မအလ စကစဟာ NLD နဲ့ DASSK တို့ကိုပါ အငြိုးထား ခြင်းမဟုတ်ပဲ ပြည်သူကိုပါ တန်းတူထား အငြို့းတေးနဲ့ လုပ်ဆောင် ဖိနှိပ်နေသည်ဆိုတာ သတိပြုပါ
သို့ဆို ရွေဝါရောင်အရေးခင်းလေး ဖြစ်တာတောင် သန်းရွှေမိန်းမ မိကြိုင်က ဒူဘိုင်းကို ချက်ခြင်းပြေးလျှင် ယခု မအလ မိန်းမနဲ့ သားသမီးတွေ ဘာကြောင့် မပြေးလဲဆို _ စဉ်းစားရပါမယ်
အကြောင်းက မအလဟာ ခေါင်းမရှိ အရည်ချင်းမရှိတဲ့ ဉာဏ်တုံးမို့ မိန်းမရော သားရောက အနီးကပ် control လုပ် ထိန်းကြောင်းပေးနေသည်ဆိုတာ သိပါ သူတို့ရှိနေ၍သာ မအလ ခုထိ ခံသာနေတယ်ဆိုတာ သိပါ
ဒိီတော့ ခု လက်ရှိ ကမ္ဘာ့မြန်မာ့ဖြစ်စဉ်ရဲ့ လက်ရှိ ပကတိအခြေနေတွေ လေ့လာကြည့်သော် !မှတ်ချက်။ မိမိအမြင်အရ ဘိုင်ဒန်ကို အားမရပါ ထရန့်ဆို စကားလုံးတစ်လုံးနဲ့ပြီးလေသည်ဟု ၊ သို့ကြောင့် ပုဂ္ဂိုလ်စွဲ မပါအောင်ထက် တဖက်ကို ယတိပြတ် ဆုံးဖြတ်ချက်ချ သုံးသပ်၍ မရပဲ ခွချက်ဖြင့် သုံးသပ်ခန့်မှန်းနေရလေသည် ထိုသည်ပင် ဘိုင်ဒန်လုပ်ဆောင်မှုအပေါ် ယုံကြည်မှု လျော့နည်းနေသည်ဆိုတာ သိပါဟု ဆိုချင်သည် သို့ဆို ..
(၁)USထက် UK ပြင်သစ်က မြန်မာ့အရေးကို ပိုဦးစားပေး လုပ်ဆောင်လာနေ၍ ထိုသည်ပင် ရေးပြခဲ့ပြီးသလို ဘိုင်ဒန်သည် ချီးနားအောက် ရောက်နေ၍လား သို့ အပေးယူကြောင့် လက်ရှောင်ပြီး နောက်ကွယ်မှနေသာ တိုက်စစ်ပြုပြီး UK ပြင်သစ်ကို ရှေ့ပို့ ထိုးစစ်ဆင်လေသည်လားဆိုတာ စဉ်းစားဖွယ်ရာပါပဲဟု
အကြောင်းက US ဟာ ချီးနားနဲ့
– ထိုင်၀မ် – မြန်မာ – တောင်ပင်လယ် – ကိုဗစ်အကြွေး စသည့် အရေးများတွင်သာမကပဲ အခြားနေရာ ကဏ္ဍတွေမှာပါ ထိတ်တိုက်တွေ့လာနေ၍ ထိုအတွက် W3 အဆင့်စစ်ရေး သို့ V attack ကို ဆက်လျက် မတွေ့ ရှောင်လို၍ ယခုလိုတွေ လုပ်ဆောင်နေသလားဆိုတာ (ဘိုင်ဒန်အားပျော့မှု)
ထိုအတွက် ထိုင်၀မ်ကေ့လည်း သေချာကြည့်ပါ US ကာဗာလုပ်ထားတယ်ဆိုပေမယ့် EU နဲ့ UK ပြင်သစ် ဂျပန်အပါ၀င် နိုင်ငံစုံကသာ US ထက် ပိုပြီး ရှေ့ကနေ ရပ်တည်လုပ်ဆောင်ပေးနေကြတယ်ဆိုတာနဲ့ ရံဖန်ကာ ချီးနား ကျုးကျော် ခြိမ်းခြောက်မှသာ US ရှေ့ထွက်လာပြီး ပြန်ဖြဲပြနေတယ်ဆိုတာ
