တန်ဆော င်မုန်းလ အတွင်းတလတာကံပွင့်လာဘ်ပွင့်ယတြာ
၇ရက်သားသမီးများအားလုံးမင်္ဂလာပါမိတ်ဆွေများအားလုံးစီးပွားရေးအဆင်မပြေမှုများငွေကြေးအကျပ်အတည်း
ဖြစ်နေမှုများဘာလုပ်လုပ်အလွဲလွဲအချော်ချော်ဖြစ်နေမှုများအတွက်တလအတွင်းတခါထဲပြုလုပ်ရုံမျှဖြင့်အကျိုးထူးစေမယ့်ယတြာတခုမျှဝေပါရစေ
မိမိအိမ်ကဘုရားကျောင်းဆောင်ပေါ်တွင်ပန်းကန်ပြားအလယ်တွင်”အ”အက္ခရာကိုဆော့ပင်ဖြင့်ရေးပါ။
ထို” အ”အက္ခရာပေါ်တွင်လက်ဖက်ရည်တခွက်တင်ပြီးဘုရားကပ်ရမည်။ထိုလက်ဖက်ရည်ပန်းကန်ဘေး
ပတ်ပတ်လည်မှာပဲတမျိုးမျိုးအခြောက်အစိုအဆင်ပြေရာ ဖြူးပေးထားပါကပ်လှူစဉ်တန်ဆောင်မုန်းလတလတာအတွင်းမိမိအိမ်မှာဖြစ်ပေါ်နေသောကံပိတ်လာဘ်ပိတ်ဖြစ်နေမှုများမှလွတ်ကင်း၍စီးပွားလာဘ်လာဘများတိုးတက်ပါရစေ”ဟု
ဆုတောင်းပါ
နေ့၁၂နာရီကျော်ပါကအားလုံးစွန့်ပါ ပဲကိုအိတ်တအိတ်ထဲထည့်၍အနောက်အရပ်သို့စွန့်ပါလက်ဖက်ရည်ကိုစွန့်ပြီးအိမ်ကမိသားစုသုံးဆောင်နိုင်ပါတယ်
တလမှာတကြိမ်ပြုလုပ်ရုံနဲ့ကိုအကျိုးထူးစေပါတယ်လွယ်လွန်းလို့ကျော်မသွားပါနဲ့ဒီယတြာကမိတ်ဆွေတို့မိသားစုအတွက်တခုခုအကျိုးထူးစေမှာအသေအချာပါ။
ဤယတြာကိုပြုလုပ်ခြင်းဖြင့်၇ရက်သားသမီးများ၏အခက်အခဲများအထိုက်အလျောက်အဆင်ပြေကြပါစေ
ဗေဒင်နှင့်လက္ခဏာပညာရှင်ဆရာချမ်းမြေ့အောင်
Zawgyi
ဆုတောင်းပါ