ၾကားသိရသမွ်

အဟန့်အတားတွေများနေလို့စိတ်က ခံစားနေရလျှင်

အဟန့်အတားတွေများနေလို့စိတ်က ခံစားနေရလျှင်

အညှိများပယ် အနှောင့်များကင်း ဆား၂ဆုပ်နဲ့ရှင်း။ စိတ်မကြည်ဘူး မလန်းဆန်းဘူး စိတ်တွေထိုင်းမှိုင်းနေတယ် ဘာလုပ်လုပ်အဆင်ပြေမနေဘူး။

အနှောင့်အယှက် အဟန့်အတားတွေလည်းများနေတယ် လာဘ်ပိတ်နေတယ်အရောင်းအဝယ်လည်းမဖြစ်ဘူး ယုတ်စွအဆုံး ဘုန်းကံနိမ့်နေတယ်လို့ စိတ်ကခံစားရရင်..

သင့်မှာအညှိတင်နေတာ အညံ့တွေများနေတာအဲ့လိုအခြေအနေမျိုးတွေ တွေ့ကြုံခံစားနေခဲ့ရင် အစစအရာရာအဆင်ပြေချောမွေ့စေဖို့ ရိုးရှင်းလွယ်ကူပြီး ထိရောက်တဲ့နည်းလေးတခု ဒါနပြုပါ့မယ်…။

မိမိလက်၂ဖက်… ညာလက်မှာဆားတဆုပ် ဘယ်လက်မှာဆားတဆုပ် ဆုပ်ကိုင်ထားပြီး သက်သောင့်သက်သာစွာထိုင်ပါ။

ပြီးလျှင်မိမိစိတ်ထဲက လေးနက်စွာ အာရုံပြုဆန္ဒပြုရမှာက မိမိခန္ဓာကိုယ်မှာ အညှိတင်နေတဲ့ မကောင်းတဲ့အညံ့တွေကို လက်ထဲမှာဆုပ်ကိုင်ထားတဲ့ ဆားတွေက စုပ်ယူနေတယ်ဆိုပြီး အာရုံပြုနေရပါ့မယ်။

၅မိနစ်လောက် ဆုပ်ကိုင်အာရုံပြုပြီးရင်တော့ လက်ထဲဆုပ်ကိုင်ထားတဲ့ ဆားတွေကို အဆင်ပြေရာ စွန့်ပစ်ပြီး လက်ကိုသေချာသန့်စင်အောင် ဆေးကြောရပါ့မယ်။

၃ရက်ခြား၁ကြိမ် ပြုလုပ်ပေးပါ။ ၃ကြိမ်မြောက် ပြုလုပ်ပြီးရင်ကို သိသိသာသာ အစစအရာရာ အဆင်ပြေချောမွေ့လာတာ တွေ့ကြုံခံစားလာပါလိမ့်မယ်ဗျာ။

အားလုံးသောသတ္တဝါတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ စီးပွားတိုးတက်ကြပါစေ။ ကုသိုလ်ကောင်းမှု ဓမ္မတရားနှင့်မွေ့လျော်နိုင်ကြပါစေ။ မေတ္တာဘာဝနာ စီးဖြန်းနိုင်ကြပါစေ။
zawgyi






