ဂျပန်လူမျိုးတွေလို ကြမ်းပေါ်မှာ အိပ်တဲ့အခါ ရရှိလာမယ့် အကျိုးကျေးဇူးများ
ဂျပန်လူမျိုးတွေလို ကြမ်းပေါ်မှာ အိပ်တဲ့အခါ ဒီလိုအကျိုးကျေးဇူးတွေ ရလာမှာပါ
ဂျပန်နိုင်ငံဆိုတာနဲ့ နည်းပညာတွေ အရမ်းကို ဖွံ့ဖြိုးတိုးတက်ပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးတွေ ရှိနေတဲ့ နိုင်ငံတစ်ခုကို ပြေးမြင်မိတတ်ကြပါတယ်။
ယဉ်ကျေးမှုတွေ ကြီးမားပြီးတော့ ရိုးရာကို အမြတ်တနိုးထားတဲ့ ခေတ်မှီတဲ့ လူ့အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ဟာလည်း အရမ်းကို လှပတာကြောင့် လူတိုင်းက ဂျပန်ကို ရောက်ဖူးချင်ကြပါတယ်။
အဲဒါဆို ဂျပန်လူမျိုးတွေက ကြမ်းပြင်မှာ ဘာကြောင့်အိပ်ကြသလဲ။ ဇာတ်ကားတွေ ကြည့်ရင်ဖြစ်ဖြစ်၊ Anime တွေ ကြည့်ရင်ပဲဖြစ်ဖြစ် ဂျပန်လူမျိူးတွေဟာ ကုတင်တွေ၊ မွေ့ရာတွေကို သိပ်အသုံးပြုတာတွေ့ရမှာ မဟုတ်ပါဘူး။
ဒါဟာ အိပ်ခန်းကို နေရာသိပ်မယူသလို သဘာဝကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိလို့ပဲဖြစ်ပါတယ်။
ဒါဆို ဘာတွေလဲ ဆိုတာသိဖို့ တူတူလေ့လာကြည့် လိုက်ရအောင်။
၁။ နာကျင်မှုကို သက်သာစေတယ်။
ကြမ်းပြင်ပေါ်မှာ အိပ်စက်ခြင်းက သင့်ကို ကျောရိုးနာတာကနေ သက်သာစေပါတယ်။
ကျောရိုးနာတာဟာ အသက်မရွယ်မရွေးဖြစ်တတ်ပြီးတော့ တော်တော်ကိုခံစားရခက်စေပါတယ်။
မွေ့ရာပေါ်မှာ နှစ်ရှည်လများစွာ အိပ်စက်ခြင်းက အစပိုင်းမှာ နူးညံ့ပေမယ့် ကြာလာရင်တော့ မွေ့ရာက အတွင်းကို ချိုင့်ဝင်သွားတာကြောင့် သင့်ရဲ့ကျောရိုးပုံစံကို ပျက်စေပါတယ်။
၂။ ကျောရိုးဖြောင့်စေတယ်။
ခေါင်းအုံးမပါပဲ အိပ်စက်တာက သင့်ကျောရိုးကို အဖြောင့်အတိုင်း ဖြစ်စေပြီးတော့ အသက်ရှူရတာကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။
ခေါင်းအုံးနဲ့အိပ်စက်တဲ့အခါ မြင့်နေရင် အသက်ရှူလမ်းကြောင်းကို ခေါက်စေပြီးတော့ နိမ့်လွန်းရင်လဲ အိပ်ရတာ အဆင်မပြေစေပါဘူး။
ဒါကြောင့် သဘာဝအတိုင်း အိပ်စက်တာက သင့်ကိုအကျိုးရှိစေမှာပါ။
