ၾကားသိရသမွ်

မြန်မာပြည်သူတွေကို သတင်းစကားပါးလိုက်တဲ့ နာမည်ကျော်တိုက်ခိုက်ရေးသမား အောင်လအန်ဆန်

မြန်မာပြည်သူတွေကို သတင်းစကားပါးလိုက်တဲ့ နာမည်ကျော်တိုက်ခိုက်ရေးသမား အောင်လအန်ဆန်မြန်မာ့စပါးအုံးမြွေလို့တင်စားခံရတဲ့ အောင်လအန်ဆန်ကမြန်မာပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာသန်မာကြံ့ခိုင်အောင်နေထိုင်ကြရမယ်လို့ လူမူကွန်ရက်ကတဆင့်တိုက်တွန်းပြောဆိုလိုက်ပါတယ်

အောင်လအန်ဆန်ဟာဒီသီတင်းပတ်အတွင်းမှာလူမူကွန်ရက်ဖြစ်တဲ့Instagramကနေမြန်မာပြည်သူတွေကိုတိုက်တွန်းပြောဆိုခဲ့တာဖြစ်ပြီးသန်မာကြံ့ခိုင်အောင်နေထိုင်ဖို့တိုက်တွန်းတဲ့စာနဲ့အတူကျေးရွာတွေကို စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေရဲ့ပုံတွေကိုအတူတွဲတင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အသက် ၃၆ နှစ်အရွယ်ရှိ

One Championship ချန်ပီယံဟောင်းအောင်လအန်ဆန်ကလက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့အခြေနေတွေအရင်တိုင်းပဲရှိနေဆဲဖြစ်ပေမယ့် အခြေနေတွေကောင်းမွန်တိုးတက်လာမယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။အောင်လအန်ဆန်က ” ပိုင်ဆိုင်တဲ့အရာရာတိုင်းကိုယူဆောင်ခွင့်မရဘဲအသက်ရှင်ဖို့ ထွက်ပြေးခွင့်ရတာကိုပဲကျေးဇူးတင်ရမယ်။ဒါဟာ ဟောလီဝုဒ်ရုပ်ရှင်ဇာတ်ကားတစ်ကားမဟုတ်ဘူး

ဒုက္ခသည်တွေရဲ့ပုံတွေဟာမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတွေပါ။မြန်မာနိုင်ငံမြောက်ပိုင်းကကျေးရွာတွေကိုစွန့်ခွာထွက်ပြေးရတဲ့ဒုက္ခသည်စခန်းကလူတွေရဲ့ပုံတွေဖြစ်တယ်။မြန်မာနိုင်ငံရဲ့အခြေအနေဟာအရင်အတိုင်းပဲဘာမှမပြောင်းလဲသေးပေမယ့်ပြည်သူတွေသန်မာကြံ့ခိုင်အောင်နေထိုင်ဖို့လိုအပ်တယ်။လက်ရှိအချိန်ဟာအာရုံဦးမလာခင်အမှောင်မိုက်ဆုံးအချိန်ဖြစ်တယ်

ဒီအမှောင်တွေမကြာခင်အဆုံးသတ်သွားမှာပါ။မြန်မာပြည်သူတွေတွေ့ကြုံခံစားနေရတာတွေကိုထပ်တူဝမ်းနည်းမိပါတယ်။ဒါပေမယ့်ကျွန်တော့်အနေနဲ့မြန်မာပြည်သူတွေကိုမေ့မထားဘူးဆိုတာသိစေလိုတယ်။” လို့ပြောပါတယ်

အောင်လအန်ဆန်ဟာOneChampionshipပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့ကချင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီးမစ်ဒယ်ဝိတ်တန်းနဲ့လိုက်ဟဲဗီးဝိတ်တန်းတို့မှာချန်ပီယံဆုတွေရယူနိုင်ခဲ့ပေမယ့်အဆိုပါကမ္ဘာ့ချန်ပီယံဆုတွေကိုပြီးခဲ့တဲ့နှစ်အောက်တိုဘာလနဲ့ ဒီနှစ်ဧပြီလတို့မှာ နယ်သာလန်နိုင်ငံသား ရိုင်နီယာဒီရစ်ဒါ ကိုရှုံးနိမ့်ကာ စွန့်လွှတ်လိုက်ရပါတယ်

အောင်လအန်ဆန်ဟာလက်ရှိအချိန်မှာစွန့်လွှတ်လိုက်ရတဲ့ချန်ပီယံဆုတွေပြန်ရယူနိုင်ဖို့ပစ်မှတ်ထားနေပြီးဂျပန်တိုက်ခိုက်ရေးသမားအိုကာမီနဲ့လည်းယှဉ်ပြိုင်ဖို့ဆန္ဒရှိနေတယ်လို့သတင်းများထွက်ပေါ်နေပါတယ်။Crd..fightermyanmar

