မိုးကြီးရေလျှံသတိထားရမယ့် ဒေသများကို ပြောပြလာတဲ့ မိုးမင်းသမီးလေး စုစုစံ ⛈⛈⛈
12/06/2022
12/06/2022 at 7:20AM(MMT)
Su Su San
unicode
မိုးကြီးရေလျှံသတိထားရမယ့် ဒေသများကို ပြောပြလာတဲ့ မိုးမင်းသမီးလေး စုစုုစံ ⛈⛈⛈
12/06/2022
ပူတာအိုခရိုင်မြစ်ကြီးနားခရိုင်မိုးညှင်းခရိုင် ထူးကဲမိုးတွေရွာနိုင်ပြီး ကချင်ပြည်နယ်တွင်မိုးကြီးရေလျှံနိုင်ပါတယ်
အထူးသဖြင့် မြစ်ကြီးနား ချီဗွေ ဝိုင်းမော် ဝါရှောင် ဆဒုံး ကန်ပိုက်တီ လိုင်ဇာ ဒေသများတွင် မိုးကြီးရေလျှံနိုင်ပါတယ်
ရခိုင်ပြည်နယ် ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း နေပြည်တော် မွန်ပြည်နယ် ကရင်ပြည်နယ် ကချင်ပြည်နယ် ဒေသတွေမှာမိုးရွာနိုင်ပြီး ကချင်ပြည်နယ် မိုးကြီးရေလျှံနိုင်ပါတယ်
ဖားကန့် လုံးခင်း ကံဆီ တနိုင်း ကာမိုင်း မိုးကောင်းမြစ်ကြီးနား 🌧🌧🌧🌧🌧🌧🌧
နေပြည်တော်ပြည်ထောင်စုနယ်မြေ မိုးရွာနိုင်ပြီး တပ်ကုန်း ရမည်းသင်း ညောင်လွန့် မိုးအသင့်အတင်ရွာနိုင်ပါတယ်
12/06/2022 at 7:20AM(MMT)
Su Su San
နေ့စဉ်မိုးလေဝသသတင်း (၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော် အခြေအနေ ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၃၀)မှ(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။မိုးအသင့်အတင့် ထစ်ချုန်းရွာပြီးတစ်ခါတစ်ရံသည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်။