ၾကားသိရသမွ်

ချစ်သူဟောင်းကြောင့် ထောင်ထဲပြန်ရောက်မယ့်ကိန်း ဆိုက်နေရတဲ့ ရော်နယ်ဒင်ညို

ဘာစီလိုနာနဲ့ အေစီမီလန်ကစားသမားဟောင်းကြီး ရော်နယ်ဒင်ညိုဟာ တာဝန်ယူစောင့်ရှောက်မှု၊ အခကြေးငွေ ပေးချေမှုနဲ့ပတ်သက်ပြီး အငြင်းပွားနေရတာကြောင့် ထောင်ထဲကို ပြန်ရောက်သွားနိုင်တဲ့အကြောင်း သတိပေးခံထားရတယ်လို့ သိရပါတယ်။ အသက် ၄၁ နှစ်အရွယ် ဘရာဇီးလ်ဂန္ထဝင်ဟာ ချစ်သူဟောင်းဖြစ်တဲ့ ပရီစီလာကိုလိုကို

ပေးဖို့ကျန်ရှိနေတဲ့ ကြွေးမြီတွေကို ဒီဇင် ဘာ ၁ ရက်နေ့မှာ အပြီးသတ်ပေးချေဖို့ အမိန့်ထုတ်ထားတာ ခံနေရပြီး အဲဒီလိုမှ မပြီးပြတ်ခဲ့ဘူးဆိုရင်တော့ ထောင်ထဲကို ပြန်ရောက်သွားနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒင်ညိုဟာ ပေးချေရမယ့် ကြွေးမြီအားလုံးကို အပြီးပေးဖို့ ရှိနေတယ်လို့ ပရီစီယာကိုလိုရဲ့

ရှေ့နေဖြစ်သူ ဘရူနိုမယ်ဒရာဒိုက ဘရာဇီးသတင်းစာတစ်စောင်ဖြစ်တဲ့ Extra ကို ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒင်ညိုကို နောက်ယောင်ခံလိုက်ဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့တာ မအောင်မြင်ခဲ့တဲ့နောက် နိုဝင်ဘာ ၁၁ ရက်နေ့မှာ အပြီးသတ်ပေးချေရမယ့် တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ခ ကြွေးကျန်ကိစ္စနဲ့ပတ်သက်ပြီး အကြောင်းကြားစာ

ပေးပို့နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဘရာဇီးလ်လက်ရွေးစင်ဟောင်းဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်မှုကြောင့် ပါရာဂွေးမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလို ထောင်ဒဏ်လည်း ကျခံခဲ့ရပါသေးတယ်။ ရော်နယ်ဒင်ညိုနဲ့ ညီအစ်ကိုတော်စပ်သူ ရောဘတ်တိုတို့ဟာ ကာစီနိုကစားဖို့အတွက် ပါရာဂွေးနိုင်ငံထဲကို

နိုင်ငံကူးလက်မှတ် အတုတွေနဲ့ ဝင်သွားခဲ့ပြီးတဲ့နောက် မတ်လ ၆ ရက်နေ့မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး ရော်နယ်ဒင်ညိုဟာ သူ့ရဲ့ အသက် ၄၀ ပြည့် မွေးနေ့ကို ထောင်ထဲမှာပဲ ဖြတ်သန်းခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ ဒူဘိုင်းကို ရောက်ရှိနေတယ်လို့ ယူဆရပါတယ်။ ပရီစီယာကိုလိုကို ၂၀၁၈ ခုနှစ် မေလမှာ

လက်ထပ်ပေါင်းသင်းနေထိုင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ရော်နယ်ဒင်ညိုက ငြင်းဆန်ခဲ့ပြီး နောက်ထပ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဘီယာထရစ်ဆိုဇာကိုလည်း တစ်ချိန် တည်းမှာ လက်ထပ်ပေါင်းသင်းခဲ့တာမျိုး မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ “ အဲဒါတွေအားလုံးက အလိမ်အညာတွေချည်းပါပဲ။ လူတိုင်းက ဒါတွေချည်းပဲ ပြောနေကြတာ။