Zawgyi

ျမန္မာျပည္သူေတြကို သတင္းစကားပါးလိုက္တဲ့ နာမည္ေက်ာ္တိုက္ခိုက္ေရးသမား ေအာင္လအန္ဆန္ျမန္မာ့စပါးအုံးေႁမြလို႔တင္စားခံရတဲ့ ေအာင္လအန္ဆန္ကျမန္မာျပည္သူေတြအေနနဲ႔ လက္ရွိအခ်ိန္မွာသန္မာႀကံ့ခိုင္ေအာင္ေနထိုင္ၾကရမယ္လို႔ လူမူကြန္ရက္ကတဆင့္တိုက္တြန္းေျပာဆိုလိုက္ပါတယ္

ေအာင္လအန္ဆန္ဟာဒီသီတင္းပတ္အတြင္းမွာလူမူကြန္ရက္ျဖစ္တဲ့Instagramကေနျမန္မာျပည္သူေတြကိုတိုက္တြန္းေျပာဆိုခဲ့တာျဖစ္ၿပီးသန္မာႀကံ့ခိုင္ေအာင္ေနထိုင္ဖို႔တိုက္တြန္းတဲ့စာနဲ႔အတူေက်း႐ြာေတြကို စြန္႔ခြာထြက္ေျပးရတဲ့ ဒုကၡသည္ေတြရဲ႕ပုံေတြကိုအတူတြဲတင္ခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။အသက္ ၃၆ ႏွစ္အ႐ြယ္ရွိ

One Championship ခ်န္ပီယံေဟာင္းေအာင္လအန္ဆန္ကလက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံရဲ႕အေျခေနေတြအရင္တိုင္းပဲရွိေနဆဲျဖစ္ေပမယ့္ အေျခေနေတြေကာင္းမြန္တိုးတက္လာမယ္လို႔ ယုံၾကည္ေၾကာင္း ဆိုပါတယ္။ေအာင္လအန္ဆန္က ” ပိုင္ဆိုင္တဲ့အရာရာတိုင္းကိုယူေဆာင္ခြင့္မရဘဲအသက္ရွင္ဖို႔ ထြက္ေျပးခြင့္ရတာကိုပဲေက်းဇူးတင္ရမယ္။ဒါဟာ ေဟာလီဝုဒ္႐ုပ္ရွင္ဇာတ္ကားတစ္ကားမဟုတ္ဘူး

ဒုကၡသည္ေတြရဲ႕ပုံေတြဟာျမန္မာႏိုင္ငံမွာျဖစ္ပ်က္ေနတဲ့အရာေတြပါ။ျမန္မာႏိုင္ငံေျမာက္ပိုင္းကေက်း႐ြာေတြကိုစြန္႔ခြာထြက္ေျပးရတဲ့ဒုကၡသည္စခန္းကလူေတြရဲ႕ပုံေတြျဖစ္တယ္။ျမန္မာႏိုင္ငံရဲ႕အေျခအေနဟာအရင္အတိုင္းပဲဘာမွမေျပာင္းလဲေသးေပမယ့္ျပည္သူေတြသန္မာႀကံ့ခိုင္ေအာင္ေနထိုင္ဖို႔လိုအပ္တယ္။လက္ရွိအခ်ိန္ဟာအာ႐ုံဦးမလာခင္အေမွာင္မိုက္ဆုံးအခ်ိန္ျဖစ္တယ္

ဒီအေမွာင္ေတြမၾကာခင္အဆုံးသတ္သြားမွာပါ။ျမန္မာျပည္သူေတြေတြ႕ႀကဳံခံစားေနရတာေတြကိုထပ္တူဝမ္းနည္းမိပါတယ္။ဒါေပမယ့္ကြၽန္ေတာ့္အေနနဲ႔ျမန္မာျပည္သူေတြကိုေမ့မထားဘူးဆိုတာသိေစလိုတယ္။” လို႔ေျပာပါတယ္

ေအာင္လအန္ဆန္ဟာOneChampionshipၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ကခ်င္တိုင္းရင္းသားတစ္ဦးျဖစ္ၿပီးမစ္ဒယ္ဝိတ္တန္းနဲ႔လိုက္ဟဲဗီးဝိတ္တန္းတို႔မွာခ်န္ပီယံဆုေတြရယူႏိုင္ခဲ့ေပမယ့္အဆိုပါကမာၻ႔ခ်န္ပီယံဆုေတြကိုၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလနဲ႔ ဒီႏွစ္ဧၿပီလတို႔မွာ နယ္သာလန္ႏိုင္ငံသား ႐ိုင္နီယာဒီရစ္ဒါ ကိုရႈံးနိမ့္ကာ စြန္႔လႊတ္လိုက္ရပါတယ္

ေအာင္လအန္ဆန္ဟာလက္ရွိအခ်ိန္မွာစြန္႔လႊတ္လိုက္ရတဲ့ခ်န္ပီယံဆုေတြျပန္ရယူႏိုင္ဖို႔ပစ္မွတ္ထားေနၿပီးဂ်ပန္တိုက္ခိုက္ေရးသမားအိုကာမီနဲ႔လည္းယွဥ္ၿပိဳင္ဖို႔ဆႏၵရွိေနတယ္လို႔သတင္းမ်ားထြက္ေပၚေနပါတယ္။Crd..fightermyanmar