ဟုတ်ပါတယ် အချစ်ဆိုတာက မည်သူနဲ့မဆို မကိုက်ညီတဲ့ အရာဖြစ်ပါတယ် ။ ကိုယ့်ကို မချစ်တဲ့လူကိုမှ တစ်ဖက်သတ်ချစ်လွန်းရင် နောက်ဆုံးမှာ ဒဏ်ရာ
ပြင်းပြင်းထန်ထန် ခံစားရတက်ပါတယ် ။ မကြာသေးမီက တရုတ်နိုင်ငံ၊ Anhui ပြည်နယ်မှာ နေထိုင်တဲ့ လူငယ်တစ်ဦးက လူအများဟာ သူ့ကို အချစ်ရှုးလို့ ခေါ်ရတဲ့
အကြောင်းရင်းက လွန်ခဲ့တဲ့ ၅ နှစ်လောက်က သူဟာ မိန်းမတစ်ယောက်ကို အရမ်းချစ်နေခဲ့တာဖြစ်ပြီး သူက သူမထံမှ အချစ်ကို ပြန်မရခဲ့သော်လည်း သူမအပေါ် ချစ်
ကြောင်း ဝန်ခံပြီး သူမပြန်ချစ်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်လက်ကြိုးစားခဲ့ပါတယ် ။
ကောင်မလေးက သူ့အချစ်ကို အမြဲငြင်းနေပေမယ့်လည်း ပြီးခဲ့တဲ့ရက်အနည်းငယ်အထိ သူမကို ချစ်ကြောင်း ဝန်ခံနေဆဲပါ ။ ကောင်မလေးက ခံနိုင်ရည် ပျောက်ဆုံး
သွားပြီး ကောင်လေးရဲ့ အချစ်ကို လက်မခံနိုင်ဘူးလို့ အကြိမ်ကြိမ်ပြောပြီး ရည်းစားစကားထပ်မပြောဖို့ ဒူးတောက်ကာ တောင်းပန်ခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်
ကို အင်တာနက်အသုံးပြုသူတစ်ဦးမှ ရိုက်ကူးထားခြင်းဖြစ်ပါတယ် ။
အဆိုပါ ဖြစ်ရပ်ကြောင့် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး netizen များက ဒီကောင်လေးကို မိန်းကလေးက ၅ နှစ်လောက် ငြင်းပယ်ခဲ့တာ၊ ဘာကြောင့်
လက်မလျော့သေးတာလဲ အစရှိတဲ့ မေးခွန်းပေါင်းများစွာ မေးလာခဲ့ပါတယ် ။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ဆိုးဆိုးရွားရွား ပြီးဆုံးသွားတာပေမယ့် ဘယ်သူ
က အပြစ်ရှိလဲလို့ မေးရင် ရှင်းရှင်းလင်းလင်း ထုတ်ပြောလို့ မရသေးပါဘူး ။
JRose (KB Chimmy One)
Reference : khaosod
Zawgyi
ဟုတ္ပါတယ္ အခ်စ္ဆိုတာက မည္သူနဲ႔မဆို မကိုက္ညီတဲ့ အရာျဖစ္ပါတယ္ ။ ကိုယ့္ကို မခ်စ္တဲ့လူကိုမွ တစ္ဖက္သတ္ခ်စ္လြန္းရင္ ေနာက္ဆုံးမွာ ဒဏ္ရာျပင္းျပင္းထန္ထန္ ခံစားရတ
က္ပါတယ္ ။ မၾကာေသးမီက တ႐ုတ္ႏိုင္ငံ၊ Anhui ျပည္နယ္မွာ ေနထိုင္တဲ့ လူငယ္တစ္ဦးက လူအမ်ားဟာ သူ႔ကို အခ်စ္ရႈးလို႔ ေခၚရတဲ့ အေၾကာင္းရင္းက လြန္ခဲ့
တဲ့ ၅ ႏွစ္ေလာက္က သူဟာ မိန္းမတစ္ေယာက္ကို အရမ္းခ်စ္ေနခဲ့တာျဖစ္ၿပီး သူက သူမထံမွ အခ်စ္ကို ျပန္မရခဲ့ေသာ္လည္း သူမအေပၚ ခ်စ္ေၾကာင္း ဝန္ခံၿ
ပီး သူမျပန္ခ်စ္မယ္ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ဆက္လက္ႀကိဳးစားခဲ့ပါတယ္ ။
ေကာင္မေလးက သူ႔အခ်စ္ကို အၿမဲျငင္းေနေပမယ့္လည္း ၿပီးခဲ့တဲ့ရက္အနည္းငယ္အထိ သူမကို ခ်စ္ေၾကာင္း ဝန္ခံေနဆဲပါ ။ ေကာင္မေလးက ခံႏိုင္ရည္ ေပ်ာ
က္ဆုံးသြားၿပီး ေကာင္ေလးရဲ႕ အခ်စ္ကို လက္မခံႏိုင္ဘူးလို႔ အႀကိမ္ႀကိမ္ေျပာၿပီး ရည္းစားစကားထပ္မေျပာဖို႔ ဒူးေတာက္ကာ ေတာင္းပန္ခဲ့ပါတယ္ ။ အဆို
ပါအျဖစ္အပ်က္ကို အင္တာနက္အသုံးျပဳသူတစ္ဦးမွ ႐ိုက္ကူးထားျခင္းျဖစ္ပါတယ္ ။
အဆိုပါ ျဖစ္ရပ္ေၾကာင့္ ေဝဖန္မႈမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္ပြားခဲ့ၿပီး netizen မ်ားက ဒီေကာင္ေလးကို မိန္းကေလးက ၅ ႏွစ္ေလာက္ ျငင္းပ
ယ္ခဲ့တာ၊ ဘာေၾကာင့္ လက္မေလ်ာ့ေသးတာလဲ အစရွိတဲ့ ေမးခြန္းေပါင္းမ်ားစြာ ေမးလာခဲ့ပါတယ္ ။ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းက ဆိုး
ဆိုး႐ြား႐ြား ၿပီးဆုံးသြားတာေပမယ့္ ဘယ္သူက အျပစ္ရွိလဲလို႔ ေမးရင္ ရွင္းရွင္းလင္းလင္း ထုတ္ေျပာလို႔ မရေသးပါဘူး ။
JRose (KB Chimmy One)