ၾကားသိရသမွ်

ခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကို ပါချုပ်ဆရာတော်ကြီး_မိန့်ပြီ

ခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကို ပါချုပ်ဆရာတော်ကြီး_မိန့်ပြီ

တိရစ္ဆာန်ဘုံသားတွေကို

တို့များလူ့ဘုံက ကြောက်ရ လန့်ရပါတယ်။

ဟိုပိုးကြောက်ရ ဒီပိုးကြောက်ရ များလိုက်တဲ့ ပိုးကောင်တွေ။

အခုကြည့်လေ… အင်မတန်မှ အသိဉာဏ်ပညာကြီးပါတယ်ဆိုတဲ့ လူသားတွေက ဘာမှ ခန္ဓာကိုယ်အထည်ဒြပ်ရယ်လို့ ထင်ထင်ရှားရှားမရှိတဲ့ ကိုရိုနာဗိုင်းရပ် ပိုးကောင်လေးကို ကြောက်နေကြရပါတယ်။

အဲဒီပိုးကောင်လေးက သေရွာကို ပို့ပစ်နေတာ တစ်ပုံတပင်ကြီး ရှိနေပြီ။ဒုံးကျည်နဲ့လည်း ပစ်မရ။နျူကလီးယားနဲ့လည်း ဆော်မရ။ဘယ်လောက်များ ဒုက္ခများလိုက်ကြသလဲ။

အရေးပေါ်သုံးကြတဲ့ ဘုန်းကြီးများလည်း ကယ်မရ။ပရိတ်ကြီးလည်း ဘာမှလုပ်မရ။ တို့တောင် ကြောက်လို့ ပုန်းနေရတယ်။ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာ။လူတွေ ကိုယ့်ဟာကိုယ်သာ ပြုပြင်နေထိုင်သွားကြရမှာပါ။

လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာနတွေ နည်းသည်ထက် နည်းအောင် ကျင့်ကြံယူကြရမှာပါ။

လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ ၊မာနတွေ အားကောင်းလာလေလေ ကမ္ဘာကြီး ပျက်ဖို့ မြန်လေလေပါ။

လောဘ၊ ဒေါသ၊မောဟ အတ္တ မာနတွေ နည်းကြလေလေ ကမ္ဘာကြီး အဓွန့်ရှည်လေလေ၊ သာယာ အေးချမ်းလေလေပါ။

ဘာစာမှလုံလုံလောက်လောက် မလုပ်ဘဲနဲ့ စာမေးပွဲဖြေဖို့နီးတော့မှ ဘောပင်လေး မန်းပေးစမ်းပါ။ပေတံ လေး မှုတ်ပေးစမ်းပါ။ ယတြာလေး ချေပေးစမ်းပါနဲ့ ဘယ်ရမလဲ။

ဘဝမှာ နေမိနေရာ စားမိစားရာ၊ ဖြစ်သလိုနေဖြစ်သလိုစား၊ ဘုရား တရားနဲ့ အဝေးကြီး၊ ငါးပါးသီလတောင် စောက်ထိုး မှောက်ခုံဆို၊ အရေးပေါ်တော့မှ ပရိတ်ကလေး ရွတ်ပေးစမ်းပါ ဘယ်ရမလဲ။

ဘုန်းကြီး ရဟန်းသံဃာကို ကြည်ညိုတာ ကိုယ့်အလိုကျ ဖြစ်နေတဲ့ခါတစ်မျိုး၊အလိုမကျတဲ့တစ်နေ့ စိတ်ကောက် အတင်းပြော၊ ရတနာသုံးပါးကိုစော်ကား။

အိမ်က လင်မယားအတိုင်း တော်ကြာ ရိုက်ကြနှက်ကြ၊ တော်ကြာ ချစ်လို့ ခင်လို့ ပြုံးပျော်လို့။ အဆင်မပြေ ဘုန်းကြီးလည်း အရိုက်ခံရမှာပဲ။ သာသနာကို အဲလောက်ကြည်ညိုကြတာ။

မိဘကို ကျပြန်တော့လည်း ငါက ရှာကျွေးနေရလို့ပင်ပမ်းလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ အော်ငေါက်ဆဲဆို၊ တခါတရံ လက်နဲ့တောင် မိဘကို ရိုက်ကြသေး။

(ဝဋ်ကြွေးနဲ့ အပါယ်ငရဲက ငါ့ဆီကို ရောက်မှရောက်စေ စောင့်ကြိုနေ၏။ အဲတော့မှ အမေရေ ကယ်ပါဦး အဖေရေ ကယ်ပါဦး ဘယ်ရတော့မလဲ)

ဆရာသမားကို ဆိုလို့ရှိရင်လည်း ဆရာသမား ဆိုဆုံးမ ရိုက်ပုတ်တာမကြိုက်၊ ငါ့သားကို ဒီလိုလုပရှမလား၊ငါ့သမီးကို ဒီလိုပြုမူရမလား၊ဆရာသမားတွေကို ဆဲဆို ကြိမ်းမောင်း၊ ကဏ္ဍကောစ တိုက်။

