(Unicodeဖြင့် ဖတ်ရန်)
ပရိသတ်ကြီးရေ.. ရိုးရိုးနဲ့ ယဥ်ယဥ်လေး ငယ်စဥ်ကလေး ဘဝထဲက ယဥ်ကျေးသိမ့်မွေ့လှတဲ့ မင်းသမီးလေး ဆိုပြီး ပရိသတ် ချစ်ခင်အားပေး ခဲ့ရသော ယွန်းယွန်း..
ချစ်စရာ အမူအယာလေးနဲ့ အေးဆေး တည်ငြိမ်သူလေး၊ အရှုပ်အရှင်း မာန်ဝင့်ခြင်းတွေ မှန်သမျှ ကင်းတဲ့ ရွှေမင်းသမီးလေး အဖြစ် သိထားခဲ့ကြသော ယွန်းယွန်း။
နောက်ပြီးတော့… ခွင့်မလွှတ်နိုင်သော ကိစ္စတစ်ခုနဲ့ ဖခင်ဖြစ်သူကို မိခင်ဖြစ်သူက စိတ်နာခဲ့တဲ့အတွက် ဖခင်ကို လမ်းမှာတွေ့ရင်တောင် မမှတ်မိဘူး
မိခင်မေတ္တာနဲ့သာ ဘဝကို ရှင်သန်ခဲ့ရတယ်လို့ ပြောခဲ့တဲ့ ဇာတ်လမ်းတွဲမင်းသားလေး.. ပွင့်လင်းတယ် ရိုးသားတယ် ဘဝကို အမှန်အတိုင်း ချပြတတ်သော စည်သူဝင်းဆိုပြီး
ပရိသတ်တွေက အားငယ်နေရှာမယ့် မင်းသားလေးအတွက် ဝန်းရံမှုတွေ ပိုတိုးကာ ချစ်အားပိုကာ အားပေးခဲ့ကြရသော ရိုးသားကြိုးစား ပွင့်လင်းသော MRTV4ဇာတ်လမ်းတွဲ မင်းသားလေး။
ဒီလိုဒီလို ပြစ်မျိုးမှဲ့မထင် ခြောက်ပြစ်ကင်း သဲလဲစင် အနုပညာရှင် လူငယ်မျိဆက်သစ်လေးတွေ အဖြစ် ယုံမှတ်ခဲ့ကြလေ သူလေးတွေက မျောက်ဇာတ်ခင်း ကကွက်နင်းလေသောအခါ..
ပရိသတ်တွေအားလုံးမှာ ရင်ထုမနာ ဖြစ်ကာ၊ နှမြောတသ စိတ်တွေနဲ့ အံ့အားသင့်ကာ ဆွံ့အခဲ့ ကြရပါတော့တယ်။ ဖြူစင်သူလေးတွေ အေးချမ်းသူလေးတွေအဖြစ် အပေါ်ယံ သကာဖြူးခဲ့လေသလား?
ဒါမှမဟုတ် ဘယ်အရာတွေကများ ဒီနှစ်ယောက်ကို ဒီလိုအမှားမျိုး လွန်ကျူးဖို့အထိ တွန်းပို့ အရောင်စွန်းစေခဲ့ တာလဲ? တွေးရခက်ခက်နဲ့ အံ့သြမင်သက်နေစဥ်မှာပဲ…
မထင်မှတ်ဘဲ.. ချောင်မှာ တိတ်တဆိတ် ကြေကွဲနေရာကနေ ရင်ထဲမှာ မချိမဆန့် ပြည့်ကြပ်လာပြီး မနေနိုင်တဲ့အဆုံး လူမှုကွန်ယက် Mydayမှာ ပို့စ်တင်ကာ ရင်ဖွင့်လိုက်
ပြန်ဖျက်လိုက်နဲ့ ရင်တွေ ဗလောင်ဆူ ယောက်ယက်ခတ် ခဲ့ရသူက နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ အချစ်တော် အုပ်အုပ်လေး ဖြစ်လာခဲပပါတယ်။
အုပ်ကြီး ဘဝကလည်း ခါးသက်လှတယ် ပြောရမလား? ကံကြမ္မာကြီးက ရက်စက်စွာ ကလူကျီစယ် လှောင်ပြောင် လေတယ် ပြောရလေမလား ခက်ချေပြီတကားလို့ ဆိုရမလိုပါပဲ။
မနက်ကမှ နှစ်ကိုယ်တူ ယှဥ်တွဲ ပျော်ပွဲလေးဆွေ ဆင်ပြီး ကြည်နူးချစ်စိတ် ဝင်နေကြတဲ့ ပုံရိပ်လေးတွေနဲ့ “ချစ်တယ်”ဆိုပြီး မိုင်ဒေးမှာ အဟုတ်တွေးကာ ဘဝရဲ့ပျော်စရာ ပုံရိပ်လေး အမှတ်တရ တင်လိုက် မိပြီးကာမှ..
