ဘယ်အားဆေးကို ဘယ်အချိန်မှာ သောက်မလဲ
အားဆေးတွေ ဗီတာမင်တွေ ဖြည့်စွက်စာတွေဆိုတာ ဒီနေ့ခေတ်လူတွေနဲ့ ရင်းနှီးပြီးသားအရာတွေဖြစ်ပါတယ်။ပင်ပန်းနွမ်းနယ်နေတဲ့အခါ အားဆေးတွေသောက်ကြပါတယ်။စာမေးပွဲရှိလို့ စာတွေကျက်ရင်း အိပ်ရေးတွေပျက်ရတဲ့အခါနဲ့ စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါတွေမှာလည်း အားဆေးတွေသောက်တတ်ကြပါတယ်။ဒါ့အပြင် သက်ကြီးရွယ်အိုတွေအစားအသောက်မစားနိုင်တဲ့သူတွေလည်း အားဆေးတွေကို ဖြည့်စွက်စာအဖြစ်နဲ့ သောက်သုံးကြပါတယ်။ဒါပေမဲ့ ဘယ်အားဆေးကို ဘယ်အချိန်မှာသောက်မှ အကျိုးရှိမယ်ဆိုတာကိုတော့ မသိတဲ့သူတွေရှိကြမယ်လို့ ထင်ပါတယ်။
မနက်သောက်ရမလား နေ့လည်လား ညနေလား အိပ်ရာဝင်ခါနီးလား။နောက်ပြီးတော့ အစားမစားခင်သောက်ရမှာလား မစားခင်သောက်ရမှာလား။ဒါတွေဟာ ဆေးတမျိုးနဲ့တမျိုးပေါ်ကို မူတည်ပြီး အပြောင်းအလဲတွေရှိပါတယ်။သင့်အနေနဲ့ ညအိပ်ခါနီးသောက်မှအကျိုးရှိမဲ့အားဆေးကို မနက်စောစောသောက်ရင် အကျိုးရှိသင့်သလောက် ရှိနိုင်ပါ့မလား။ဒါကြောင့် အခုဆောင်းပါးမှာ ဗီတာမင် သတ္တုဓာတ်နဲ့ ဖြည့်စွက်စာ ၆ မျိုးတို့ရဲ့ သောက်သုံးမှီဝဲသင့်တဲ့အကောင်းဆုံးအချိန်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ကယ်လ်ဆီယမ်(Calcium)
ကယ်လ်ဆီယမ်ကို အရိုးအဆစ်တွေကျန်းမာရေးအတွက် သောက်ကြပါတယ်။သောက်တဲ့ပမာဏ ၂၅၀ မီလီဂရမ်ထက်များမယ်ဆိုရင် ကယ်လ်ဆီယမ်ကို အခြားသတ္ထုဓာတ်တွေပါတဲ့အားဆေးတွေနဲ့တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ဘာကြောင့်လည်းဆိုတော့ အစာလမ်းကြောင်းကနေစုပ်ယူနိုင်မှုနှုန်း ကျဆင်းသွားနိုင်လို့ပါ။နောက်ပြီးတော့ ကယ်လ်ဆီယမ်သောက်တော့မယ်ဆိုရင် အစာစားပြီးတဲ့အချိန်သောက်တာ အကောင်းဆုံးပါပဲ။ဘာလို့လည်းဆိုတော့ အစာစားပြီးချိန်သောက်တာဟာ စုပ်ယူမှုကိုလည်းအားကောင်းစေသလို ဆီးကျောက်တည်တာမျိုးတွေဖြစ်နိုင်ချေကိုလည်း လျော့ကျစေတာကြောင့်ပါ။ပြီးတော့ တခါထဲ ဆေးပမာဏအများကြီးသောက်တာထက်စာရင် နှစ်ကြိမ်လောက်ခွဲပြီးသောက်တာမျိုးက ပိုသင့်တော်ပါတယ်။
