ၾကားသိရသမွ်

မတရားပြုကျင့်ခံခဲ့ရတဲ့ (၁၅)နှစ်အရွယ်မိန်းကလေးရဲ့ ရင်သွေးလေးကို ခေါ်ယူစောင့်ရှောက်မွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

တစ်ချိန်က ဆံပင်ရှည်တွေနဲ့ပရိသတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့သူလေး ခိုင်နှင်းဝေက လက်ရှိအချိန်ထိတိုင် အနုပညာလောကမှာ အောင်မြင်မှု ရရှိနေဆဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကအခုဆိုရင် အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို ပရဟိတလုပ်ငန်းတွေကိုပါ သယ်ပိုးဆောင်ရွက်နေသူတစ်ယောက် ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကို

နယ်ပယ်အစုံမှာဖြန့်ကျက်လုပ်ကိုင်နေတဲ့ ခိုင်နှင်းဝေက သူမသွားလေရာနေရာတွေမှာလည်း အခက်အခဲဖြစ်နေသူတွေကို စောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ခိုင်နှင်းဝေက သထုံဘက်က ကလေးတစ်ယောက်ကို ခေါ်ယူမွေးစားခဲ့တဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“ခရီးသွားရင်း အကြောင်းအကျိုးပဌာန်းဆက်တွေကြောင့်သမီးလေး တစ်ယောက်ကို ခေါ်ယူမွေးစားဖြစ်ပါဦးမယ်ရှင်..သထုံဘက်မှ အမေက (၁၅) နှစ် သက်ငယ်မု.ဒိမ်းကြောင့်

ကိုယ်ဝန်ရသွားကာ မီးဖွားရင်း ေ.သဆုံးသွားပါတယ် ကျန်ရစ်သူသမီးလေးမှာအဘွားနဲ့နေရင်းဘွားအေမှာလဲဆုံးပါးသွားတဲ့အတွက်ဆက်လက်စောင့်ရှောက်ဘို့

တစ်ဦး တစ်ယောက်မှ မရှိတော့တဲ့ အတွက် ကျမတို့ “ခိုင်” မိသားစု ဂေဟာမှ ဆက်လက် တာဝန်ယူ စောင့်ရှောက်သွားဖြစ်ပါမယ်ရှင် …” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ သက်ငယ်မုဒိမ်းကြောင့် ကိုယ်ဝန်ရပြီး မီးတွင်းထဲမှာတင်သေဆုံးသွားတဲ့ (၁၅) နှစ်အရွယ် မိန်းကလေးရဲ့ ကျန်ရစ်ခဲ့တဲ့ရင်သွေးလေးကို ခေါ်ယူစောင့်ရှောက်မွေးစားသွားမှာဖြစ်တယ်လို့ မိဘပြည်သူတွေကို အသိပေးထားတာပဲဖြစ်ပါတယ်။

Source: Khine Hnin Wai’s fb

Zawgyi








Credit