အဲဒါတွေက ဟုတ်မှ မဟုတ်တာ။ ကျွန်တော် ဘယ်သူနဲ့မှ လက်မထပ်ခဲ့ပါဘူးဗျာ ” လို့ ကမ္ဘာ့ဖလားကို ၂ ကြိမ်တိုင် ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒင်ညိုက ပြောဆိုခဲ့တယ်လို့ Daily Mail က ဖော်ပြပါတယ်။ အက်သလက်တီကိုမင်နဲရိုးအသင်းမှာ ရော်နယ်ဒင်ညိုကစားတုန်းက ချစ်ကျွမ်းဝင်ခဲ့ကြတယ်လို့ ပရီစီယာကိုလိုက ပြောဆိုပြီး

သူမအတွက် ရသင့်ရထိုက်တဲ့ ငွေကြေးတွေကို တောင်းခံခဲ့တာကြောင့် အခုလို ပြဿနာတွေ ထွက်ပေါ်လာရတာဖြစ်ပါတယ်။ လူသိရှင်ကြား လက်ထပ်ထိမ်းမြားပြီးသား ဇနီးမယားတစ်ဦးဖြစ်တာကြောင့် ဘရာဇီးလ်လက်ရွေးစင်ဟောင်းဆီကနေ တစ်လကို တာဝန်ယူစောင့်ရှောက်ခအဖြစ် ပေါင် ၁၃၅၀၀ ရသင့်ရထိုက်တယ်လို့ သူမက နားလည်ထားပြီး ပထမတစ်ကြိမ် ငွေပေးချေမှုပြီးတာနဲ့ လစဉ်လတိုင်း ဆက်လက်ရရှိသွားဖို့ကို အယူခံဝင်နိုင်တယ်လို့ ပရီစီယာကိုလိုက ယူဆနေပါတယ်။

(zawgyi)