သို့ကြောင့် ဘိုင်ဒန်၏ လုပ်ဆောင်မှုအပေါ် သံသယ၀င်ပြီး ထရန့်လောက်မပြတ်သားဟု မြင်မိ၍ ဒါသည်ပင် သူကျွမ်းကျင်တဲ့ Soft Power ကို အသုံးပြုပြီး ချီးနားကို တန်ပြန်နေသလားဆိုတာနဲ့ ဘာ အပေးယူ အားနည်းချက်တွေ ရှိနေ၍ ဘိုင်ဒန်မပြတ်သားနဲ့ အိပဲ့စွာ ခြေလှမ်းနေသလဲဆိုတာ တွေးဆ မှန်းဆရ ခက်နေသည်ဟု
(၂) NUGက စစ်ရေးထက် နိုင်ငံရေးကို ပိုဦးစားပေးလုပ်နေပေမယ့် နိုဝင်ဘာ ၂၂ တရုတ်-အာဆီယံ အစည်းအဝေးနဲ့ ၂၆ UN အစည်းဝေးတွေပြီးရင် စစ်ရေးအတွက် တစုံတရာ ချမှတ်နိုင်မည်ဟု မျှော်လင့်တယ် ထိုအတွက် စစ်ရေးဘက်မှာ NUG , PDF , Eaos တွေ ပူးပေါင်းလုပ်ဆောင်နေတာ တွေ့ရတယ်
မချလည်း မရတော့ဘူး ကမ္ဘာကြီးက မမျှတစွာ ဘက်လိုက်နေရင် ရူးယောင်ဆောင် ချီးနားအလိုကျ စကစပဲ နောက်ကွယ်ကနေ ပြုတ်မကျအောင် လုပ်ဆောင်နေလျှင် ပြည်သူဟာ NUG အပေါ်ကိုပဲ အပြစ်ဆိုဝေဖန်ပြီး ထကြွလာတော့မှာပဲ ဖြစ်လေသည်
သိူ့ဆို ထိုအချိန်ကျရင် NUG စစ်ရေးဘက်သို့ ဦးစားပေးလုပ်ဆောင်ပြီး စကစကို ဖြိုဖို့ စတင်ကြံစရတော့မည်ဆိုတာ မဟုတ် ပြည်သူ PDF များနဲ့ အကွဲပြဲသို့ NUG ကို စောင့်နေ ,လက်မခံပဲ စစ်ရေးကို ကိုယ်တိုင်သာ တိုက်ပွဲတွေ ဆက်လျက် နွှဲနေကြမည်ဆိုတာ
(၃) ဆွန်ကောရှန်၏ Do or Die … ဇာတ်လမ်းကားတွေထဲမှာ အမှုလိုက်တဲ့ အရာရှိ ရဲမှုး CIA စသည့် အကောင်ကြီးတွေကိုယ်၌က နောက်ဆုံးဇာတ်သိမ်းမှာ မှုးယစ်ဂိုဏ်းချုပ်တို့ ရာဇဝတ်ကောင်တွေအဖြစ် ယခုဇာတ်လမ်းကို ဖန်တီးကြသူတွေဆိုတာ တွေ့ဘူးကြမှာပါ
သဘောက ယခု အမှုကို မဖြစ်စေချင် ကာကွယ်ဟန်လုပ်နေပြီး တကယ်လုပ်ဆောင် ဖြစ်စေချင်လို့ ပုံဖော်ဖန်တီးနေသူတွေဆိုတာ သူတိူ့ကိုယ်၌ပဲဆိုတာ သိစေချင်တာ ဒီတော့ခုလည်းဆွန်ကောရှန်လာခြင်းဟာ မအလကို Do or Die ရွေးခိုင်းပုံရပါတယ် အကြောင်းက နောက်ဆုံးအဆင့် ထွက်ပေါက်ပိတ်မိနေတဲ့ မအလရယ် သူတို့ကိုယ်၌ ထိုင်၀မ်ကိစ္စကို သိပ်အောင်မြင်အောင် ဖိအားပေးနိုင်အောင် မစွမ်းဆောင်နိုင်လို့ပဲ ဖြစ်သည်