သားသမီးတွေကို မကောင်းတဲ့ အပြုအမူ အလေ့အကျင့်တွေကို မြှောက် ထိုးပင့်ကော်လုပ်ပေး။

(ကိုယ်လူကြီးဖြစ်လာတဲ့ တစ်နေ့ဆရာသမား ဖြစ်လာတဲ့တစ်နေ့ ကြောက်စရာ ဝဋ်ကြွေးကစောင့်ကြိုနေ)

တချို့ဘုန်းကြီးများဆိုလို့ ရှိရင်လည်း ကြီးလိုက်တဲ့ လောဘ၊ လိုချင်လိုက်တဲ့ လာဘ်လာဘ၊ ဘယ်လိုနည်းနဲ့ရရ ရရင် ပြီးရော့ဆိုတဲ့ စိတ်ထားမျိုး။

သူများကိုကျတော့ ဒါနဆိုတာ ပိယဂုဏ်ကိုဆောင်တယ်။လူနတ်ချစ်ဆေးလည်းဖြစ်တယ်။ အာပေါင် အာရင်းသန်သန်နဲ့ ဟောလိုက်တဲ့တရား။

ကိုယ့်ကျ ငါးပြားစေ့ တစ်စေ့တောင် မပေး မလှူချင်တဲ့ ဘုန်းတော်ကြီးများလည်း တွေ့ဖူးပါရဲ့။သူများက ဒါနနဲ့ စွန့်လိုက်တဲ့ ပစ္စည်းကို ကိုယ်က လောဘနဲ့ သိမ်းပိုက်ထားတဲ့ဘဝ၊ ပြီးတော့တခါ ဟိုကျောင်းလိုက်လု၊ဒီကျောင်းလိုက်လုနဲ့၊ ကျောင်းလုတဲ့ အမှု့တွေ နိုင်ငံတော် ဝိနိစ္ဆယရုံးမှာ တစ်ပုံတပင်ကြီးဖြစ်ပါသတဲ့။

အမှု့နိုင်ဖို့အတွက် သိန်းရာချီပြီး လာဘ်ထိုးကြရတာ မျက်မြင်ကိုယ်တွေ့ရှိပါရဲ့။ မြေအလှူရှင်လည်းရှိတယ်။

ကျောင်းဆောက်လှူမယ့် အလှူရှင်လည်းရှိတာတောင်မှ ကိုယ့်မြေပေါ်မှာ ကျောင်းဆောက်ခွင့်ရဖို့အတွက် ဆိုင်ရာ ရပ်ကျေးသံဃနာယကအဖွဲ့ကို သိန်းငါးဆယ်လောက်နဲ့သွားကန်တော့ရတဲ့ မြို့နယ်များလည်းရှိသတဲ့။ မပေးရင် မပူဇော်ရင် ကျောင်း ဆောက်ခွင့်မရ။ ဖြစ်ပျက်နေတဲ့ လောကကြီး။

အားအားရှိ ဘာသာ သာသနာကို ပျက်အောင်လုပ်တာကုလားကိုထိုးချလိုက်၊ ခရစ်ယာန်ကို ယိုးမယ်ဖွဲ့လိုက်နဲ့။ကိုယ့်သာသနာကို ကိုယ့်ဟာကိုယ်သာ အရင်ပြင်ကြရမှာပါ။

အဓိက ကိုယ်ရင်ထဲက သာသနာကို အရင်ပြင်ကြရမှာပါ။

လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာနတွေကိုပါးသည်ထက်ပါးအောင် ကျင့်ဆောင်ကြရမှာပါ။ဘုရားက မကယ်ဘူး။ ပရိတ်ကြီးက မကယ်ဘူး။ပဋ္ဌာန်းဖတ်တာနဲ့ သိဒ္ဓိတွေ မတက်ဘူး။ ကိုယ့်ဘဝ ကိုယ်သာ ကယ်ကြရမှာပါ။

“လူမစွမ်း နတ်မ”ဆိုတာ မဟုတ်ပါဘူး။ စွမ်းတဲ့ လူကိုမှ နတ်က မ တာပါ။ဒါန စွမ်းတယ်၊ သီလ စွမ်းတယ်၊ ဘာဝနာစွမ်းတယ်၊အဲဒါကိုမှ နတ်က မ တာပါ။

အမှန်အားဖြင့်တော့ကိုယ့်အစွမ်းကြောင့် နတ်က မ တာပါဗျာ။တိရစ္ဆာန် ဘုံသားတွေထက်လူ့ဘုံက အသိဉာဏ် ပိုသာသင့်ပါတယ်။

#ပါမောက္ခချုပ်_ဆရာတော်ကြီး

#ဒေါက်တာနန္ဒမာလာဘိဝံသ

သာဓု သာဓု သာဓုပါ ဆရာတော်ဘုရား

Credit KPH