ၾကားသိရသမွ်

Halloween ညမှာ ဗုဒ္ဓမြတ်စွာဘုရားအဖြစ်ဝတ်ဆင်ခဲ့လို့ အကြီးအကျယ်ဝေဖန်ခံနေရတဲ့ influencer တစ်ဦး

မြန်မာနိုင်ငံကဲ့သို့ ထိုင်းနိုင်ငံတွင်နေထိုင်ကြတဲ့လူအများစုဟာ ဗုဒ္ဓဘာသာကို ဆယ်စုနှစ်များစွာကြာအောင် ယုံကြည်ကိုးကွယ်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာ၏အဆုံးအမကိုလိုက်နာကျင့်ကြံရန်၊ ကုသိုလ်ကောင်းမှုပြုရန် သွန်သင်ဆုံးမခြင်းကိုခံကြရပါတယ်။ ထို့ကြောင့် ကျွန်တော်တို့က ဗုဒ္ဓကဲ့သို့လေးစားထိုက်သော ဘာသာရေးအသွင်ဆောင်သည့် ဝတ်စားဆင်ယင်မှုကိုရွေးချယ်တဲ့အခါမှာ အချို့သောအင်တာနက်အသုံးပြုသူများအတွက် အရိုအသေမရှိခြင်း သို့မဟုတ် မသင့်လျော်ခြင်းဟုယူဆကြပါတယ်။ သို့ပေမဲ့ ဘန်ကောက်ရှိ ထိုင်း influencer တစ်ဦးဟာ လူ့အဖွဲ့အစည်း၏စံနှုန်းများကိုစိန်ခေါ်ခဲ့ကာ Halloween ညတွင် ဗုဒ္ဓအဖြစ်ဝတ်ဆင်ခဲ့ခြင်းကြောင့် လူအများရဲ့ဝေဖန်ခြင်းကိုခံခဲ့ရပါတယ်။

အောက်တိုဘာလ 31 ရက်နေ့တွင် Facebook ၌ နာမည်ကြီး Thai influencer တစ်ဦးဖြစ်တဲ့ Nut Nisamanee Lertwrapong ဟာ Halloween ညအတွက်ရိုက်ကူးထားတဲ့ “Buddha” အဖြစ်ဝတ်ဆင်ထားသည့်ဓာတ်ပုံများကို သူမရဲ့တရားဝင် Facebook page Sabudprang မှာတင်ခဲ့ပါတယ်။

ဓာတ်ပုံများတွင် Nisamanee က လက်ထဲတွင် ကြာပန်းနှင့် အဝါရောင်သင်္ကန်းကို ဝတ်ဆင်ထားပြီး ဗုဒ္ဓ၏ အဆုံးအမများကိုနောက်ခံထားတဲ့ပန်းချီကားတစ်ချပ်ကိုပါ မြင်တွေ့ရပါတယ်။ Facebook မှာတင်ထားတဲ့ post ဟာ အင်တာနက်အသုံးပြုသူတွေရဲ့အာရုံစိုက်မှုများစွာကိုခံခဲ့ရပြီး Nisamanee က သူမရဲ့ post အကြောင်းကို comment section မှာ အသေးစိတ်ရှင်းပြထားခဲ့ပါတယ်။

ထို့ပြင် “ ဒီနှစ်မှာ ကျွန်မရဲ့ Halloween ဝတ်စုံအတွက်၊ အငြင်းပွားစရာဖြစ်စေချင်ပါတယ်၊ လူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့အမြင်တွေရှိနေလို့ ဘာသာရေးယုံကြည်ချက်နဲ့ ပတ်သက်ပြီး လူတွေရဲ့ကိုယ်ပိုင်အမြင်တွေကို ဖလှယ်စေချင်ပါတယ် ၊ ဘာသာမတူတဲ့အယူအဆတွေ အတွေးအမြင်တွေစိန်ခေါ်ခံရတဲ့အခါ လူတွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းပြီး ကျွန်မက ဘယ်သူ့ကိုမှစော်ကားဖို့လည်း မရည်ရွယ်ပါဘူး ” လို့ Net idol ဖြစ်တဲ့ Nisamanee က သူမရဲ့ IG story မှာတင်ထားခဲ့ပါတယ်။

သူမက “ ဒါကို အဆိုးမြင်စိတ်နဲ့ကြည့်မယ်ဆိုရင် ပြဿနာဖြစ်စေပါတယ်၊ ဒါမယ့် အပြုသဘောနဲ့ကြည့်ရင်တော့ ပြဿနာမဖြစ်စေပါဘူး ” ဆိုပြီး post တင်ပြီးနောက်မှာတော့ အင်တာနက်သုံးစွဲသူအတော်များများက သူမရဲ့ဖက်ရှင်ရွေးချယ်မှုနဲ့ပတ်သက်ပြီး မှတ်ချက်တွေပေးခဲ့ကြပါတယ်။

Facebook အသုံးပြုသူအများအပြားက ထိလွယ်ရှလွယ်တဲ့ပြဿနာကိုဖြေရှင်းဖို့ သူမရဲ့ရဲစွမ်းသတ္တိအတွက် influencer အား ချီးကျူးခဲ့ကြပေမဲ့ အခြားသောအင်တာနက်အသုံးပြုသူများက သူမရဲ့ဝတ်စားဆင်ယင်မှုဟာ ဗုဒ္ဓဘာသာအပေါ် ရိုင်းစိုင်းပြီးမလေးစားကြောင်း၊ လက်ခံပေးစရာအကြောင်းမရှိကြောင်းစတဲ့ အနုတ်သဘောဆန်တဲ့မှတ်ချက်များစွာဖြင့် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဟုတ်ပါတယ်၊ Nisamanee အနေနဲ့ ဗုဒ္ဓဘာသာကိုယုံကြည်သည်ဖြစ်စေ ၊ မယုံကြည်သည်ဖြစ်စေ သူမအနေနဲ့ ယုံကြည်သူအခြားသူများရဲ့အတွေးအမြင်များကိုလေးစားသင့်ပြီး သူမလုပ်ဆောင်မဲ့အရာကို အမြဲဂရုတစိုက် စဉ်းစားထားသင့်ပါတယ်။ စာဖတ်သူတို့အနေနဲ့ကော Nisamanee ရဲ့လုပ်ရပ်ကို ဘယ်လိုထင်မြင်ပါသလဲဗျာ။

JRose (KB Chimmy One)

Reference :