နေ့သစ်မကူးခင်မှာပဲ ကံကြမ္မာ အမှောင်ကျ၊ သန်းခေါင်ယံ ညအခါသမယ မှာတော့ နောက်ကျောကို ဓားတုံးတုံးနဲ့ တမြေ့မြေ့ ထိုးလို့သွင်းတာ ခံလိုက်ရတဲ့အဖြစ်လို ခံရခက်လေခြင်း..
သြော် ယွန်း ရက်စက်လေခြင်း၊ ချစ်တယ် ပြောပြီး ပလစ်သွားတာမှ ခံရသက်သာအုံးမယ်၊ ခုတော့ ချစ်တယ်ပြောပြီး ဟိုဖက်မှာ မျောက်ဇာတ်ခင်းလေ သတဲ့လား..
နောက်ဆုံးတော့ ရက်စက်စိမ်းကား လုပ်ရက်လေသူအား စိတ်နာပေမယ့် စောစောစီးစီး သိခွင့်ရတာ
ကံကောင်းလို့ ဆိုပြီး “ဘုရားသခင်ကို ကျေးဇူးတင်၊ ဒို့နှစ်ယောက် ပြတ်စဲ ပြီးဆုံးပါပြီ”လို့ ရင်နာစွာ မိုင်ဒေးတင်…
ပရိသတ်တွေနဲ့ လာစပ်စုသူတွေရဲ့ အမေးတွေကိုလည်း မဖြေနိုင်၊ အားလုံးက အုပ်အုပ်တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ မှိုင်တွေငေးကာ ငြိမ်ငြိမ်လေး ကုပ်နေမှာပဲလို့ မြင်ချင်မြင်နေမှာပေမယ့်
အုပ်ကြီးရဲ့ တကယ့်အဖြစ်က တက်လာသမျှ သတင်းတွေ SSတွေ ပုံတွေ ၊ အသံဖိုင်တွေကို ရင်နာနာနဲ့ ရှာကြည့်၊
ကြည့်ရင်းနဲ့ ရင်တွေနာ.. ယွန်းရယ် လုပ်ရက်လေတယ်ဟာ ဆိုပြီး တွေးနေမိတဲ့အဖြစ်က
ကိုယ့်ရင်ဘတ်ထဲက ကိုယ့်နှလုံးသားကို ကိုယ်တိုင်ဆွဲထုတ်ကာ ဖိညှစ်မိသလို ငရံပြာလူး ကြိတ်ပြီးရူး ရတဲ့ပုံမျိုးနဲ့ သြော် နေ့ကြည်နူး ည မမြူးနိုင်တဲ့ ဘဝမှာ ..
စပ်စုစိန်တို့ရေ.. တစ်လလောက် တိတ်ဆိတ် ငြိမ်သက်နေခွင့် ပေးပြီး စိတ်ဖြောင့်ဖြောင့်နဲ့
ကောင်းမွန်စွာ “တစ်ရက်တော့ ငိုခွင့်ပေးကြပါ”လို့ တောင်းဆိုချင် မိပါရဲ့နော်လို့ စိတ်ထဲမှာ ကြိတ်ကာ ပြောနေရတာ လူမှ မသိတာ။
ဖြစ်နိုင်မယ်ဆိုရင် ရင်ဘတ်စည်တီးပြီး ငိုချင်းချကာ မျက်နှာချင်းဆိုင် ထိပ်တိုက် ဆုံတွေ့ကာ (ပရိသတ်စုံရာမှာ) ” ဘယ်ရည်းစားကို အချစ်ဆုံးလဲ” မေးလိုက်ချင်တော့ တာပါပဲ။
(Zawgyi ဖြင့်ဖတ်ရန်)
ပရိသတ္ႀကီးေရ.. ရိုးရိုးနဲ႕ ယဥ္ယဥ္ေလး ငယ္စဥ္ကေလး ဘဝထဲက ယဥ္ေက်းသိမ့္ေမြ႕လွတဲ့ မင္းသမီးေလး ဆိုၿပီး ပရိသတ္ ခ်စ္ခင္အားေပး ခဲ့ရေသာ ယြန္းယြန္း..