အကြောင်းက လက်ရှိထိုင်၀မ်ဘက်တွင် US နဲ့ EU တို့ ထောက်ခံအားပေး အလုံးစုံ ရပ်တည်နေကြသည်ကို ချီးနားစစ်ရေးနဲ့ ခြိမ်းခြောက်ပြလည်း ပွဲမတိုးတော့ဘူးဟု ယူဆ၍ (ဘိုင်ဒန်နဲ့ ဆွေးနွေးပွဲရှိ၍ ခဏရပ်ထားခြင်းလည်း ဖြစ်မည်)
ဆွန်ကောရှန်တို့ တနည်းသာကောသာ၀ထွက်ပေါက်အတွက် ထိုင်၀မ်ထက် မြန်မာကိုတည်ပြီး တစုံတရာ လုပ်လာနိုင်၍ အားလုံးသတိထားကြဖို့လိုလေသည်ဆိုတာ ထိုအတွက် ရေးခဲ့ပြီးသော W3 ထွက်ပေါက်အတွက်
ချီးနားဟာ စစ်ရေးအားဖြင့် မရ၍ သူကျွမ်းကျင် လက်ရှိထိ အောင်မြင်နေတဲ့ V attack ဖြင့်သာ ဆက်လျက် ထိုးစစ်နိုင်ဖို့အတွက် မြန်မာကို ဦးဆောင်ကူညီပေးနေပြီး ချီးနားကိုပါချဲ့လန့်လုပ်နေသည့် ပြင်သစ်မှာ 4Wave စတင်နေခြင်းနဲ့အတူ တကမ္ဘာလုံးကို ပြန်ထိန်းချုပ် အလုပ်ရှုပ် ပျက်ကာ သူ့နိုင်ငံ ထွက်ပေါက်နဲ့ အဆင်ပြေစေဖို့ ထပ်ဖန်တီးလာနိုင်သည်ဆိုတာ
သို့ဆို ထိုအချိန် မြန်မာ ထိုင်၀မ်အရေးများနဲ့ သူ့အပေါ် ကျရောက်နေတဲ့ ဖိအားများလည်း သက်သာသွားပြီး ထိုအချိန် သူတိူ့ဆက်လျက် ခေါင်းထောင်နိုင်ဖို့ ကြိုးစားကြအုံးမည်ဆိုတာနဲ့ အချိန်ဆွဲ လက်မလွတ်ဖို့ရယ်ထိုချိန်ဆို ကျဆင်းနေတဲ့ သူ့ပြည်တွင်းစီးပွားရေးကို ကုန်သွယ်မှုနဲ့ ပြန်ဆွဲတင်နိုင်မည်ဆိုတာ ရှေ့ကိုဗစ်လှိုင်းတွေမှာ တကမ္ဘာလုံး ဒုက္ခရောက် ရိုက်ခတ်နေချိန် သူ့ကုန်သွယ် ထုတ်လုပ်မှု့နဲ့ အကျိုးမြတ်တွေ များစွာ ရရှိခဲ့ကြသည်ကို မျက်မြင် တွေ့ရှိပြီးကြပြီး ဖြစ်လေသည်
သို့ကြောင့် ချီးနားထွက်ပေါက် 4wave ကို အထူးဂရုစိုက်ကြပါဟု အသိပေးရင်း ဆွန်ကောရှန်ရဲ့ Do or Die ခရီးစဉ်ကို သတိထားကြပါဟု
(၄)ဂျပန်က စစ်သံမှူး ၄ဦးခန့်တဲ့ … ဒီကေ့ဟာ ရိုးရှင်းပါတယ် ပြည်သူတွေ တွေးထင်နေသလို ဂျပန်ဟာ သစ္စာဖောက်တာ မဟုတ်ပါဘူး အကြောင်းက ဒါနိုင်ငံရေးပါ