၂။သံဓာတ်(Iron)
သံဓာတ်အားဆေးတွေကို သွေးအားနည်းတဲ့အခါမျိုးမှာ သောက်လေ့ရှိပါတယ်။သံဓာတ်အားဆေးကို သောက်ဖို့အကောင်းဆုံးအချိန်ကတော့ အစားမစားရသေးခင် နှစ်နာရီပါ။ဖြစ်နိုင်ရင် မနက်စောစော ဘာမှမစားရသေးခင် သောက်ပါ။သောက်ပြီးရင် လိမ္မော်ရည်လေးတစ်ခွက်လောက် သောက်လိုက်ရင် သိပ်ကိုကောင်းသွားမှာပါ။ကော်ဖီတို့ နွားနို့တို့နဲ့တော့ တွဲသောက်ဖို့ မသင့်တော်ပါဘူး။နောက်တခု သတိပြုဖို့လိုတာက သံဓာတ်ဟာ ဝမ်းချုပ်စေတတ်တာကြောင့် ရေများများသောက်ဖို့နဲ့ အသီးအရွက်များများစားပေးဖို့ပါ။
၃။ဗီတာမင် ဒီ (Vitamin D)
တခြားသော အဆီမှာပျော်ဝင်တဲ့ဗီတာမင်တွေလိုပဲ(A,E,K) ဗီတာမင်ဒီကို အဆီပါတဲ့အစားအစာတခုခုစားပြီးပြီးချင်းသောက်ရင် စုပ်ယူနိုင်မှုအားပိုကောင်းပါလိမ့်မယ်။ညစာစားတာနောက်ကျခဲ့ရင်လည်း ဗီတာမင်ဒီကို စားပြီးတဲ့အချိန် မသောက်သင့်ပါဘူး။အိပ်မပျော်တာမျိုးတွေဖြစ်တတ်လို့ပါ။ဒါကြောင့် ဗီတာမင်ဒီကိုသောက်တော့မယ်ဆို နေ့လယ်စာစားပြီးပြီးချင်း ဒါမှမဟုတ် ညနေစာစောစောစားပြီးပြီးချင်း သောက်တာအကောင်းဆုံးပါပဲ။
၄။ဗီတာမင် ဘီ အစုအဝေး (Vitamin B Complex)
ဗီတာမင် ဘီတွေဟာ ရေမှာပျော်ဝင်တာကြောင့် သောက်သလောက်ကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းရှိပါတယ်။ဒါကြောင့်မို့ ပုံမှန်အာနိသင်လေးရနေအောင် တခါထဲ ပမာဏအများကြီးသောက်တာမျိုးမလုပ်ပဲ ခွဲခွဲသောက်တာပိုကောင်းပါတယ်။ဗီတာမင် ဘီဟာ စွမ်းအင်ကိုမြင့်တက်စေတာမို့ မနက်ပိုင်းသောက်တာ အကောင်းဆုံးပါပဲ။ညဘက်သောက်တဲ့အခါ အိပ်မပျော်တာ ဂနာမငြိမ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ပြီးတော့ အစာမစားခင်သောက်တာ ပိုပြီး သက်ရောက်မှုရှိပါလိမ့်မယ်။မနက်စာမစားခင် တကြိမ် နေ့လယ်စာမစားခင်တကြိမ်အထိ အများဆုံးသောက်လို့ရပါတယ်။
၅။ဗီတာမင် စီ(Vitamin C)