၃။ သွေးလည်ပတ်မှုကို ကောင်းစေတယ်။
ကြမ်းပြင်ပေါ်မှာ အိပ်တာက အကြောထုံးတာတွေ၊ တဆစ်ဆစ်ကိုက်တာတွေကို ကာကွယ်ပေးပါတယ်။
မွေ့ရာပေါ်မှာ အိပ်တဲ့အခါ ခန္ဓာကိုယ်က ကွေးသွားပြီး နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်လာစေပါတယ်။
၄။ မနက်ထရတာ လန်းဆန်းစေတယ်။
ခေါင်းအုံးနဲ့အိပ်စက်ရင် ခေါင်းကိုက်တာကိုတော့ အနည်းအကျဉ်း ခံစားရဖူးမှာပါ။
ကြမ်းပြင်ပေါ်မှာ ဒီတိုင်းအိပ်ရင်တော့ သင်မနက်အိပ်ယာထရင် ခေါင်းကိုက်မှုရှိစေမှာမဟုတ်ပါဘူး။
စစပိုင်းမှာတော့ ခေါင်းနာကျင်ပေမယ့် နောက်ပိုင်းကျင့်သားရသွားရင် သင်ခေါင်းအုံးတောင် လိုချင်တော့မှာမဟုတ်ပါဘူး
၅။ သင့်ကို ငွေကုန်ကြေးကျ သက်သာစေတယ်။
လူတစ်ယောက်ဟာ အိပ်ယာပေါ်မှာ သုံးဖို့အတွက် နှစ်စဉ်ဒေါ်လာ (၁၀၀၀) လောက် ကုန်ပါတယ်။
အိပ်ယာခင်းဝယ်လိုက်၊ ခေါင်းအုံးဝယ်လိုက်၊ အစွပ်ဝယ်လိုက်၊ ဖက်လုံးဝယ်လိုက်စတဲ့ဟာတွေ ဝယ်လို့ကို မကုန်နိုင်ပါဘူး။
ကြမ်းပြင်ပေါ်မှာ အိပ်စက်တာကတော့ သင့်ကိုဒေါ်လာထောင်နဲ့ ချီပြီးတော့ကို သက်သာစေမှာပါပဲ။
ကြမ်းပြင်ပေါ်မှာ အိပ်စက်တာကို ရှောင်သင့်တဲ့သူတွေလဲ ရှိပါတယ်။ ဒါတွေကတော့
(၁) ဓာတ်မတည့်တတ်သူ
ဘာကြောင့်လဲဆိုတော့ ကြမ်းပြင်ပေါ်မှာ ဖုန်တွေစုနေတတ်တာကြောင့် မအိပ်သင့်တာပါ။ မတော်တဆရှူမိရင် နှာစေးတာတွေ နှာချေတာတွေဖြစ်လာနိုင်ပါတယ်။
(၂) အရိုးရောဂါရှိတဲ့သူ
အရိုးရောဂါရှိသူတွေဟာလည်း ကြမ်းပြင်မှာ အိပ်စက်ဖို့ မသင့်ပါဘူး။ အဲဒီလို အိပ်စက်ခြင်းက သင့်အဆစ်တွေကို နာကျင်စေပြီးတော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေလို့ပါ။
(၃) အသက်အရွယ်ကြီးသူတွေ
အသက်အရွယ်ကြီးသူတွေကတော့ ထိုင်ရထရခက်ခဲတာကြောင့် ကြမ်းပြင်မှာ အိပ်မယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။
(၄) အအေးမိလွယ်သူ
ဒါကလည်း သတိပြုသင့်တဲ့ အခြေအနေပါပဲ။ ကိုယ်ကလွယ်လွယ်နဲ့ ဖျားတတ်သူဆိုရင်တော့ ကြမ်းပြင်မှာ မအိပ်တာ အကောင်းဆုံးပါပဲ။