ခ်စ္စရာ အမူအယာေလးနဲ႕ ေအးေဆး တည္ၿငိမ္သူေလး၊ အရႈပ္အရွင္း မာန္ဝင့္ျခင္းေတြ မွန္သမွ် ကင္းတဲ့ ေ႐ႊမင္းသမီးေလး အျဖစ္ သိထားခဲ့ၾကေသာ ယြန္းယြန္း။
ေနာက္ၿပီးေတာ့… ခြင့္မလႊတ္နိုင္ေသာ ကိစၥတစ္ခုနဲ႕ ဖခင္ျဖစ္သူကို မိခင္ျဖစ္သူက စိတ္နာခဲ့တဲ့အတြက္ ဖခင္ကို လမ္းမွာေတြ႕ရင္ေတာင္ မမွတ္မိဘူး
မိခင္ေမတၱာနဲ႕သာ ဘဝကို ရွင္သန္ခဲ့ရတယ္လို႔ ေျပာခဲ့တဲ့ ဇာတ္လမ္းတြဲမင္းသားေလး.. ပြင့္လင္းတယ္ ရိုးသားတယ္ ဘဝကို အမွန္အတိုင္း ခ်ျပတတ္ေသာ စည္သူဝင္းဆိုၿပီး
ပရိသတ္ေတြက အားငယ္ေနရွာမယ့္ မင္းသားေလးအတြက္ ဝန္းရံမႈေတြ ပိုတိုးကာ ခ်စ္အားပိုကာ အားေပးခဲ့ၾကရေသာ ရိုးသားႀကိဳးစား ပြင့္လင္းေသာ MRTV4ဇာတ္လမ္းတြဲ မင္းသားေလး။
ဒီလိုဒီလို ျပစ္မ်ိဳးမွဲ႕မထင္ ေျခာက္ျပစ္ကင္း သဲလဲစင္ အႏုပညာရွင္ လူငယ္မ်ိဆက္သစ္ေလးေတြ အျဖစ္ ယုံမွတ္ခဲ့ၾကေလ သူေလးေတြက ေမ်ာက္ဇာတ္ခင္း ကကြက္နင္းေလေသာအခါ..
ပရိသတ္ေတြအားလုံးမွာ ရင္ထုမနာ ျဖစ္ကာ၊ ႏွေျမာတသ စိတ္ေတြနဲ႕ အံ့အားသင့္ကာ ဆြံ႕အခဲ့ ၾကရပါေတာ့တယ္။ ျဖဴစင္သူေလးေတြ ေအးခ်မ္းသူေလးေတြအျဖစ္ အေပၚယံ သကာျဖဴးခဲ့ေလသလား?
ဒါမွမဟုတ္ ဘယ္အရာေတြကမ်ား ဒီႏွစ္ေယာက္ကို ဒီလိုအမွားမ်ိဳး လြန္က်ဴးဖို႔အထိ တြန္းပို႔ အေရာင္စြန္းေစခဲ့ တာလဲ? ေတြးရခက္ခက္နဲ႕ အံ့ၾသမင္သက္ေနစဥ္မွာပဲ…
မထင္မွတ္ဘဲ.. ေခ်ာင္မွာ တိတ္တဆိတ္ ေၾကကြဲေနရာကေန ရင္ထဲမွာ မခ်ိမဆန့္ ျပည့္ၾကပ္လာၿပီး မေနနိုင္တဲ့အဆုံး လူမႈကြန္ယက္ Mydayမွာ ပို႔စ္တင္ကာ ရင္ဖြင့္လိုက္
ျပန္ဖ်က္လိုက္နဲ႕ ရင္ေတြ ဗေလာင္ဆူ ေယာက္ယက္ခတ္ ခဲ့ရသူက ႏႈတ္ခမ္းနီမေလးတို႔ အသည္းစြဲ အခ်စ္ေတာ္ အုပ္အုပ္ေလး ျဖစ္လာခဲပပါတယ္။
အုပ္ႀကီး ဘဝကလည္း ခါးသက္လွတယ္ ေျပာရမလား? ကံၾကမၼာႀကီးက ရက္စက္စြာ ကလူက်ီစယ္ ေလွာင္ေျပာင္ ေလတယ္ ေျပာရေလမလား ခက္ေခ်ၿပီတကားလို႔ ဆိုရမလိုပါပဲ။
မနက္ကမွ ႏွစ္ကိုယ္တူ ယွဥ္တြဲ ေပ်ာ္ပြဲေလးေဆြ ဆင္ၿပီး ၾကည္ႏူးခ်စ္စိတ္ ဝင္ေနၾကတဲ့ ပုံရိပ္ေလးေတြနဲ႕ “ခ်စ္တယ္”ဆိုၿပီး မိုင္ေဒးမွာ အဟုတ္ေတြးကာ ဘဝရဲ႕ေပ်ာ္စရာ ပုံရိပ္ေလး အမွတ္တရ တင္လိုက္ မိၿပီးကာမွ..
