ၾကားသိရသမွ်

အွန်လိုင်းပေါ် ကနေ order မှာထားတဲ့ သွားတုများတပ်ကြည့်တဲ့အခါ သွားနဲ့ အံကိုက်မဖြစ်တာကြောင့် လူတွေကို မရပ်မနား ရယ်မောစေခဲ့တဲ့ လူငယ်နှစ်ဦး

မကြာသေးခင်က အွန်လိုင်းလောက်ကမှာ အာရုံစိုက်မှုရရှိခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးရဲ့ video ကလစ်ဟာ အင်တာနက်သုံးစွဲသူများကို ရယ်မောစေခဲ့ပါတယ် ။ Tiktok အသုံးပြုသူတစ်ဦး အကောင့်အမည် nktt0812 က သွားဖြူချင်တဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ ကလစ်ကို တင်တဲ့အခါ ထိုလူငယ်နှစ်ဦးက Facebook မှ သွားတုများ မှာယူခဲ့သော်လည်း ပစ္စည်းရလာတဲ့အခါမှာ မိမိရဲ့သွားနဲ့ အံကိုက်မဖြစ်တဲ့အပြင် သွားတုများရဲ့အရောင်ကလည်း တောက်ပလွန်းလှတာကြောင့် လူအများ သူတို့ကို ကြည့်ပြီး ရယ်မောခဲ့ရပါတယ် ။

ဗီဒီယိုဖိုင်ကို တင်ပြီးနောက် မှတ်ချက်ပေးသူတွေ အများကြီးရှိခဲ့တဲ့အပြင် နှစ်ယောက်စလုံးကို သနားပြီး ချစ်ခင်ကြပါတယ် ။ Netizen တွေက ဘယ်သွားတိုက်ဆေး အမှတ်တံဆိပ်ကို အသုံးပြုတာလဲဆိုတဲ့ ဟာသများလည်း မေးလာကြပါတယ် ။ လူတိုင်းက တစ်ချိန်တည်းမှာဘဲ စာနာစိတ်နဲ့ သနားကြင်နာပြီး ရယ်ရမလို ငိုရမလို ဖြစ်နေကြပါတယ် ။

JRose (KB Chimmy One)

Reference : thainewsonline

Zawgyi

မၾကာေသးခင္က အြန္လိုင္းေလာက္ကမွာ အာ႐ုံစိုက္မႈရရွိခဲ့တဲ့ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးႏွစ္ဦးရဲ႕ video ကလစ္ဟာ အင္တာနက္သုံးစြဲသူမ်ားကို ရယ္ေမာေစခဲ့ပါတယ္ ။ Tiktok အသုံးျပဳသူတစ္ဦး အေကာင့္အမည္ nktt0812 က သြားျဖဴခ်င္တဲ့ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးရဲ႕ ကလစ္ကို တင္တဲ့အခါ ထိုလူငယ္ႏွစ္ဦးက Facebook မွ သြားတုမ်ား မွာယူခဲ့ေသာ္လည္း ပစၥည္းရလာတဲ့အခါမွာ မိမိရဲ႕သြားနဲ႔ အံကိုက္မျဖစ္တဲ့အျပင္ သြားတုမ်ားရဲ႕အေရာင္ကလည္း ေတာက္ပလြန္းလွတာေၾကာင့္ လူအမ်ား သူတို႔ကို ၾကည့္ၿပီး ရယ္ေမာခဲ့ရပါတယ္ ။

ဗီဒီယိုဖိုင္ကို တင္ၿပီးေနာက္ မွတ္ခ်က္ေပးသူေတြ အမ်ားႀကီးရွိခဲ့တဲ့အျပင္ ႏွစ္ေယာက္စလုံးကို သနားၿပီး ခ်စ္ခင္ၾကပါတယ္ ။ Netizen ေတြက ဘယ္သြားတိုက္ေဆး အမွတ္တံဆိပ္ကို အသုံးျပဳတာလဲဆိုတဲ့ ဟာသမ်ားလည္း ေမးလာၾကပါတယ္ ။ လူတိုင္းက တစ္ခ်ိန္တည္းမွာဘဲ စာနာစိတ္နဲ႔ သနားၾကင္နာၿပီး ရယ္ရမလို ငိုရမလို ျဖစ္ေနၾကပါတယ္ ။

JRose (KB Chimmy One)