ဘီဘီစီမြန်မာပိုင်း
“ကျွန်တော်တို့(မိသားစု) က သေကွဲရော ရှင်ကွဲပါ ကွဲနေရတဲ့ပုံစံဖြစ်နေတာ”
ကိုကိုအောင်ထက်နိုင်(ညီညီအောင်ထက်နိုင်ရဲ့ အမြွှာအစ်ကို)
“တခါတလေတော့ အိမ်အရမ်းပြန်ချင်တယ်….”
လွတ်မြောက်နယ်မြေရောက် လူငယ်တစ်ဦး
ဝါလကင်းလွတ် သီတင်းကျွတ်အားလပ်ရက်တွေမှာ မိဘဆရာသမားတွေကို ဂါရဝပြုကန်တော့ကြတာရှိသလို မိသားစုနဲ့အဝေးကိုရောက်နေသူတွေလည်း အိမ်ပြန်ကြ၊ မိသားစု ဆုံစည်းကြပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးကြုံရတဲ့ ဒီနှစ်သီတင်းကျွတ်ကာလမှာတော့ တချို့အိမ်တွေမှာ မိသားစု လုံစုံတက်စုံမရှိနိုင်တော့ပါဘူး။
တချို့က သေကွဲ၊ တချို့ကတော့ ရှင်ကွဲကွဲလျက်ဝေးကွာနေကြသူတွေလည်းရှိပါတယ်။
အိမ်နဲ့ဝေးနေကြသူတွေ၊ မိသားစုနဲ့ သေကွဲကွဲကွာခဲ့သူတွေရဲ့ခံစားချက်ကို ရုပ်သံမှာကြည့်ပါ။
ဘီဘီစီမြန်မာပိုင်း