ေန႕သစ္မကူးခင္မွာပဲ ကံၾကမၼာ အေမွာင္က်၊ သန္းေခါင္ယံ ညအခါသမယ မွာေတာ့ ေနာက္ေက်ာကို ဓားတုံးတုံးနဲ႕ တေျမ့ေျမ့ ထိုးလို႔သြင္းတာ ခံလိုက္ရတဲ့အျဖစ္လို ခံရခက္ေလျခင္း..
ေၾသာ္ ယြန္း ရက္စက္ေလျခင္း၊ ခ်စ္တယ္ ေျပာၿပီး ပလစ္သြားတာမွ ခံရသက္သာအုံးမယ္၊ ခုေတာ့ ခ်စ္တယ္ေျပာၿပီး ဟိုဖက္မွာ ေမ်ာက္ဇာတ္ခင္းေလ သတဲ့လား..
ေနာက္ဆုံးေတာ့ ရက္စက္စိမ္းကား လုပ္ရက္ေလသူအား စိတ္နာေပမယ့္ ေစာေစာစီးစီး သိခြင့္ရတာ ကံေကာင္းလို႔ ဆိုၿပီး “ဘုရားသခင္ကို ေက်းဇူးတင္၊ ဒို႔ႏွစ္ေယာက္ ျပတ္စဲ ၿပီးဆုံးပါၿပီ”လို႔ ရင္နာစြာ မိုင္ေဒးတင္…
ပရိသတ္ေတြနဲ႕ လာစပ္စုသူေတြရဲ႕ အေမးေတြကိုလည္း မေျဖနိုင္၊ အားလုံးက အုပ္အုပ္တစ္ေယာက္ စိတ္ပ်က္လက္ပ်က္နဲ႕ မွိုင္ေတြေငးကာ ၿငိမ္ၿငိမ္ေလး ကုပ္ေနမွာပဲလို႔ ျမင္ခ်င္ျမင္ေနမွာေပမယ့္
အုပ္ႀကီးရဲ႕ တကယ့္အျဖစ္က တက္လာသမွ် သတင္းေတြ SSေတြ ပုံေတြ ၊ အသံဖိုင္ေတြကို ရင္နာနာနဲ႕ ရွာၾကည့္၊ ၾကည့္ရင္းနဲ႕ ရင္ေတြနာ.. ယြန္းရယ္ လုပ္ရက္ေလတယ္ဟာ ဆိုၿပီး ေတြးေနမိတဲ့အျဖစ္က
ကိုယ့္ရင္ဘတ္ထဲက ကိုယ့္ႏွလုံးသားကို ကိုယ္တိုင္ဆြဲထုတ္ကာ ဖိညွစ္မိသလို ငရံျပာလူး ႀကိတ္ၿပီး႐ူး ရတဲ့ပုံမ်ိဳးနဲ႕ ေၾသာ္ ေန႕ၾကည္ႏူး ည မျမဴးနိုင္တဲ့ ဘဝမွာ ..
စပ္စုစိန္တို႔ေရ.. တစ္လေလာက္ တိတ္ဆိတ္ ၿငိမ္သက္ေနခြင့္ ေပးၿပီး စိတ္ေျဖာင့္ေျဖာင့္နဲ႕ ေကာင္းမြန္စြာ “တစ္ရက္ေတာ့ ငိုခြင့္ေပးၾကပါ”လို႔ ေတာင္းဆိုခ်င္ မိပါရဲ႕ေနာ္လို႔ စိတ္ထဲမွာ ႀကိတ္ကာ ေျပာေနရတာ လူမွ မသိတာ။
ျဖစ္နိုင္မယ္ဆိုရင္ ရင္ဘတ္စည္တီးၿပီး ငိုခ်င္းခ်ကာ မ်က္ႏွာခ်င္းဆိုင္ ထိပ္တိုက္ ဆုံေတြ႕ကာ (ပရိသတ္စုံရာမွာ) ” ဘယ္ရည္းစားကို အခ်စ္ဆုံးလဲ” ေမးလိုက္ခ်င္ေတာ့ တာပါပဲ။