ဗီတာမင် စီဟာလည်း ဘီ လိုပါပဲ။ရေမှာပျော်ဝင်တာမို့ အဆီမပါလည်း ခန္ဓာကိုယ်ကကောင်းကောင်း စုပ်ယူနိုင်ပါတယ်။သူလည်း လိုချင်တဲ့ပမာဏကို တခါတည်းသောက်တာထက်စာရင် ခွဲခွဲပြီးသောက်တာ ပိုပြီး အဆင်ပြေပါတယ်။မနက်စာစားပြီး နဲ့ နှေ့လယ်စာစားပြီးချိန်တွေမှာ သောက်တာပိုကောင်းပါတယ်။ဒါပေမဲ့ Vit B12 စုပ်ယူနိုင်မှုကို အနှောက်အယှက်ပေးတတ်တာမို့ ဗီတာမင်ဘီဆေးတွေနဲ့ တူတူတွဲမသောက်တာ ပိုကောင်းပါတယ်။
၆။ငါးကြီးဆီ(Fish Oil)
ငါးကြီးဆီကို အစာမစားပဲ မသောက်သင့်ပါဘူး။လေ့ကျင့်ခန်းမလုပ်ခင်နဲ့ အိပ်ရာဝင်ခါနီးအချိန်တွေမှာ သောက်တာကိုလည်း ရှောင်ကြဉ်ရပါမယ်။ရင်ပူတာတွေ ရင်ဘတ်အောင့်တာမျိုးတွေဖြစ်တတ်လို့ပါ။ဒါ့အပြင် ငါးကြီးဆီကို သွေးကျဲဆေးတွေသောက်နေရတဲ့အခါမျိုးမှာ မသောက်တာကောင်းပါတယ်။၅၀၀ မီလီဂရမ် ငါးကြီးဆီကို မနက်စာစားပြီးတကြိမ် ညစာစားပြီးတကြိမ် သောက်တာ ကောင်းပါတယ်။
အားလုံးကျန်းမာကြပါစေ။မေတ္တာဖြင့်
JujuLwin
Credit
Dr.KG(OnDoctorApp)
ဘယ္အားေဆးကို ဘယ္အခ်ိန္မွာ ေသာက္မလဲ
အားေဆးေတြ ဗီတာမင္ေတြ ျဖည့္စြက္စာေတြဆိုတာ ဒီေန႔ေခတ္လူေတြနဲ႔ ရင္းႏွီးၿပီးသားအရာေတြျဖစ္ပါတယ္။ပင္ပန္းႏြမ္းနယ္ေနတဲ့အခါ အားေဆးေတြေသာက္ၾကပါတယ္။စာေမးပြဲရွိလို႔ စာေတြက်က္ရင္း အိပ္ေရးေတြပ်က္ရတဲ့အခါနဲ႔ စိတ္ဖိစီးမႈေတြနဲ႔ရင္ဆိုင္ရတဲ့အခါေတြမွာလည္း အားေဆးေတြေသာက္တတ္ၾကပါတယ္။ဒါ့အျပင္ သက္ႀကီးရြယ္အိုေတြအစားအေသာက္မစားနိုင္တဲ့သူေတြလည္း အားေဆးေတြကို ျဖည့္စြက္စာအျဖစ္နဲ႔ ေသာက္သုံးၾကပါတယ္။ဒါေပမဲ့ ဘယ္အားေဆးကို ဘယ္အခ်ိန္မွာေသာက္မွ အက်ိဳးရွိမယ္ဆိုတာကိုေတာ့ မသိတဲ့သူေတြရွိၾကမယ္လို႔ ထင္ပါတယ္။
