ၾကားသိရသမွ်

စာမေးပွဲဖြေနေတဲ့ကျောင်းသားတွေကိုကူညီပေးဖို့ဆိုပီး၊ငါးထပ်တိုက်ကျောင်းနံရံတွေထိတက်ခဲ့ကြတဲ့ကျောင်းသားမိဘများပုံရိပ်ဝေဖန်မှုမြင့်တက်နေ

အိႏၵိယႏိုင္ငံ အေရွ႕ Bihar မွာျဖစ္ပြားခဲ့တဲ့သတင္းေလးကေတာ့၊ၾကားသူျမင္သူတိုင္းကိုအံ့ၾသမွင္သက္ေစခဲ့ပါတယ္။အေၾကာင္းကေတာ့အစိုးရစစ္စာေမးပြဲေျဖမဲ့ေက်ာင္းသားေလးေတြကို၊မိဘမ်ားကကူညီေျဖဆိုေပးဖို႔ဆိုပီးစာေမးပြဲခန္းျပင္ပထိေအာင္ခဲရာခဲဆစ္ကူညီေပးခဲ့ၾကပါတယ္။

ဒါ့အျပင္၎ေက်ာင္းသားမိဘမ်ားအေနနဲ႔၊ငါးထပ္တိုက္ျမင့္တဲ့ေက်ာင္းအေဆာက္ဦးအျပင္ဘက္နံရံကိုကုတ္တြယ္တက္တဲ့ထိေအာင္၊ကူညီေျဖဆိုေပးခဲ့ၾကတဲ့ျမင္ကြင္း႐ုပ္ပုံ video မ်ားဟာႏိုင္ငံရဲ႕သတင္းမီဒီယာထက္မွာပ်ံ႕ႏွံ႔ခဲ့ပီးေနာက္၊ Netizen မ်ားရဲ႕ေဝဖန္မႈကိုခံခဲ့ရပါတယ္။

ထိုသတင္းပုံရိပ္ေၾကာင့္သက္ဆိုင္သူမ်ားကရဲ႕ထုတ္ျပန္ခ်က္ကေတာ့၊ေက်ာင္းသားမိဘမ်ားအေနနဲ႔တရားမွ်တတဲ့စာေမးပြဲျဖစ္ေစခ်င္တာေၾကာင့္၊အျခားႀကိဳးစားတဲ့ေက်ာင္းသားမ်ားထိခိုက္နစ္နာျခင္းမရွိေအာင္၊သက္ဆိုင္ရာတာဝန္ရွိသူအသီးသီးကဝန္ထမ္းမ်ားၾကပ္မက္လုပ္ေဆာင္ဖို႔သတင္းထုတ္ျပန္ခဲ့တယ္လို႔သိရပါတယ္။

စာမေးပွဲဖြေနေတဲ့ကျောင်းသားတွေကိုကူညီပေးဖို့ဆိုပီး၊ငါးထပ်တိုက်ကျောင်းနံရံတွေထိတက်ခဲ့ကြတဲ့ကျောင်းသားမိဘများပုံရိပ်ဝေဖန်မှုမြင့်တက်နေ

အိန္ဒိယနိုင်ငံ အရှေ့ Bihar မှာဖြစ်ပွားခဲ့တဲ့သတင်းလေးကတော့၊ကြားသူမြင်သူတိုင်းကိုအံ့သြမှင်သက်စေခဲ့ပါတယ်။အကြောင်းကတော့အစိုးရစစ်စာမေးပွဲဖြေမဲ့ကျောင်းသားလေးတွေကို၊မိဘများကကူညီဖြေဆိုပေးဖို့ဆိုပီးစာမေးပွဲခန်းပြင်ပထိအောင်ခဲရာခဲဆစ်ကူညီပေးခဲ့ကြပါတယ်။

ဒါ့အပြင်၎င်းကျောင်းသားမိဘများအနေနဲ့၊ငါးထပ်တိုက်မြင့်တဲ့ကျောင်းအဆောက်ဦးအပြင်ဘက်နံရံကိုကုတ်တွယ်တက်တဲ့ထိအောင်၊ကူညီဖြေဆိုပေးခဲ့ကြတဲ့မြင်ကွင်းရုပ်ပုံ video များဟာနိုင်ငံရဲ့သတင်းမီဒီယာထက်မှာပျံ့နှံ့ခဲ့ပီးနောက်၊ Netizen များရဲ့ဝေဖန်မှုကိုခံခဲ့ရပါတယ်။

ထိုသတင်းပုံရိပ်ကြောင့်သက်ဆိုင်သူများကရဲ့ထုတ်ပြန်ချက်ကတော့၊ကျောင်းသားမိဘများအနေနဲ့တရားမျှတတဲ့စာမေးပွဲဖြစ်စေချင်တာကြောင့်၊အခြားကြိုးစားတဲ့ကျောင်းသားများထိခိုက်နစ်နာခြင်းမရှိအောင်၊သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးကဝန်ထမ်းများကြပ်မက်လုပ်ဆောင်ဖို့သတင်းထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။

Credit