University of Gloucestershine ဆိုတဲ့တက္ကသိုလ်ကနေ photography degree ဘွဲ့ယူမဲ့ကျောင်းသားတစ်ဦးဟာ၊ပြီးခဲ့တဲ့နှစ်ကကျောင်းပီးထားတာကြောင့်ယခုနှစ်မှာဘွဲ့နှင်းသဘင်အခမ်းနားကျင်းပတဲ့ပွဲမှာဘွဲ့ယူဖို့တက်ရောက်ခဲ့ပါတယ်။
အသက်(23)နှစ်အရွယ်ရှိပီဖြစ်တဲ့ Will Radford ဆိုတဲ့ဆင်းရဲချို့တဲ့ကျောင်းသားလေးရဲ့ဘွဲ့အခမ်းနားတက်ရောက်လာတဲ့ဝတ်စုံလေးကအများကိုအာရုံစိုက်စေခဲ့ပါတယ်။
၎င်းကျောင်းသားလေးဟာဆင်းရဲလွန်းတာကြောင့်၊ဘွဲ့ဝတ်စုံတစ်စုံစာဖိုးဖြစ်တဲ့(Euro 246)ကျပ်ကျသင့်မဲ့ဝတ်စုံစရိတ်ဖိုးကိုမတတ်နိုင်လို့ဆိုပီး၊အများသုံးအမှိုက်အိတ်လို့ခေါ်တဲ့ကြွပ်အိပ်မဲကြီးကိုသာတကိုယ်လုံးအပြည့်ဖုံးလွှမ်းဝတ်ဆင်ခဲ့ပါတယ်။
၎င်းရဲ့အပေါင်းတွေကတော့၎င်းရဲ့ဝတ်ဆင်မှုကိုရီမောခဲ့ကြပေမဲ့၊အခမ်းနားတက်ရောက်ခဲ့တဲ့ British Painter တစ်ဦးဖြစ်တဲ့ Peter Edward ကတော့၊၎င်းကျောင်းသားလေးရဲ့ဝတ်ဆင်မှုကိုအနုပညာဖန်တီးမှုလက်ရာမြောက်ပါတယ်ဆိုပီးဂုဏ်ယူပြောဆိုခဲ့ပီး၊၎င်းကျောင်းသားလေးကို(Euro 30,000) ဆုချီးမြင့်ခဲ့တယ်လို့သိရပါတယ်။
Bam Bam (Cele Angle)
zawgyi
University of Gloucestershine ဆိုတဲ့တကၠသိုလ္ကေန photography degree ဘြဲ႕ယူမဲ့ေက်ာင္းသားတစ္ဦးဟာ၊ၿပီးခဲ့တဲ့ႏွစ္ကေက်ာင္းပီးထားတာေၾကာင့္ယခုႏွစ္မွာဘြဲ႕ႏွင္းသဘင္အခမ္းနားက်င္းပတဲ့ပြဲမွာဘြဲ႕ယူဖို႔တက္ေရာက္ခဲ့ပါတယ္။
အသက္(23)ႏွစ္အ႐ြယ္ရွိပီျဖစ္တဲ့ Will Radford ဆိုတဲ့ဆင္းရဲခ်ိဳ႕တဲ့ေက်ာင္းသားေလးရဲ႕ဘြဲ႕အခမ္းနားတက္ေရာက္လာတဲ့ဝတ္စုံေလးကအမ်ားကိုအာ႐ုံစိုက္ေစခဲ့ပါတယ္။
၎ေက်ာင္းသားေလးဟာဆင္းရဲလြန္းတာေၾကာင့္၊ဘြဲ႕ဝတ္စုံတစ္စုံစာဖိုးျဖစ္တဲ့(Euro 246)က်ပ္က်သင့္မဲ့ဝတ္စုံစရိတ္ဖိုးကိုမတတ္ႏိုင္လို႔ဆိုပီး၊အမ်ားသုံးအမႈိက္အိတ္လို႔ေခၚတဲ့ႂကြပ္အိပ္မဲႀကီးကိုသာတကိုယ္လုံးအျပည့္ဖုံးလႊမ္းဝတ္ဆင္ခဲ့ပါတယ္။
၎ရဲ႕အေပါင္းေတြကေတာ့၎ရဲ႕ဝတ္ဆင္မႈကိုရီေမာခဲ့ၾကေပမဲ့၊အခမ္းနားတက္ေရာက္ခဲ့တဲ့ British Painter တစ္ဦးျဖစ္တဲ့ Peter Edward ကေတာ့၊၎ေက်ာင္းသားေလးရဲ႕ဝတ္ဆင္မႈကိုအႏုပညာဖန္တီးမႈလက္ရာေျမာက္ပါတယ္ဆိုပီးဂုဏ္ယူေျပာဆိုခဲ့ပီး၊၎ေက်ာင္းသားေလးကို(Euro 30,000) ဆုခ်ီးျမင့္ခဲ့တယ္လို႔သိရပါတယ္။
Bam Bam (Cele Angle)



