သမုဒ္ဒရာ (၂) ခုကို ဖြတ်ကျော်လာမယ့် ထူးထူးဆန်းဆန်း မုန်တိုင်းအကြောင်း ဆရာမလေး စုစုစံပြောပါပြီ
ထိုင်းပင်လယ်ကွေ့အတွင်း ဖြစ်ပေါ်နေသော မုန်တိုင်းငယ် TD 94w သည် ၂၀၂၁ ဒီဇင်ဘာလ ၁ ရက်နေ့ညတွင် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေးရှားနိုင်ငံမြောက်ပိုင်း
နယ်စပ်အနီးမှ ဖြတ်ကျော်ကာ ကပ္ပလီပင်လယ်ပြင်အရှေ့တောင်ပိုင်းကို ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရောက်ရှိလာပါမယ်။
ဒီဇင်ဘာလ ၁ရက်နေ့ ညနှင့် ၂ရက်နေ့မနက် ထိုင်းတောင်ပိုင်း မလေးရှားမြောက်ပိုင်းနှင့် ကော့သောင်းခရိုင်တွေမှာ မိုးကြီးနိုင်ပါတယ်။ (ခန့်မှန်းချိန် ၃၀-၁၁-၂၀၂၁ ညနေ ၅ နာရီ မိနစ် ၄၀)
လှိုင်းကြီးလေထန် မိုးကြီးမယ်။ ၂၀၂၁ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၃ရက်နေ့အတွင်း မြိတ်ကျွန်းစု ကော့သောင်ခရိုင်ကျွန်းစုများတွင် လှိုင်းကြီးလေထန် မိုးကြီးနိုင်ပါတယ်။
ကပ္ပလီပင်လယ်ပြင်အတွင်း သွားရောက်ခြင်း မပြုလုပ်ကြပါနဲ့ အန္တရာယ်ရှိပါတယ်။ (ခန့်မှန်းချိန် ၃၀-၁၁-၂၀၂၁ နေ့လည် ၂ နာရီ ၂၁ မိနစ်)
zawgyi