ဘာကြောင့်ဆိုတော့ ဂျပန်တွေပြောဖူးတယ် မအလစကစကို ချီးနားအောက် အလုံးစုံ မကျရောက်သွားဖို့အတွက် အန္ဒိယနဲ့ ဂျပန်ဟာ ပြည်တွင်းထဲမှာ ရှိတဲ့ မူလစီမံကိန်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အကျိုးစီးပွားတချို့ကို လက်လွတ်ခံလို့မရသေးပဲ ဆက်လျက် လုပ်ဆောင်နေရပါတယ်တဲ့
ဒီသဘောတရားဟုတ်လားဆို အကြောင်းပြချက်မဟုတ်ပဲ မှန်ကန်နေတာကိုတွေ့ရလေသည် အကြောင်းက အချို့အရာတွေကို အရေးယူပိတ်စို့သည်ဟုဆိုပြီး ယတိပြတ်ရပ်တန့်လိုက်လျှင် ချီးနားအကြိုက်ဖြစ်သွားပြီး အလုံးစုံသိမ်းပိုက်လို့ စကစဟာ ချီးနားအောက်ရောက် ချီးနားဩဇာအာဏာပြန်တက်သွားလျင်
ယခုနိုင်ငံရေး ကျရှုံးပြီး စကစမှလည်း ချီးနားနောက်ခံနဲ့ ပိုသောင်းကြမ်းလာကြမည်ဖြစ်၍ ထိုသို့မဖြစ်အောင် ဂျပန် အိန္ဒိယ ဩဇီအပါ၀င် အခြားနိုင်ငံများမှ ချိးနားခြေကုတ်ယူပြီး ဆက်လျက် နယ်ချဲ့ ကြီးထွားမလာအောင် ယခုလို အခြေနေများဖြစ် နိုင်ငံရေး စီးပွားရေးအား ဆက်လျက်ဟန့်တား ပိတ်ဆို့ထားသည်ဆိုတာ
ထိုအတွက် စကစအတွက် ၀င်ငွေအကျိုးမြတ်ရနေ ရှိနေ ပေးနေရသော်လည်း ချိးနား သိမ်းပိုက်လို့မရအောင် လုပ်ဆောင်နေတဲ့ နိုင်ငံရေး ကစားကွက်တွေဖြစ်၍ အချို့အနည်းငယ်အား စွန့်လွှတ် ပေးဆပ်ပြီး နိုင်ငံရေးကို သံတမန်နည်းဖြင့်သာ အရယူ တိုက်နေရသည်ဆိုတာ အားလုံး နားလည်သဘောပေါက်မည်ဟု ထင်မိပါသည်
(၅)တူရကီမှ ရဲချုပ်သန်းလှိုင်အား အစည်းဝေးဖိတ်တဲ့ …. ဒါကတော့ ဘာအတွက် အတိကျမသိပေမယ့် NLD အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာမှနေ သင်တန်းပေး ကူညီ ထောက်ပံ့မှုတွေနဲ့အထူးသဖြင့် ရဲဌာနရဲ့ လုပ်ထူံးနဲ့ညီတဲ့ အရာများ ဥပဒေ ကျင့်၀တ်တွေကို လုပ်ဆောင်စေဖို့နဲ့ ပုံရိပ်ကောင်းရရှိစေဖို့ ရဲဌာနဟာ စစ်တပ်အောက်မှာ မဟုတ်ပဲ နိုင်ငံတကာ ကျင့်၀တ်အတိုင်း ရှိစေ လုပ်ဆောင်စေဖို့ နည်းပညာအပါ၀င် အားလုံး ကူညီ ပံ့ပိုးပေးခဲ့ကြတာ သိကြမှာပါ
ထို့အတွက် ယခုအခြေနေမှာ စစ်တပ်အောက်ရောက်နေတဲ့ ရဲဌာနကို အထူးသဖြင့် ယခုအရေးမှာရော ရခိုင်ရိုအရေးမှာ ရဲတွေ စတေး အသေခံနဲ့ ရဲတွေသာ ရင်ဆိုင်တိုက်နေရတဲ့ စစ်တပ်အသူံးချခံဖြစ်နေမှုကို
