မြန်မာပြည်က လူအတော်များများ သွေးတိုး၊ဆီးချို၊အသည်း အဆီဖုံးရောဂါတွေ ဖြစ်နေရတဲ့ အဓိက တရားခံ
လက်ဖက်ရည်ဆိုင်မှာ ညီတော်မောင် က သူငယ်သူငယ်ချင်း နဲ့ထိုင်နေတော့မူခင်းဆရာဝန်ဖြစ်တဲ့ သူ့ငယ်ချင်းက ဆီကြော် မစားရဲဘူးလို့ ဆိုတယ်။
သူအလုပ်အရ သေတဲ့သူတွေကို ခွဲစိတ်စစ်ဆေးရတော့ သူပြောပုံအရ ဝတဲ့သူမှ မဟုတ်ဘူး မြန်မာ ပြည်မှာ အတော်များများ ကအထဲမှာ ဆီတွေစုနေတယ်လို့ ဆိုတယ် အသည်းအဆီဖုံးတာမျိုး ကိုပြောတာလားတော့ မသိဘူးပေါ့။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ဆီလျော့စားဖို့ ပြောနေကြတာလည်း ရှိတယ်။ တကယ်ပြန်ကြည့်ရင်ကျွန်တော်တို့ ငယ်ငယ်က လည်း ဒီလိုဆီပြန်စားခဲ့ကြတာပါဘဲ သို့ သော် ဆီဆိုတာကမြေပဲတွေ နှမ်းတွေက ကြိတ်တာ တွေစားတော့ အခုလိုမဖြစ်ဘူးပေါ့။
မှတ်မှတ် ရရ အရေးအခင်း အပြီးမှာ အစိုးရက မလေးရှားက စားအုန်းဆီတွေ စသွင်းတယ် သွင်းခါစက ပုံးနဲ့ ပေပါနဲ့ ဆီကို စားဖို့ သန့်ပြီးမှ လာတဲ့ဆီတွေ။ဒါတောင် အဲဒီ အချိန်အမျိုးသား ဓာတ်ခွဲမှာ ရှီတဲ့ အကြီးဆုံးက အမျိုးတော်တော့သူက နိုင်ငံရေးအရသွင်းခွင့်ပေးထားပေမဲ့ စားဖို့ မသင့်ဘူးလို့ ဆိုတယ်။
ပြီးတော့ အဲဒီက တည်းက ဆီကို သူလည်းမစားတော့ဘူး ၁၉၉၀ ဝန်းကျင်လောက်ကပေါ့။အဲဒီခေတ်က ကုန်ဈေးနှုံးတက်ရင် ဆူပူမှာကြောက်တော့ ဈေးကျအောင်စားဆီတွေ ဝင်လာတယ်။ အဲဒီအချိန်မှာ မြေပဲနဲ့ နှမ်းတွေကပြည်ပထွက်ကုန်တော့ ကုန်ကြမ်းဈေးတက်ပြီး ဆီဈေးကတက်မရဘူး။
ဒီလိုနဲ့ ဆီစက်တွေ ပြုတ်ကုန်ကြတယ် နောက်ပိုင်း ပဲဖတ် နှမ်းဖတ်တွေ မရှိလို့တိရိစ္ဆာန် အစာတောင် ရှားပါးသွားတယ်။ ပြောရရင်တော့ မြန်မာအများစုကစားအုန်းဆီဘဲ စားကြရတဲ့ဘဝရောက်သွားတယ်။
အင်္ဂလန်က ဂျာမဏီက စက်တွေ စိန်ပန်းက ထုတ်ကုန်ဆီစက်တွေလည်းရပ်ပြီး အလုပ်သမားတွေ လုပ်ငန်းတွေ ရပ်ကုန် ပြီးသူတို့ တစ်တွေ အခြားရောက်သွားတယ်။ နောက်ပိုင်းတရုတ်ဆီစက်တွေဝင်လာပေမဲ့ သိပ်မကြီးကျယ်တော့ဘူး။
ဆီကို ဈေးကွက်မှာ အရင်က ပေပါလိုက် လာပေမဲ့ နောက်ပိုင်းမှာ အခုတိုင် လူတွေစားတဲ့ဆီကို သင်္ဘောဝမ်းဗိုက်မှာဒီအတိုင်း ထည့်လာတဲ့ စက်မှုကုန်ကြမ်းလိုဝင်လာတဲ့ ဆီတွေကို ဘဲ မြန်မာတွေစားနေကြရတယ်။တစ်ခေတ်က ဆီသွင်းခွင့်ပါမစ်ကို နိုင်ငံတော်ရဲ့ ထိပ်ဆုံးက ကိုင်ပြီး တော်ရုံခရိုနီတောင် လက်ခွဲဘဲ ရကြတယ်။