Credit
zawgyi
ဂ်ပန္လူမ်ိဳးေတြလို ၾကမ္းေပၚမွာ အိပ္တဲ့အခါ ရရွိလာမယ့္ အက်ိဳးေက်းဇူးမ်ား
ဂ်ပန္လူမ်ိဳးေတြလို ၾကမ္းေပၚမွာ အိပ္တဲ့အခါ ဒီလိုအက်ိဳးေက်းဇူးေတြ ရလာမွာပါ
ဂ်ပန္ႏိုင္ငံဆိုတာနဲ႔ နည္းပညာေတြ အရမ္းကို ဖြံ႕ၿဖိဳးတိုးတက္ၿပီး ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးေတြ ရွိေနတဲ့ ႏိုင္ငံတစ္ခုကို ေျပးျမင္မိတတ္ၾကပါတယ္။
ယဥ္ေက်းမႈေတြ ႀကီးမားၿပီးေတာ့ ႐ိုးရာကို အျမတ္တႏိုးထားတဲ့ ေခတ္မွီတဲ့ လူ႔အဖြဲ႕အစည္းလည္း ျဖစ္ပါတယ္။
သဘာဝပတ္ဝန္းက်င္ဟာလည္း အရမ္းကို လွပတာေၾကာင့္ လူတိုင္းက ဂ်ပန္ကို ေရာက္ဖူးခ်င္ၾကပါတယ္။
အဲဒါဆို ဂ်ပန္လူမ်ိဳးေတြက ၾကမ္းျပင္မွာ ဘာေၾကာင့္အိပ္ၾကသလဲ။ ဇာတ္ကားေတြ ၾကည့္ရင္ျဖစ္ျဖစ္၊ Anime ေတြ ၾကည့္ရင္ပဲျဖစ္ျဖစ္ ဂ်ပန္လူမ်ိဴးေတြဟာ ကုတင္ေတြ၊ ေမြ႕ရာေတြကို သိပ္အသုံးျပဳတာေတြ႕ရမွာ မဟုတ္ပါဘူး။
ဒါဟာ အိပ္ခန္းကို ေနရာသိပ္မယူသလို သဘာဝကေပးတဲ့ က်န္းမာေရး အက်ိဳးေက်းဇူးေတြကို ရရွိလို႔ပဲျဖစ္ပါတယ္။
ဒါဆို ဘာေတြလဲ ဆိုတာသိဖို႔ တူတူေလ့လာၾကည့္ လိုက္ရေအာင္။
၁။ နာက်င္မႈကို သက္သာေစတယ္။
ၾကမ္းျပင္ေပၚမွာ အိပ္စက္ျခင္းက သင့္ကို ေက်ာ႐ိုးနာတာကေန သက္သာေစပါတယ္။
ေက်ာ႐ိုးနာတာဟာ အသက္မ႐ြယ္မေ႐ြးျဖစ္တတ္ၿပီးေတာ့ ေတာ္ေတာ္ကိုခံစားရခက္ေစပါတယ္။
ေမြ႕ရာေပၚမွာ ႏွစ္ရွည္လမ်ားစြာ အိပ္စက္ျခင္းက အစပိုင္းမွာ ႏူးညံ့ေပမယ့္ ၾကာလာရင္ေတာ့ ေမြ႕ရာက အတြင္းကို ခ်ိဳင့္ဝင္သြားတာေၾကာင့္ သင့္ရဲ႕ေက်ာ႐ိုးပုံစံကို ပ်က္ေစပါတယ္။
၂။ ေက်ာ႐ိုးေျဖာင့္ေစတယ္။
ေခါင္းအုံးမပါပဲ အိပ္စက္တာက သင့္ေက်ာ႐ိုးကို အေျဖာင့္အတိုင္း ျဖစ္ေစၿပီးေတာ့ အသက္ရႉရတာကိုလည္း အေထာက္အကူ ျဖစ္ေစပါတယ္။
ေခါင္းအုံးနဲ႔အိပ္စက္တဲ့အခါ ျမင့္ေနရင္ အသက္ရႉလမ္းေၾကာင္းကို ေခါက္ေစၿပီးေတာ့ နိမ့္လြန္းရင္လဲ အိပ္ရတာ အဆင္မေျပေစပါဘူး။
ဒါေၾကာင့္ သဘာဝအတိုင္း အိပ္စက္တာက သင့္ကိုအက်ိဳးရွိေစမွာပါ။
