(၂)လအရြယ္ သမီးေလးအပါအ၀င္ စိတ္မေကာင္းစရာ မိသားစုရဲ႕ သတင္း
မိသားစုလိုက္ ေခ်ာက္ထဲျပဳတ္က်ေသဆုံးခဲ့သည့္ျဖစ္စဥ္မွ ပါဂ်ဲရိုကားကို ျပန္လည္ဆယ္ယူရရွိ၊ အေလာင္းျပန္မေတြ႕ေသး
မိသားစုလိုက္ကားျဖင့္ ေခ်ာက္ထဲျပဳတ္က်ေသဆုံးခဲ့သည့္ျဖစ္စဥ္မွ ပါဂ်ဲရိုးကားကို ယေန႔ညေန ၆ နာရီခန႔္က ျပန္လည္ဆယ္ယူနိုင္ခဲ့ေသာ္လည္း အေလာင္းျပန္မေတြ႕ေသးေၾကာင္းသိရသည္။
ေရကန္အတြင္းမွ ကားကို ဆယ္ယူနိုင္ၿပီျဖစ္ေသာ္လည္း ကားတြင္ လူမေတြ႕ရွိေၾကာင္း
ဖားကန႔္ၿမိဳ႕ လူမႈကယ္ဆယ္ေရး အဖြဲ႕ဝင္တစ္ဦးက The 74 Media ကိုေျပာသည္။
“ကားကိုေတာ့ဆယ္နိုင္ၿပီ ကားထဲမွာ လူေတာ့မေတြ႕ေသးဘူး ကားေတာ့ရခဲ့ၿပီ။
ကေလးရဲ့ ေစာင္၊ ၿပီးေတာ့ စာရြက္စာတမ္းေတြေတာ့ ကားထဲမွာေတြ႕တယ္။ က်န္တာဘာမွမေတြ႕ဘူး” ဟုသူကေျပာသည္။
ေပ်ာက္ဆုံးေနသည့္ မိသားစုဝင္သုံးဦးကို Myanmar Rescue Phakant က ဆက္လက္ရွာေဖြေနေၾကာင္း သူကဆက္ေျပာသည္။
ကားတြင္ ေမာ္ေမာင္းလယန္အက်ိဳးတူ ကုမၸဏီမွ မန္ေနဂ်ာ အသက္ ၂၉ ႏွစ္အရြယ္ ကိုဒီးဒီး၊ အမ်ိဳးသမီးျဖစ္သူ အသက္ ၂၃ ႏွစ္အရြယ္ မနန္းဆိုသူႏွင့္ ႏွစ္လသားအရြယ္ သမီးတစ္ဦးပါဝင္ၿပီး
ဇြန္လ ၉ ရက္ေန႔ နံနက္က ယာဥ္မေတာ္တဆမႈျဖစ္ကာ ေရကန္ထဲထိုးက်သြားျခင္းျဖစ္သည္။
ကားမွာ ပါဂ်ဲရိုအမ်ိဳးအစား အိမ္စီးကားျဖစ္ၿပီး လူမႈကယ္ဆယ္ေရးအသင္းမ်ားက ရွာေဖြေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္းသိရသည္။
ဖားကန႔္ၿမိဳ႕နယ္ ေအးျမသာယာရပ္ကြက္ ေညာင္ကုန္းအနီးတြင္ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ကလည္ ကားတစ္စီးတိမ္းေမွာက္ခဲ့ၿပီ ယာဥ္ေမာင္းသူ လက္က်ိဳးသည့္ ဒဏ္ရာရရွိခဲ့သည္။
The 74 Media
unicode
(၂)လအရွယ် သမီးလေးအပါအဝင် စိတ်မကောင်းစရာ မိသားစုရဲ့ သတင်း
မိသားစုလိုက် ချောက်ထဲပြုတ်ကျသေဆုံးခဲ့သည့်ဖြစ်စဉ်မှ ပါဂျဲရိုကားကို ပြန်လည်ဆယ်ယူရရှိ၊ အလောင်းပြန်မတွေ့သေး
မိသားစုလိုက်ကားဖြင့် ချောက်ထဲပြုတ်ကျသေဆုံးခဲ့သည့်ဖြစ်စဉ်မှ ပါဂျဲရိုးကားကို ယနေ့ညနေ ၆ နာရီခန့်က ပြန်လည်ဆယ်ယူနိုင်ခဲ့သော်လည်း အလောင်းပြန်မတွေ့သေးကြောင်းသိရသည်။
ရေကန်အတွင်းမှ ကားကို ဆယ်ယူနိုင်ပြီဖြစ်သော်လည်း ကားတွင် လူမတွေ့ရှိကြောင်း
ဖားကန့်မြို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“ကားကိုတော့ဆယ်နိုင်ပြီ ကားထဲမှာ လူတော့မတွေ့သေးဘူး ကားတော့ရခဲ့ပြီ။
ကလေးရဲ့ စောင်၊ ပြီးတော့ စာရွက်စာတမ်းတွေတော့ ကားထဲမှာတွေ့တယ်။ ကျန်တာဘာမှမတွေ့ဘူး” ဟုသူကပြောသည်။
ပျောက်ဆုံးနေသည့် မိသားစုဝင်သုံးဦးကို Myanmar Rescue Phakant က ဆက်လက်ရှာဖွေနေကြောင်း သူကဆက်ပြောသည်။
ကားတွင် မော်မောင်းလယန်အကျိုးတူ ကုမ္ပဏီမှ မန်နေဂျာ အသက် ၂၉ နှစ်အရွယ် ကိုဒီးဒီး၊ အမျိုးသမီးဖြစ်သူ အသက် ၂၃ နှစ်အရွယ် မနန်းဆိုသူနှင့် နှစ်လသားအရွယ် သမီးတစ်ဦးပါဝင်ပြီး
ဇွန်လ ၉ ရက်နေ့ နံနက်က ယာဉ်မတော်တဆမှုဖြစ်ကာ ရေကန်ထဲထိုးကျသွားခြင်းဖြစ်သည်။
ကားမှာ ပါဂျဲရိုအမျိုးအစား အိမ်စီးကားဖြစ်ပြီး လူမှုကယ်ဆယ်ရေးအသင်းများက ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။
ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် ညောင်ကုန်းအနီးတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည် ကားတစ်စီးတိမ်းမှောက်ခဲ့ပြီ ယာဉ်မောင်းသူ လက်ကျိုးသည့် ဒဏ်ရာရရှိခဲ့သည်။
The 74 Media