ဗေဒင်

ဧည့်မဝင် လူမကျ ကံပိတ်လာဘ်မပွင့် ဖြစ်နေမှုများအတွက်

ငွေဝင်လာဘ်တိုးစေရန် အစီရင်

မိတ်ဆွေများအားလုံးမင်္ဂလာပါ။ဈေးရောင်းသောလည်း အရင်းရှုံး ထည့်သမျှပြန်ပေါ်မလာ ဘာလုပ်လုပ်အစလေး ကောင်းမလိုလိုနဲ့အဖျား ရှူးနေမှုများ

ဧည့်မဝင် လူမကျ ကံပိတ်လာဘ်ပွင့် ဖြစ်နေမှုများအတွက် အထိုက်အလျောက်အဆင်ပြေစေမယ့် လွယ်ကူပြီးထိရောက်မယ့်ယတြာတခု မျှဝေပါရစေနော်။

ဗုဒ္ဓဟူးနေ့ နံနက် ၇နာရီမှ ၇နာရီခွဲအတွင်း မိမိအိမ်ကဘုရားကျောင်းဆောင်မှာ ပန်းကန်ပြားတချပ်ပေါ်၌ ငွေ ၁၀၀၀ ကျပ်တန်တရွက်တင်ပေးပါ။

( ငွေ ၁၀၀၀ ကျပ်ပေါ်တွင် ဆော့ပင် သို့ ဘောပင်ဖြင့်” ဝ ” အက္ခရာ ရေးထားရမည် )ထိုငွေ ၁၀၀၀ ကျပ်ပေါ်တွင် သံပုရာရည် တခွက်တင်ပြီးဘုရားကပ်လှူကြရမည်။

ကပ်လှူစဉ် ” ဧဟိဓနံ ဧဟိ ဧဟိ ” ဟု ၉ကြိမ်ရွတ်ဆိုကာမိမိအလုပ်အကိုင်အဆင်ပြေစေကြောင်းလေးလေးနက်နက်ဆုတောင်းပါ။

နေ့ ၁၂နာရီကျော်ပါက သံပုရာရည်ကိုစွန့်ပြီး အိမ်က မိသားစုသုံးဆောင်နိုင်ပါတယ်။

ငွေ တထောင်ကို မရှိဆင်း ရဲသူကို လှူတာဖြစ်ဖြစ် ပံ့သကူပစ်တာဖြစ်ဖြစ် ပြုလုပ်ပေးပါ။

( နိုင်ငံရပ်ခြားရောက်ရှိနေသော မိတ်ဆွေများ မိမိအဆင် ပြေရာ ငွေ 1- 10- 100 ကျပ် နှင့်ပြုလုပ်နိုင်ပါတယ်)

ဆရာ့ဗေဒင်ချစ်မိတ်ဆွေများ စီးပွားဥစ္စာ ဒီရေအလားတိုးတက်အောင်မြင်ကြပါစေ

ဗေဒင်နှင့်လက္ခဏာပညာရှင် ဆရာကျော် M.Sc (bot)

Zawgyi










