ၾကားသိရသမွ်

NUG ရဲ့ ငွေတိုက်စာချုပ်၀ယ်ယူသူတွေကို အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ခြိမ်းခြောက်

NUG ရဲ့ ငွေတိုက်စာချုပ်၀ယ်ယူသူတွေကို အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းခြိမ်းခြောက်

ရန်ကုန်၊ နို၀င်ဘာ ၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရောင်းချတဲ့ ငွေတိုက်စာချုပ်၀ယ်ယူသူတွေကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ က နဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ဒီကနေ့ နို၀င်ဘာ ၂၆ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ က ဟာ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ်ကနေ အများဆုံး ထောင်ဒဏ်တသက်တကျွန်းနဲ့ သေဒဏ်အထိချမှတ်နိုင်တယ်လို့ သိရပါတယ်။

NUG ရဲ့ ငွေတိုက်စာချုပ်၀ယ်ယူသူတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့သူလိုယူဆကာ အရေးယူမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားတာ ဖြစ်ပါတယ်။

NUG အစိုးရရဲ့ ငွေတိုက်စာချုပ်ဟာ ၂၄ နာရီအတွင်းမှာ အမေရိကန် ဒေါ်လာ ၉ ဒသမ ၅ သန်းဖိုး ရောင်းချခဲ့ရပါတယ်။

SAC ဟာ NUG ငွေတိုက်စာချုပ်၀ယ်ယူအားပေးမိတဲ့ SAC တပ်ဖွဲ့၀င် ဗိုလ်ကြီး ၀င်းကိုကိုအုန်းကို ဖမ်းဆီးထိန်းသိမ်းထားကာ စစ်ခုံရုံးပို့ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

Mercury_Media

———–


ရန်ကုန်၊ နိုဝင်ဘာ ၂၆






Mercury_Media