ၾကားသိရသမွ်

မႏၲေလးရဲ႕ အက်ယ္ေလာင္ဆုံးအသံတိတ္သပိတ္

မႏၲေလးရဲ႕ အက်ယ္ေလာင္ဆုံးအသံတိတ္သပိတ္

People’s Spring

စစ္အာဏာရွင္ကိုအသံတိတ္သပိတ္နဲ႔ဒီေန႔မွာ တစ္ႏိုင္ငံလုံးက ဆန႔္က်င္ရာမွာ ေတြ႕ျမင္ရတဲ့ မႏၲေလးၿမိဳ႕ျမင္ကြင္းျဖစ္ပါတယ္။ဒီေန႔ ဒီဇင္ဘာလ ၁၀ ရက္ဟာ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ျဖစ္ၿပီး ျမန္မာႏိုင္ငံက ျပည္သူေတြဟာ အသံတိတ္သပိတ္ဆင္ႏႊဲကာ စစ္အာဏာရွင္ကို ဆန႔္က်င္ေနၾကတာပါ။

အသံတိတ္သပိတ္ကို မနက္ ၁၀ နာရီကေန ညေန ၄ နာရီအထိ ဆင္ႏႊဲၾကဖို႔ ေဆာ္ၾသထား ေပမယ့္ ဒီေန႔မနက္ အေစာပိုင္းကတည္းက မႏၲေလးက လမ္းေတြေပၚမွာ လူေတြ ၊ ဆိုင္ကယ္ေတြ ၊ကားေတြရွင္းလင္းေနတာကိုေတြ႕ရပါတယ္။

အရင္က လူစည္းကားရာ ဘူတာႀကီးေရွ႕ ၊ ဒိုင္းမြန္းပလာဇာ ၊မေနာ္ဟရီလမ္း ၊သိပၸံမလမ္း ၊ ၆၉လမ္း ၊ ၃၅ လမ္းေတြလည္းလူသူကင္းမဲ့လို႔ေနပါတယ္။

အဝတ္အထည္ဆိုင္ေတြ ၊စားေသာက္ကုန္ေရာင္းခ်တဲ့ဆိုင္ေတြ ၊ လူသုံးကုန္ပစၥည္းေရာင္းခ်တဲ့ဆိုင္ေတြ ၊ေ႐ႊဆိုင္ေတြ အပါအဝင္ ေဈးဆိုင္အေသးစားေတြကအစ ပိတ္ထားတာကိုေတြ႕ရၿပီး ဘဏ္ေတြနဲ႔ စက္သုံးဆီဆိုင္ေတြကေတာ့ မပိတ္ၾကပါဘူး။

ဘဏ္ေတြမွာ လုံၿခဳံေရးကိုတိုးခ်ထားတာေတြ႕ရသလိုမႏၲေလးၿမိဳ႕တြင္းမွာဆိုရင္လည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဟာ အရပ္ဝတ္နဲ႔ကင္းပုန္းခ်ထားသလို စစ္ကားေတြနဲ႔လည္း လွည့္ပတ္ေနတာေတြ႕ရပါတယ္။

မေန႔က ညပိုင္းကေတာ့ ဒီေန႔မွာ ပုံမွန္အတိုင္းသြားလာၾကဖို႔နဲ႔ လုံံၿခဳံေရးယူေပးမယ္လို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက လိုက္လံေၾကညာခဲ့ပါတယ္။

ဒါေပမယ့္ ဒီေန႔မနက္အေစာပိုင္း သပိတ္စတင္မယ့္အခ်ိန္ ၁၀ နာရီမတိုင္ခင္ကတည္းက မႏၲေလး က လမ္းေတြေပၚမွာ စစ္အာဏာရွင္ဆန႔္က်င္ေရးသေကၤတအျဖစ္ လူသူကင္းမဲ့သြားခဲ့တာပဲျဖစ္ပါတယ္။

မန္တလေးရဲ့ အကျယ်လောင်ဆုံးအသံတိတ်သပိတ်

People’s Spring

စစ်အာဏာရှင်ကိုအသံတိတ်သပိတ်နဲ့ဒီနေ့မှာ တစ်နိုင်ငံလုံးက ဆန့်ကျင်ရာမှာ တွေ့မြင်ရတဲ့ မန္တလေးမြို့မြင်ကွင်းဖြစ်ပါတယ်။ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး မြန်မာနိုင်ငံက ပြည်သူတွေဟာ အသံတိတ်သပိတ်ဆင်နွှဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတာပါ။

အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ဆင်နွှဲကြဖို့ ဆော်သြထား ပေမယ့် ဒီနေ့မနက် အစောပိုင်းကတည်းက မန္တလေးက လမ်းတွေပေါ်မှာ လူတွေ ၊ ဆိုင်ကယ်တွေ ၊ကားတွေရှင်းလင်းနေတာကိုတွေ့ရပါတယ်။

အရင်က လူစည်းကားရာ ဘူတာကြီးရှေ့ ၊ ဒိုင်းမွန်းပလာဇာ ၊မနော်ဟရီလမ်း ၊သိပ္ပံမလမ်း ၊ ၆၉လမ်း ၊ ၃၅ လမ်းတွေလည်းလူသူကင်းမဲ့လို့နေပါတယ်။

အဝတ်အထည်ဆိုင်တွေ ၊စားသောက်ကုန်ရောင်းချတဲ့ဆိုင်တွေ ၊ လူသုံးကုန်ပစ္စည်းရောင်းချတဲ့ဆိုင်တွေ ၊ရွှေဆိုင်တွေ အပါအဝင် ဈေးဆိုင်အသေးစားတွေကအစ ပိတ်ထားတာကိုတွေ့ရပြီး ဘဏ်တွေနဲ့ စက်သုံးဆီဆိုင်တွေကတော့ မပိတ်ကြပါဘူး။

ဘဏ်တွေမှာ လုံခြုံရေးကိုတိုးချထားတာတွေ့ရသလိုမန္တလေးမြို့တွင်းမှာဆိုရင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်နဲ့ကင်းပုန်းချထားသလို စစ်ကားတွေနဲ့လည်း လှည့်ပတ်နေတာတွေ့ရပါတယ်။

မနေ့က ညပိုင်းကတော့ ဒီနေ့မှာ ပုံမှန်အတိုင်းသွားလာကြဖို့နဲ့ လုံံခြုံရေးယူပေးမယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံကြေညာခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့မနက်အစောပိုင်း သပိတ်စတင်မယ့်အချိန် ၁၀ နာရီမတိုင်ခင်ကတည်းက မန္တလေး က လမ်းတွေပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသင်္ကေတအဖြစ် လူသူကင်းမဲ့သွားခဲ့တာပဲဖြစ်ပါတယ်။