ဘာစီလိုနာနဲ႔ ေအစီမီလန္ကစားသမားေဟာင္းႀကီး ေရာ္နယ္ဒင္ညိဳဟာ တာဝန္ယူေစာင့္ေရွာက္မႈ၊ အခေၾကးေငြ ေပးေခ်မႈနဲ႔ပတ္သက္ၿပီး အျငင္းပြားေနရတာေၾကာင့္ ေထာင္ထဲကို ျပန္ေရာက္သြားႏိုင္တဲ့အေၾကာင္း သတိေပးခံထားရတယ္လို႔ သိရပါတယ္။ အသက္ ၄၁ ႏွစ္အ႐ြယ္ ဘရာဇီးလ္ဂႏၴဝင္ဟာ ခ်စ္သူေဟာင္းျဖစ္တဲ့ ပရီစီလာကိုလိုကို ေပးဖို႔က်န္ရွိေနတဲ့ ေႂကြးၿမီေတြကို ဒီဇင္ ဘာ ၁ ရက္ေန႔မွာ အၿပီးသတ္ေပးေခ်ဖို႔ အမိန႔္ထုတ္ထားတာ ခံေနရၿပီး အဲဒီလိုမွ မၿပီးျပတ္ခဲ့ဘူးဆိုရင္ေတာ့ ေထာင္ထဲကို ျပန္ေရာက္သြားႏိုင္တယ္လို႔ သတင္းေတြထြက္ေနပါတယ္။ လက္ရွိမွာေတာ့ ေရာ္နယ္ဒင္ညိဳဟာ ေပးေခ်ရမယ့္ ေႂကြးၿမီအားလုံးကို အၿပီးေပးဖို႔ ရွိေနတယ္လို႔ ပရီစီယာကိုလိုရဲ႕ ေရွ႕ေနျဖစ္သူ ဘ႐ူႏိုမယ္ဒရာဒိုက ဘရာဇီးသတင္းစာတစ္ေစာင္ျဖစ္တဲ့ Extra ကို ေျပာဆိုခဲ့ပါတယ္။ ေရာ္နယ္ဒင္ညိဳကို ေနာက္ေယာင္ခံလိုက္ဖို႔အတြက္ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့တာ မေအာင္ျမင္ခဲ့တဲ့ေနာက္ ႏိုဝင္ဘာ ၁၁ ရက္ေန႔မွာ အၿပီးသတ္ေပးေခ်ရမယ့္ တာဝန္ယူထိန္းသိမ္းေစာင့္ေရွာက္ခ ေႂကြးက်န္ကိစၥနဲ႔ပတ္သက္ၿပီး အေၾကာင္းၾကားစာ ေပးပို႔ႏိုင္ခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။ ဘရာဇီးလ္လက္ေ႐ြးစင္ေဟာင္းဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း ႏိုင္ငံကူးလက္မွတ္အတု ကိုင္ေဆာင္မႈေၾကာင့္ ပါရာေဂြးမွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသလို ေထာင္ဒဏ္လည္း က်ခံခဲ့ရပါေသးတယ္။ ေရာ္နယ္ဒင္ညိဳနဲ႔ ညီအစ္ကိုေတာ္စပ္သူ ေရာဘတ္တိုတို႔ဟာ ကာစီႏိုကစားဖို႔အတြက္ ပါရာေဂြးႏိုင္ငံထဲကို ႏိုင္ငံကူးလက္မွတ္ အတုေတြနဲ႔ ဝင္သြားခဲ့ၿပီးတဲ့ေနာက္ မတ္လ ၆ ရက္ေန႔မွာ အဖမ္းခံခဲ့ရတာျဖစ္ၿပီး ေရာ္နယ္ဒင္ညိဳဟာ သူ႔ရဲ႕ အသက္ ၄၀ ျပည့္ ေမြးေန႔ကို ေထာင္ထဲမွာပဲ ျဖတ္သန္းခဲ့ရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သူဟာ ဒူဘိုင္းကို ေရာက္ရွိေနတယ္လို႔ ယူဆရပါတယ္။ ပရီစီယာကိုလိုကို ၂၀၁၈ ခုႏွစ္ ေမလမွာ လက္ထပ္ေပါင္းသင္းေနထိုင္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကိုလည္း ေရာ္နယ္ဒင္ညိဳက ျငင္းဆန္ခဲ့ၿပီး ေနာက္ထပ္အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ ဘီယာထရစ္ဆိုဇာကိုလည္း တစ္ခ်ိန္ တည္းမွာ လက္ထပ္ေပါင္းသင္းခဲ့တာမ်ိဳး မရွိဘူးလို႔ ျငင္းဆိုခဲ့ပါတယ္။ “ အဲဒါေတြအားလုံးက အလိမ္အညာေတြခ်ည္းပါပဲ။ လူတိုင္းက ဒါေတြခ်ည္းပဲ ေျပာေနၾကတာ။ အဲဒါေတြက ဟုတ္မွ မဟုတ္တာ။ ကြၽန္ေတာ္ ဘယ္သူနဲ႔မွ လက္မထပ္ခဲ့ပါဘူးဗ်ာ ” လို႔ ကမာၻ႔ဖလားကို ၂ ႀကိမ္တိုင္ ရယူႏိုင္ခဲ့တဲ့ ေရာ္နယ္ဒင္ညိဳက ေျပာဆိုခဲ့တယ္လို႔ Daily Mail က ေဖာ္ျပပါတယ္။ အက္သလက္တီကိုမင္နဲ႐ိုးအသင္းမွာ ေရာ္နယ္ဒင္ညိဳကစားတုန္းက ခ်စ္ကြၽမ္းဝင္ခဲ့ၾကတယ္လို႔ ပရီစီယာကိုလိုက ေျပာဆိုၿပီး သူမအတြက္ ရသင့္ရထိုက္တဲ့ ေငြေၾကးေတြကို ေတာင္းခံခဲ့တာေၾကာင့္ အခုလို ျပႆနာေတြ ထြက္ေပၚလာရတာျဖစ္ပါတယ္။ လူသိရွင္ၾကား လက္ထပ္ထိမ္းျမားၿပီးသား ဇနီးမယားတစ္ဦးျဖစ္တာေၾကာင့္ ဘရာဇီးလ္လက္ေ႐ြးစင္ေဟာင္းဆီကေန တစ္လကို တာဝန္ယူေစာင့္ေရွာက္ခအျဖစ္ ေပါင္ ၁၃၅၀၀ ရသင့္ရထိုက္တယ္လို႔ သူမက နားလည္ထားၿပီး ပထမတစ္ႀကိမ္ ေငြေပးေခ်မႈၿပီးတာနဲ႔ လစဥ္လတိုင္း ဆက္လက္ရရွိသြားဖို႔ကို အယူခံဝင္ႏိုင္တယ္လို႔ ပရီစီယာကိုလိုက ယူဆေနပါတယ္။