ဆီဖြန့်သူ တွေက အခွင့်ထူးခံတွေဖြစ်ပြီး ဖုန်းတွေ ကားပါမစ်တွေ မြေတွေလိုအစိုးရဌာနတွေက အစ အလုပ်ဖြစ်တဲ့ ငွေရှာပေးတဲ့ စနစ်လို့မြင်နိုင်အောင်လုပ်ပြီး ဆီကို ထင်သလိုဖြန်ခဲ့တော့ Quality တွေ ကျန်းမာရေးတွေ ဘာတွေက ဝင်မပြောနိုင်သလိုဈေးကွက်စီးပွားရေးအရ လည်း ကောင်းတာမပြိုင်နိုင်ကြတောဘူးပေါ့။
နောက်ပိုင်းမှာ ပဲဆီသန့်တွေ ဘာတွေ ထွက်လာပေမဲ့လည်း ပြဿနာကမြေပဲဈေးကြီးတာ အရင်ကလောက် တောင်သူ တွေ မြေပဲမစိုက်နိုင်ကြတာ(ဆည်ရေဖြန်တဲ့ကိစ္စတွေနဲ့ အခြားတွေပါပါတယ်) စိုက်တာတွေကကြိတ်တာတွေက ဈေးကွက်ကပေးနိုင်တဲ့ ဈေးနဲ့ မရောင်းနိုင်တော့တာကြောင့်မြေပဲနှမ်းက တကယ်ကြိတ်တဲ့ ဆီ ရှားလာတယ်။ industry ရပ်သွားတယ်။
အားမနာတမ်းပြောရရင် လိမ္မော်သီးကို ညစ်တဲ့ အရေနဲ့ ရေထဲကိုလိမ္မော်အနံအရသာ ထည့်ထားတဲ့ အဖျာ်ရည် က လိမ္မော်ရည်မတူသလိုတစ်ချို့ က ပဲဆီဆိုတာ စားအုန်းဆီတွေကို ဘဲ နည်းပညာနဲ့ အရောင်ချွတ် အရသာချွတ်ပြီး ပဲဆီ အနံတွေ အရသာတွေ ထည့်တယ်။
ကိုယ်တွေ ဆီမှာ အဲဒါတွေကို ဘဲ ဗူးတွေနဲ့ထည့်ရောင်းတာတွေ ရှိတော့ ပဲဆီစားလည်းတကယ်တော့ စားအုန်းဆီတွေဘဲ ဗိုက်ထဲဝင်သလိုဖြစ်နေတယ်။ အနံအရသာဘဲ ပဲဆီ ဖြစ်နေတာလေ။
အိမ်မှာ ဘယ်လိုဘဲ လျော့စားစား ရွေးစားစား လက်တွေ အပြင်မှာလက်ဖက်ရည်ဆိုင်မှာ လမ်းမှာ နယ်မှာ စားနေရတာ တွေက ရွေးစရာသိပ်မရှိဘူးပိုဆိုးတာက မြန်မာတွေက ဆီက အိုးပြန့်နဲ့မကြော်ဘဲ ကြော်ပြီးသားနဲ့ ပြန်ကြော်တာတွေက ပိုဆိုးစေတယ်ကို Soe Nyi တို့ရဲ့ feel လို ဆိုင်တွေမှာတော့ နေကြာဆီ သုံးတယ် ကြော်ငြာထားတယ်
စားသုံးသူကာကွယ်ရေးက U Swe Tin Kyu အဆိုအရတော့ ဆိုင်ကြီးတွေမှာ သူတို့ ဆီကို ဘယ်တံဆိပ် ဘာကို သုံးတယ် ဆိုတာကြေငြာထားဖို့လိုတယ်ပြောတော့ ကျွန်တော်တို့ ကွန်ပျူတာက intel inside ဆိုတာ သွားသတိရတယ်။ ဒီလိုဘဲ အတွင်းမှာ ဆိုင်မှာချက်တာကြော်တာအတွက် ဘာဆီသုံးထားတယ်ပေါ့။
နာမည်ကြီး နန်းကြီးဆိုင်တွေ အကြော်အလှော် ဆိုင်တွေ ဒီလို လုပ်သင့်တယ်။တကယ်တာ့ မြန်မာပြည်က ဆီစက် industry ကြီးတစ်ခုလုံး ဆိုရှယ်လစ်ခေတ်မှာတောင် ရှင်သန်လာခဲ့ပြီးမှ ပျက်သွားတာ ဟာ
