တပ္ထဲမွာ လမ္းေဘးေခြးသာသာေနခဲ့ရလို႔ စိတ္နာၿပီး ျပည္သူဘက္ပူးေပါင္းလာတာပါဆိုတဲ့ ဒုတပ္ၾကပ္
ႏိုဝင္ဘာ၁၆၊ ၂၀၂၁။
ဒုတပ္ၾကပ္ ကိုမင္းမင္းထိုက္ဟာ စစ္ ေကာင္စီကိုဆန႔္က်င္ၿပီး ျပည္သူ႔ဘက္ေတာ္သားအျဖစ္ ၿပီးခဲ့တဲ့ ၅ရက္ေလာက္ကစလို႔ CDM ဝင္ေရာက္လာခဲ့ပါတယ္။
သူရဲ႕လုပ္သက္ဟာ ၁၀ႏွစ္ရွိၿပီး အဲ့ဒီ ၁၀ႏွစ္အတြင္း အခြင့္ေရးခ်ိဳးေဖာက္မႈေတြ ခံခဲ့ရၿပီး အာဏာသိမ္းၿပီးေနာက္ပိုင္းမွာလည္း စစ္တပ္ရဲ႕အထက္အရာရွိေတြက စာနာမႈမရွိခိုင္းတာေတြေၾကာင့္ သည္းမခံႏိုင္ေတာ့ပဲ ခုလိုျပည္သူ႔နဲ႔အတူရပ္တည္ခဲ့တာျဖစ္တယ္ လို႔ ကိုမင္းမင္းထိုက္ကေျပာပါတယ္။
” က်ေနာ္တို႔က တပ္ကိုကာကြယ္တာမဟုတ္ေတာ့ဘူး၊ အာဏာ႐ူးေတြကိုကာကြယ္သလို ျဖစ္ေနၿပီ၊ ေနျပည္ေတာ္မွာ လုပ္တုန္းကလည္း က်ေနာ္တို႔ဘဝက လမ္းေဘးမွာ ေခြးအိပ္အိပ္ၿပီး ေခြးေနေနခဲ့ရတာ အဲ့တာေတြစိတ္နာလို႔ ဒီဘက္ကိုပူးေပါင္းခဲ့တာ ” လို႔ေျပာပါတယ္။
ေျမလတ္အသံ
Video – ဗိႆႏိုးျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕
တပ်ထဲမှာ လမ်းဘေးခွေးသာသာနေခဲ့ရလို့ စိတ်နာပြီး ပြည်သူဘက်ပူးပေါင်းလာတာပါဆိုတဲ့ ဒုတပ်ကြပ်
နိုဝင်ဘာ၁၆၊ ၂၀၂၁။
ဒုတပ်ကြပ် ကိုမင်းမင်းထိုက်ဟာ စစ် ကောင်စီကိုဆန့်ကျင်ပြီး ပြည်သူ့ဘက်တော်သားအဖြစ် ပြီးခဲ့တဲ့ ၅ရက်လောက်ကစလို့ CDM ဝင်ရောက်လာခဲ့ပါတယ်။
သူရဲ့လုပ်သက်ဟာ ၁၀နှစ်ရှိပြီး အဲ့ဒီ ၁၀နှစ်အတွင်း အခွင့်ရေးချိုးဖောက်မှုတွေ ခံခဲ့ရပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်တပ်ရဲ့အထက်အရာရှိတွေက စာနာမှုမရှိခိုင်းတာတွေကြောင့် သည်းမခံနိုင်တော့ပဲ ခုလိုပြည်သူ့နဲ့အတူရပ်တည်ခဲ့တာဖြစ်တယ် လို့ ကိုမင်းမင်းထိုက်ကပြောပါတယ်။
” ကျနော်တို့က တပ်ကိုကာကွယ်တာမဟုတ်တော့ဘူး၊ အာဏာရူးတွေကိုကာကွယ်သလို ဖြစ်နေပြီ၊ နေပြည်တော်မှာ လုပ်တုန်းကလည်း ကျနော်တို့ဘဝက လမ်းဘေးမှာ ခွေးအိပ်အိပ်ပြီး ခွေးနေနေခဲ့ရတာ အဲ့တာတွေစိတ်နာလို့ ဒီဘက်ကိုပူးပေါင်းခဲ့တာ ” လို့ပြောပါတယ်။
မြေလတ်အသံ
Video – ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့