တူရကီလိုနိုင်ငံကခေါ်ပြီး စည်းရုံးဟောပြောမှုနဲ့ ယခုနိုင်ငံရေးဖြစ်စဉ်မှာလည်း ရဲကျင့်၀တ်နဲ့အညီသာ လုပ်ကိုင်ဆောင်ရွက်ကြဖို့လိုကြောင်း ထောက်ပြလမ်းညွန်ပေးမည့် အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ခြင်းသာဟု ယူဆမိ၍
သို့ဆိုပြောမယ် ရဲချုပ်သန်းလှိုင်သည် စခဘက်က ဗကဆိုလည်း ထိုအတွက်ပြောလည်း လက်ခံမှာ မဟုတ်ဘူးဆိုလျှင် စကစသည် နိုင်ငံတကာက လက်ခံသည်ဟူသော အမြင်ကိုသာ ပြည်သူနဲ့ တပ်တွင်းကို ပြသလို၍ ယခု အစည်းဝေးတက်ခြင်းသာဖြစ်ပြီးရိုအရေးနဲ့ကြောက်ရသည့် တူရကီကိုလည်း ပေါင်းသင်းထားချင်လို၍နဲ့ ဖိတ်သည့်အတွက် ယခုလို ၀မ်းသာအားရလက်ခံပြီး နိုင်ငံရေးအရ ကစားဖို့ လုပ်ဆောင်သည့်အကွက်ဆိုတာ သိစေ၍ တူရကီဖိတ်လို့ဟုဆိုပြီး အထင်အမြင်မလွဲကျစေရန်နဲ့ အာဆန်တောင်တက်ပြီး ဂရုမစိုက်သည့် မအလတို့အတွက် ယခုအစည်းအဝေးဟာလည်း ကျီးအာသီဟန်ပြမျှသာဟု ပြောလိုသည်
သိူ့အတွက် ယခု ပြည်သူအားလုံး သိရှိ နားလည်ထားကြရမှာက နွေဉီးတော်လှန်ရေးသည် Do or Die အဖြစ်နဲ့ နောက်ဆုံးအချိန်သို့ ရောက်ရှိလာပြီဆိုတာ သတိပြုရင်းအကယ်၍ ထိုအချိန်မှ NUG မလှုပ်ဘူးဆိုလျှင် ပွဲသည် ၅၀-၅၀နဲ့ အချိန်ယူ ဆက်ကကြရအုံးမည်ဆိုတာ အသိပေးရင်း
အရေးတော်ပုံအောင်ဖို့ NUG နိုးထဖို့လိုလေပြီဟု ပြည်သူနဲ့ PDF ကတော့အသင့် နေ့စဉ်တိုက်ပွဲ ၀င်နေကြတယ် NUG ရဲ့ နိုင်ငံရေးအရ အောင်မြင်သော်လည်း စစ်ရေးမှာ လှုပ်မလာရင်ပွဲသည် ထပ်ကြာရှည်ပြီး တော်လှန်ရေးတပတ်လည်ကာ နှစ်ပတ်လည်နေ့များအဖြစ် ပြည်သူတို့ တောင့်ခံ တွန်းလှန်နေကြရမည် ဖြစ်ပြီး အနိုင်ရှုံးလည်း မပြတ်သား ဇာတ်မျောမှာ ဆက်ကကြရအုံးမည်ဆိုတာ
အကယ်၍ UN ဆုံးဖြတ်ချက်သာ မှန်ကန်ခဲ့ရင် NUG နဲ့ ပြည်သူ့ PDF တို့ လက်မထောင်ပြီး ယခုနွေဦးတော်လှန်ရေးကို ပြုံးပျော် အောင်ပွဲခံနိုင်ပြီဟု အသိပေးရင်း ဘာပဲဖြစ်ဖြစ် ..
#အရေးတော်ပုံ_အောင်ရမည် !
#မင်းကြည်ညိုနေ 🕊️