၃။ ေသြးလည္ပတ္မႈကို ေကာင္းေစတယ္။
ၾကမ္းျပင္ေပၚမွာ အိပ္တာက အေၾကာထုံးတာေတြ၊ တဆစ္ဆစ္ကိုက္တာေတြကို ကာကြယ္ေပးပါတယ္။
ေမြ႕ရာေပၚမွာ အိပ္တဲ့အခါ ခႏၶာကိုယ္က ေကြးသြားၿပီး ႏွလုံးေသြးေၾကာနဲ႔ပတ္သက္တဲ့ျပႆနာေတြျဖစ္လာေစပါတယ္။
၄။ မနက္ထရတာ လန္းဆန္းေစတယ္။
ေခါင္းအုံးနဲ႔အိပ္စက္ရင္ ေခါင္းကိုက္တာကိုေတာ့ အနည္းအက်ဥ္း ခံစားရဖူးမွာပါ။
ၾကမ္းျပင္ေပၚမွာ ဒီတိုင္းအိပ္ရင္ေတာ့ သင္မနက္အိပ္ယာထရင္ ေခါင္းကိုက္မႈရွိေစမွာမဟုတ္ပါဘူး။
စစပိုင္းမွာေတာ့ ေခါင္းနာက်င္ေပမယ့္ ေနာက္ပိုင္းက်င့္သားရသြားရင္ သင္ေခါင္းအုံးေတာင္ လိုခ်င္ေတာ့မွာမဟုတ္ပါဘူး
၅။ သင့္ကို ေငြကုန္ေၾကးက် သက္သာေစတယ္။
လူတစ္ေယာက္ဟာ အိပ္ယာေပၚမွာ သုံးဖို႔အတြက္ ႏွစ္စဥ္ေဒၚလာ (၁၀၀၀) ေလာက္ ကုန္ပါတယ္။
အိပ္ယာခင္းဝယ္လိုက္၊ ေခါင္းအုံးဝယ္လိုက္၊ အစြပ္ဝယ္လိုက္၊ ဖက္လုံးဝယ္လိုက္စတဲ့ဟာေတြ ဝယ္လို႔ကို မကုန္ႏိုင္ပါဘူး။
ၾကမ္းျပင္ေပၚမွာ အိပ္စက္တာကေတာ့ သင့္ကိုေဒၚလာေထာင္နဲ႔ ခ်ီၿပီးေတာ့ကို သက္သာေစမွာပါပဲ။
ၾကမ္းျပင္ေပၚမွာ အိပ္စက္တာကို ေရွာင္သင့္တဲ့သူေတြလဲ ရွိပါတယ္။ ဒါေတြကေတာ့
(၁) ဓာတ္မတည့္တတ္သူ
ဘာေၾကာင့္လဲဆိုေတာ့ ၾကမ္းျပင္ေပၚမွာ ဖုန္ေတြစုေနတတ္တာေၾကာင့္ မအိပ္သင့္တာပါ။ မေတာ္တဆရႉမိရင္ ႏွာေစးတာေတြ ႏွာေခ်တာေတြျဖစ္လာႏိုင္ပါတယ္။
(၂) အ႐ိုးေရာဂါရွိတဲ့သူ
အ႐ိုးေရာဂါရွိသူေတြဟာလည္း ၾကမ္းျပင္မွာ အိပ္စက္ဖို႔ မသင့္ပါဘူး။ အဲဒီလို အိပ္စက္ျခင္းက သင့္အဆစ္ေတြကို နာက်င္ေစၿပီးေတာ့ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးက ပိုမ်ားေနလို႔ပါ။
(၃) အသက္အ႐ြယ္ႀကီးသူေတြ
အသက္အ႐ြယ္ႀကီးသူေတြကေတာ့ ထိုင္ရထရခက္ခဲတာေၾကာင့္ ၾကမ္းျပင္မွာ အိပ္မယ္ဆိုရင္ေတာ့ အဆင္မေျပႏိုင္ပါဘူး။
(၄) အေအးမိလြယ္သူ
ဒါကလည္း သတိျပဳသင့္တဲ့ အေျခအေနပါပဲ။ ကိုယ္ကလြယ္လြယ္နဲ႔ ဖ်ားတတ္သူဆိုရင္ေတာ့ ၾကမ္းျပင္မွာ မအိပ္တာ အေကာင္းဆုံးပါပဲ။
Credit



