မိုးေလ၀သ

ပိတောက်မိုး ၂၀၂၂ ၈ရက်နေ့ ၉ရက်နေ့တွေမှာ မိုးရွာပြီးအပူလျော့ကျ သွားစေမယ့်ဒေသများကို ခန့်မှန်ပေးတဲ့ စုစုစံ























ရွှေညောင်တောင်ကြီး ပင်းတယ ရွာငံ ဗထူး ရပ်စောက် ဒေသတွေမှာ မိုးရွာမှာဖြစ်လို့ စက်သုံးဆီဈေးရောင်းလိုအားကျဆင်းသွားပါလိမ့်မယ် ခန့်မှန်းချိန် 06/04/2022









Crd

Unicode

ပိတောက်မိုး ၂၀၂၂ ၈ရက်နေ့ ၉ရက်နေ့တွေမှာ ရန်ကုန်ကုန်တိုင်း ပဲခူးတိုင်း ၁၀ရက်နေ့မှာ မွန်ပြည်နယ် ကရင်ပြည်နယ် တွေမှာ မိုးရွာပြီးအပူလျော့ကျ သွားစေပါလိမ့်မယ်

ရေထိမခံနိုင်သော လုပ်ငန်းလုပ်ဆောင်နေကြသူများ ပျက်စီးမှုမရှိအောင် စီစဥ်ဆောင် ရွက်ထားကြပါ ခန့်မှန်းချိန် 06/04/2022

ကော့သောင်းကျွန်းစုများအနောက်တောင်ဖက်ကို Tropical low pressure cell တွေရောက်ရှိစုဖွဲ့နေပါတယ် ဧပြီလ ၅ရက်နေ့ ၆ရက်နေ့ ကော့သောင်းခရိုင် ကော့သောင်းကျွန်းစုများမှာ မိုးကြီးလေထန်နိုင်ပါတယ်

၂၀၂၂ ဧပြီလ ၆ရက်နေ့ ၇ရက်နေ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းတုံခရိုင် ဒေသတွေမှာ မိုးရွာနိုင်ပါတယ် လျှပ်စီးမိုးအန္တရာယ်ရှိပါတယ် ခန့်မှန်းချိန် 06/04/2022

ဧရာဝတီမြစ်ရေ သတိ…၂၀၂၂ ဧပြီလတွင် ကချင်ပြည်နယ်အထက်ပိုင်းရွာသွန်းမြဲထက်၂ဆ ပိုမိုရွာသွန်းနိုင်ပြီး မေလမှာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်မယ့်မုန်းတိုင်ရဲ့ UAC တွေကြောင့်

ရွာသွန်းမြဲထက် ၃ဆရွာသွန်းနိုင်သဖြင့် ဧရာဝတီမြစ်ရေသည် ယခင်နှစ်တွေထက် စောစီးစွာ စိုးရိမ်ရေမှတ်များကိုရောက်ရှိလာနိုင်ပါတယ် လအဝေးကြီးကထဲကလည်း

ကျွန်းစိုက်တောင်သူများကိုသတိပေးပြီးဖြစ်ပါတယ် ပျက်စီးမှုမရှိအောင်အတတ်နိုင်ဆုံး စီစဥ်ဆောင်ရွက်ကြပါလို့အကြံပြုလိုက်ပါတယ်နော်

08/04/2022 နေ့မှာဘင်္ဂလားပင်လယ်အော်မှာဖြစ်နိုင်တဲ့ depression မုန်တိုင်းငယ်က မြန်မာနိုင်ငံကို မိုးပေးနိုင်ပါတယ်

အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းနေပြီး update weather forecast ခန့်မှန်းချက်တွေကို အချိန်နှင့်တပြေးညီတင်ပေးနေမယ်နော်

မေမုန်တိုင်းနှင့်မကွေးတိုင်း ၂၀၂၂ မေလတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို မုန်တိုင်းငယ်တစ်လုံးဝင်ရောက်နိုင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် မကွေးတိုင်းတွေမှာ မိုးများစွာရွာသွန်းနိုင်ကာ

မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက်ကမ်းရှိ ရခိုင်ရိုးမပေါ်တွင်မိုးများစွာရွာသွန်းနိုင်သဖြင့် ရခိုင်ရိုးမကိုချောင်းဖျားခံသော မြစ်ချောင်းများ ရေကြီးရေလျှံအန္တရာယ်ရှိသလို

ဆည်တမံကြီးများလည်း ကြံခိုင်မှုရှိအောင် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါကြောင်းအကြံပြုလိုက်ရပါတယ် ခန့်မှန်းချိန် 06/04/2022

မင်းဂွတ်သီးလေးရဲ့ long kick သဖန်းဆိပ်ဆည်ရေတိုးမေဦးမိုး မူးမြစ်ရေသတိ ၂၀၂၂ မေလတွင် BOB မုန်တိုင်းမိုးက ဟားခါးတီးတိန် ကလေး ကလေးဝ မင်းကင်း မော်လိုက် ခမ်းပတ် တမူး

ဖောင်းပြင် ပင်လည်ဘူး ဝန်းသို ကောလင်း ဗန်းမောက် ကျွန်းလှ ကန့်ဘလူ တန့်ဆည့် ကံထူးမ ဒီပဲယင်း ရေဦးခင်ဦး ရွှေဘို ကာဘိုး

ဇီးကုန်း ထန်းကုန်း ဒေသတွေမှာမိုးများစွာရွာသွန်းနိုင်သဖြင့် မူးမြစ်ရေများစွာတိုးလာနိုင်ပါတယ် ဒေါင်းမြူးချောင်းရေသတိပြုပါ

စပါးကျီရဲ့မိုးရာသီ မင်းဂွတ်သီးလေးရဲ့ Long Kick ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းအနောက်ပိုင်းဒေသများသည် စပါးစိုက်ပျိုးမြေဧကများစွာပိုင်ဆိုင်ထားကြပါတယ် ၂၀၂၂ မိုးရရှိနိုင်မှုအခြေအနေကတော့

ဧပြီ မေ ဇွန် မိုးဆက်တိုက်ရွာသွန်းနိုင်ပြီး စောစောစိုက်ပျိုးနိုင်ကြပါလိမ့်မယ် ဇူလိုင်သြဂတ်စ်လတွေမှာတော့ မိုးရွာသွန်းမှု အနည်းငယ်လျော့နည်းနိုင်သော်လည်လည်း အောက်တိုဘာလမှာ စပါးအောင်ရေမိုးတွေရရှိနိုင်ပါတယ်

မင်းဂွတ်သီးလေးကစိုက်ပျိုးရေးပညာရှင်မဟုတ်တဲ့အတွက် ဘယ်စပါးဘယ်မျိုးစိုက်ပါလို့အကြံမပေးနိုင်ပါဘူး စပါးစိုက်ပျိုးကြသူများအနေနဲ့ မင်းဂွတ်သီးလေးရဲ့

မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုမူတည်ပြီး စိုက်ပျိုးရေးပညာရှင်များရဲ့အကြံဉာဏ်များရယူကာ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကြပါစေ

၂၀၂၂ သြဂတ်စ် လအတွင်း စစ်ကိုင်းတိုင်းအောက်ပိုင်း ကျွန်းလှ သဖန်းဆိပ် ကန့်ဘလူ ကင်းတပ် မှော်တော် လင်ဗန်း တောက်ကရှပ် ထန်းကုန်း ထန်းတပင် ဇီးကုန်း ကာဘိုး

တန့်ဆည် ကန်ထူးမ ရေဦး ခင်ဦး ဒီပဲယင်းဒေသတွေမှာ ရွာသွန်းမြဲထက် ၃ဆ ပိုမိုရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံသတိပြုရပါလိမ့်မယ် မင်းဂွတ်သီးလေးရဲ့ Long kick ပါနော်