မနက္ေသာက္ရမလား ေန႔လည္လား ညေနလား အိပ္ရာဝင္ခါနီးလား။ေနာက္ၿပီးေတာ့ အစားမစားခင္ေသာက္ရမွာလား မစားခင္ေသာက္ရမွာလား။ဒါေတြဟာ ေဆးတမ်ိဳးနဲ႔တမ်ိဳးေပၚကို မူတည္ၿပီး အေျပာင္းအလဲေတြရွိပါတယ္။သင့္အေနနဲ႔ ညအိပ္ခါနီးေသာက္မွအက်ိဳးရွိမဲ့အားေဆးကို မနက္ေစာေစာေသာက္ရင္ အက်ိဳးရွိသင့္သေလာက္ ရွိနိုင္ပါ့မလား။ဒါေၾကာင့္ အခုေဆာင္းပါးမွာ ဗီတာမင္ သတၱဳဓာတ္နဲ႔ ျဖည့္စြက္စာ ၆ မ်ိဳးတို႔ရဲ့ ေသာက္သုံးမွီဝဲသင့္တဲ့အေကာင္းဆုံးအခ်ိန္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ကယ္လ္ဆီယမ္(Calcium)
ကယ္လ္ဆီယမ္ကို အရိုးအဆစ္ေတြက်န္းမာေရးအတြက္ ေသာက္ၾကပါတယ္။ေသာက္တဲ့ပမာဏ ၂၅၀ မီလီဂရမ္ထက္မ်ားမယ္ဆိုရင္ ကယ္လ္ဆီယမ္ကို အျခားသတၳဳဓာတ္ေတြပါတဲ့အားေဆးေတြနဲ႔တြဲေသာက္တာမ်ိဳး မလုပ္သင့္ပါဘူး။ဘာေၾကာင့္လည္းဆိုေတာ့ အစာလမ္းေၾကာင္းကေနစုပ္ယူနိုင္မႈႏႈန္း က်ဆင္းသြားနိုင္လို႔ပါ။ေနာက္ၿပီးေတာ့ ကယ္လ္ဆီယမ္ေသာက္ေတာ့မယ္ဆိုရင္ အစာစားၿပီးတဲ့အခ်ိန္ေသာက္တာ အေကာင္းဆုံးပါပဲ။ဘာလို႔လည္းဆိုေတာ့ အစာစားၿပီးခ်ိန္ေသာက္တာဟာ စုပ္ယူမႈကိုလည္းအားေကာင္းေစသလို ဆီးေက်ာက္တည္တာမ်ိဳးေတြျဖစ္နိုင္ေခ်ကိုလည္း ေလ်ာ့က်ေစတာေၾကာင့္ပါ။ၿပီးေတာ့ တခါထဲ ေဆးပမာဏအမ်ားႀကီးေသာက္တာထက္စာရင္ ႏွစ္ႀကိမ္ေလာက္ခြဲၿပီးေသာက္တာမ်ိဳးက ပိုသင့္ေတာ္ပါတယ္။
၂။သံဓာတ္(Iron)
သံဓာတ္အားေဆးေတြကို ေသြးအားနည္းတဲ့အခါမ်ိဳးမွာ ေသာက္ေလ့ရွိပါတယ္။သံဓာတ္အားေဆးကို ေသာက္ဖို႔အေကာင္းဆုံးအခ်ိန္ကေတာ့ အစားမစားရေသးခင္ ႏွစ္နာရီပါ။ျဖစ္နိုင္ရင္ မနက္ေစာေစာ ဘာမွမစားရေသးခင္ ေသာက္ပါ။ေသာက္ၿပီးရင္ လိေမၼာ္ရည္ေလးတစ္ခြက္ေလာက္ ေသာက္လိုက္ရင္ သိပ္ကိုေကာင္းသြားမွာပါ။ေကာ္ဖီတို႔ ႏြားနို႔တို႔နဲ႔ေတာ့ တြဲေသာက္ဖို႔ မသင့္ေတာ္ပါဘူး။ေနာက္တခု သတိျပဳဖို႔လိုတာက သံဓာတ္ဟာ ဝမ္းခ်ဳပ္ေစတတ္တာေၾကာင့္ ေရမ်ားမ်ားေသာက္ဖို႔နဲ႔ အသီးအရြက္မ်ားမ်ားစားေပးဖို႔ပါ။
၃။ဗီတာမင္ ဒီ (Vitamin D)
တျခားေသာ အဆီမွာေပ်ာ္ဝင္တဲ့ဗီတာမင္ေတြလိုပဲ(A,E,K) ဗီတာမင္ဒီကို အဆီပါတဲ့အစားအစာတခုခုစားၿပီးၿပီးခ်င္းေသာက္ရင္ စုပ္ယူနိုင္မႈအားပိုေကာင္းပါလိမ့္မယ္။ညစာစားတာေနာက္က်ခဲ့ရင္လည္း ဗီတာမင္ဒီကို စားၿပီးတဲ့အခ်ိန္ မေသာက္သင့္ပါဘူး။အိပ္မေပ်ာ္တာမ်ိဳးေတြျဖစ္တတ္လို႔ပါ။ဒါေၾကာင့္ ဗီတာမင္ဒီကိုေသာက္ေတာ့မယ္ဆို ေန႔လယ္စာစားၿပီးၿပီးခ်င္း ဒါမွမဟုတ္ ညေနစာေစာေစာစားၿပီးၿပီးခ်င္း ေသာက္တာအေကာင္းဆုံးပါပဲ။
