ ခါးေသးရင္ခ်ီ၊ စလင္းေဘာ္ဒီျဖစ္ၿပီး လူတကာေတြ ျပန္လွည့္ေငးရေလာက္ေအာင္ျဖစ္ခ်င္ ရင္ေတာ့လြယ္ပါတယ္။

ပုလင္းလြတ္ တစ္လုံးမွာ ေရွာက္ရြက္ (အရင့္) ၁၁ ရြက္ (တခ်ိဳ႕က ၉ ရြက္)ကိုထည့္၊ သၾကားစားပြဲတင္ဇြန္း သုံးဇြန္း နဲ႔ေရက်က္ေအး(ေရသန႔္လည္းရ) အျပည့္ျဖည့္၊လုံေအာင္ပိတ္ၿပီး ေနပူပူမွာ ၁၁ ရက္ေလာက္ေနလွန္းလိုက္ပါ။

ရက္ျပည့္သြားရင္ မနက္တစ္ႀကိမ္၊ညတစ္ႀကိမ္(ပုလင္းလႈပ္ၿပီး) လက္ဖက္ရည္ၾကမ္း ပန္းကန္လုံး တစ္ဝက္ေလာက္ ေန႔စဥ္မွန္ မွန္ေသာက္ သြားေပးရင္ တစ္လႏွစ္လ အတြင္းမွာ အသားအေရစစ္သြားၿပီး၊ အမ်ားေငးတဲ့ အလွပေဂး ေဘာ္ဒီေလးရသြားပါ လိမ့္မယ္။

ဒါ့အျပင္အသည္းအဆီဖုံးတာေတြ၊ ႏွလုံးအဆီပိတ္ တာေတြ လည္းမျဖစ္ေတာ့ပါဘူး။အခ်ိန္မ ရလို႔ မလုပ္ျဖစ္ခဲ့ ရင္ေတာင္မွ အနည္းဆုံး တို႔စရာအျဖစ္ စားသုံးၾကပါ။ အျပဳတ္ေတြ၊ ဟင္းခ်ိဳေတြထဲမွာ မီးဖိုေပၚက ခ်ခါနီး ခပ္ေသာက္ၾကပါ။

အသုတ္ေတြထဲမွာ လွီးထည့္ၿပီး စားၾကပါ။ ထမင္းေၾကာ္စားတဲ့ေန ရာမွာလည္း(အနံ့ေလးေမႊးေအာင္) ေရွာက္ ရြက္ေလးကို ညႇပ္ထည့္ၿပီး ေၾကာ္စားၾကပါလို႔ တိုက္တြန္းလိုက္ ရပါတယ္ ။