ဂေါ်ဖီပန်းတွေကခုန်မြူးမယ် ၂၀၂၂ ဧပြီလ ၈ရက်နေ့ ၉ရက်နေ့တို့တွင် ရှမ်းပြည်နယ်တောင်ပိုင်း မုန်ညှင်း ဂေါ်ဖီထုတ် ပန်းဂေါ်ဖီစိုက်ပျိုးကြတဲ့ ပင်လောင်း နောင်တရား ကလော အောင်ပန်း ဟဲဟိုး ညောင်ရွှေ အင်းလေး

ရွှေညောင်တောင်ကြီး ပင်းတယ ရွာငံ ဗထူး ရပ်စောက် ဒေသတွေမှာ မိုးရွာမှာဖြစ်လို့ စက်သုံးဆီစျေးရောင်းလိုအားကျဆင်းသွားပါလိမ့်မယ် ခန့်မှန်းချိန် 06/04/2022

ရွာမယ်လေ နွေအလွန်မိုးတွေရွာမယ်လေ စိုစိုရွှဲလို့သွားပါစေ ၂၀၂၂ ဧပြီလ ၉ရက်နေ့မှာ ကျောက်ဆည် စဥ့်ကိုင် တံတားဦး ပုလိပ် ဇီးခြံ တောင်တမံအင်း အမရပူရ အင်းဝ စစ်ကိုင်း ခိုတောင်

မန္တလေး ပုသိမ်ကြီး အုန်းချော အနီးစခန်းမေမြို့ မိုးကုတ် သပိတ်ကျင်း နွယ်ရုံ ကျည်တောက်ပေါက် လက်ပံလှ မတ္တရာ စဥ့်ကူး ကျောက်မြောင်း ရွှေဘို လှတော ဝက်လက် ဟံလင်း

ဆားတောင် ကျော်ဇေယျာ မြင်းမူ ရွာသစ်ကြီး မင်းကွန်း မိုးတွေရွာပြီးအပူလျော့စေပါလိမ့်မယ် ခန့်မှန်းချိန် 06/04/2022

တောင်ပြာတွေငိုနေပြီနန်းရယ် မိုးမင်းရဲ့အငြိုးတွေကြောင့်ဖြစ်မယ် လအဝေးကြီးထဲက ခန့်မှန်းပေးခဲ့တဲ့ လွိုင်မွေတောင် ဧပြီမိုး ကံစွတ်ပြီးမှန်တာပါလို့တော့မပြောနဲ့နော်

မင်းဂွတ်လေးရဲ့ နာမည်ကျော် Long kick တွေအများကြီးပဲ အားလုံးကံစွတ်မှန်တာပါဆိုရင် မင်းဂွတ်သီးလေးလို လအဝေးကြီးခန့်မှန်းရဲ့ကြရဲ့လား 06/04/2022

ဇူလိုင်မိုး ၂၀၂၂ Long kick ၂၀၂၂ ဇူလိုင်လတွင် စစ်ကိုင်းတိုင်းရွှေဘိုခရိုင် ကန့်ဘလူခရိုင် ကောလင်းခရိုင် ကသာခရိုင်တွေမှာ ရွာသွန်းမြဲထက်၂ဆ ပိုမိုရွာသွန်းနိုင်ပြီး သဖန်းဆိပ်ဆည်ရေများစွာဝင်ရောက်လာနိုင်ပါတယ်

မန္တလေးတိုင်း မိတ္ထီလာခရိုင် ရမည်းသင်းခရိုင်မြင်းခြံခရိုင် မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင် ဒေသတွေမှာလည်းဇူလိုင်မိုးတွေရွာနိုင်ပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ခရိုင် ကချင်ပြည်နယ် ဗန်းမော်ခရိုင်

မြစ်ကြီးနားခရိုင်တွေမှာမိုးကြီးနိုင်ပြီး မြစ်ကြီးနား ဝိုင်းမော် ဝါရှောင် ဆဒုံး ကန်ပိုက်တီ လွယ်ဂျယ် လိုင်ဇာဒေသများတွင် မိုးကြီးရေလျှံ တောင်ပြိုလမ်းပိတ်အန္တရာယ်ရှိနိုင်ကာ တာပိန်မြစ်ရွှေလီမြစ် ရေကြီးနိုင်ပါတယ် ခန့်မှန်းချိန် 06/04/2022

Crd