၄။ဗီတာမင္ ဘီ အစုအေဝး (Vitamin B Complex)
ဗီတာမင္ ဘီေတြဟာ ေရမွာေပ်ာ္ဝင္တာေၾကာင့္ ေသာက္သေလာက္ကို ခႏၶာကိုယ္က စုပ္ယူနိုင္စြမ္းရွိပါတယ္။ဒါေၾကာင့္မို႔ ပုံမွန္အာနိသင္ေလးရေနေအာင္ တခါထဲ ပမာဏအမ်ားႀကီးေသာက္တာမ်ိဳးမလုပ္ပဲ ခြဲခြဲေသာက္တာပိုေကာင္းပါတယ္။ဗီတာမင္ ဘီဟာ စြမ္းအင္ကိုျမင့္တက္ေစတာမို႔ မနက္ပိုင္းေသာက္တာ အေကာင္းဆုံးပါပဲ။ညဘက္ေသာက္တဲ့အခါ အိပ္မေပ်ာ္တာ ဂနာမၿငိမ္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ၿပီးေတာ့ အစာမစားခင္ေသာက္တာ ပိုၿပီး သက္ေရာက္မႈရွိပါလိမ့္မယ္။မနက္စာမစားခင္ တႀကိမ္ ေန႔လယ္စာမစားခင္တႀကိမ္အထိ အမ်ားဆုံးေသာက္လို႔ရပါတယ္။
၅။ဗီတာမင္ စီ(Vitamin C)
ဗီတာမင္ စီဟာလည္း ဘီ လိုပါပဲ။ေရမွာေပ်ာ္ဝင္တာမို႔ အဆီမပါလည္း ခႏၶာကိုယ္ကေကာင္းေကာင္း စုပ္ယူနိုင္ပါတယ္။သူလည္း လိုခ်င္တဲ့ပမာဏကို တခါတည္းေသာက္တာထက္စာရင္ ခြဲခြဲၿပီးေသာက္တာ ပိုၿပီး အဆင္ေျပပါတယ္။မနက္စာစားၿပီး နဲ႔ ေႏွ႕လယ္စာစားၿပီးခ်ိန္ေတြမွာ ေသာက္တာပိုေကာင္းပါတယ္။ဒါေပမဲ့ Vit B12 စုပ္ယူနိုင္မႈကို အေႏွာက္အယွက္ေပးတတ္တာမို႔ ဗီတာမင္ဘီေဆးေတြနဲ႔ တူတူတြဲမေသာက္တာ ပိုေကာင္းပါတယ္။
၆။ငါးႀကီးဆီ(Fish Oil)
ငါးႀကီးဆီကို အစာမစားပဲ မေသာက္သင့္ပါဘူး။ေလ့က်င့္ခန္းမလုပ္ခင္နဲ႔ အိပ္ရာဝင္ခါနီးအခ်ိန္ေတြမွာ ေသာက္တာကိုလည္း ေရွာင္ၾကဥ္ရပါမယ္။ရင္ပူတာေတြ ရင္ဘတ္ေအာင့္တာမ်ိဳးေတြျဖစ္တတ္လို႔ပါ။ဒါ့အျပင္ ငါးႀကီးဆီကို ေသြးက်ဲေဆးေတြေသာက္ေနရတဲ့အခါမ်ိဳးမွာ မေသာက္တာေကာင္းပါတယ္။၅၀၀ မီလီဂရမ္ ငါးႀကီးဆီကို မနက္စာစားၿပီးတႀကိမ္ ညစာစားၿပီးတႀကိမ္ ေသာက္တာ ေကာင္းပါတယ္။
အားလုံးက်န္းမာၾကပါေစ။ေမတၱာျဖင့္
JujuLwin
Credit
Dr.KG(OnDoctorApp)