ပြည်ပက သံလွင်ဆီလို ပဲပုတ်ဆီလို ကျန်းမာရေးနဲ့ ပိုပြီးညီတဲ့ အရသာပိုရှိတဲ့ ဆီတွေ အစားထိုးဝင်လာပြီး ပျက်သွား ရင် တောင်ခံသာပေမဲ့တကယ့် လက်တွေ့မှာ နိုင်ငံတကာမှာ လူမစားတဲ့ စက်မှုသုံးကန်ဆီတွေကအလဲထိုး ဖျက်ဆီးတာ ခံလိုက်ကြရတော့ ပိုရင်နာဖို့ ကောင်းတယ်နှစ် ၂၀ လောက်ကြာသွားတော့ ဆီစက်တင်မက ကုန်ကြမ်းဈေးကွက်ပါ ထိလာတယ်။
ပြောရရင် ကျွန်တော်လည်း ဆေးစစ်တော့ အသဲအဆီဖုံးတာ ရှိတယ်ဆိုတော့ ပြောကြတော့ မိတ်ဆွေအတော်မျာများ လည်း ဖုံးနေတာတွေ့ရတယ်။မြန်မာပြည်ရဲ့ဖက်ရှင်လိုဘဲ။ စင်္ကာပူလိုသာ သေသမျှ စစ်ဆေးပြီး သုတေသနလုပ်ရင် ဘယ်လိုနေမယ်မသိဘူး။ အခုလက်လှမ်းမှီသလောက်တောင်မြန်မာတွေ အစားအသောက်နဲ့ ဒုက္ခရောက်နေကြတယ်။
ကိုတိုး Myo Han Htun ကြီးပြောသလို ကုန်တိုက်ကြီးတွေက ဝယ်တာတောင်နိုင်ငံတကာ တံဆိပ်တွေတောင် ကိုယ်ဆီ ပို့တာ သူတို့ နိုင်ငံမှာရောင်းတာထက် တစ်ရေနိမ့်တယ်ဆိုဘဲ။ကြည့်လိုက်ရင်တော့ တိုင်းပြည်က ပညာရေးမှာ ထိပ်ဆုံးက ယခုတိုင် မိဘတွေ ကျောင်းသားတွေအသဲစွဲက ဆေးကျောင်းပါ။
ဒီတော့ အတော်ဆုံး သူတွေ ဒီဖက် ထဲ ရောက်ကုန်တယ်လို့ တွက်ရင်တောင် အခု တိုင်းပြည်မှာ ဆေးကုရင် ဘန်ကောက်ထွက်ကုတဲ့ စားရိတ်က မနဲဘူး ။နောက်ပြီး ကျန်တဲ့ သူတွေ ပြည်တွင်းကုကြတာမှာ အလုပ်နဲ့ ထိမ်းရတဲ့ ဝန်မမျှအောင် ဆေးရုံတွေ လူကျပ်နေတယ် ။
နောက်ပြီး ကျွန်တော်နားလည်သလောက် health ဆိုတဲ့ ကျန်းမာရေးဆိုတာ ကုသတာတင်မက မဖြစ်အောင် ကျန်းမာအောင်လည်းတာဝန် ရှိတယ်FAO တို့ အစားအသောက်စစ်တာတွေ ရှိသလို စီးပွားကူးသန်းကလည်း စားသုံးသူကာကွယ်ရေးတွေ ဖွဲ့စည်းပုံမှာတော့ ရှိတယ်။
အမေရိကားမှာတော့ ဆိုင်တွေ အရပ်ဝတ်နဲ့ လိုက်စစ်သူတွေက အစားအစာကို ကြမ်းပြင်နဲ့ သတ်မှတ်ပေအောက် မထားရတာအစားအသောက် ထိန်းသိမ်းတာတွေမှာ အေးခဲရင်အေးခဲထား ပူရင်ပူထား ဆိုတာ ဒီဂရီတွေ တိတိပပ သတ်မှတ်ထားတယ်။
စားသောက်ဆိုင်လုပ်သူတွေ သင်တန်းတက်ပြီး လက်မှတ်ယူထားရတယ်။ ဆောင်ရန်ရှောင်ရန်တွေ သိကြရတယ်။ ကိုယ်ဆီမှာတော့ ကိစ္စမရှိပါဘူးတွေများတယ်။
ဘန်ကောက်လောက် ရောက်ရင်တောင် လမ်းဘေးဈေးသယ်ချင်းအတူတူ အသီးတွေကို ခြင်ထောင်စလေး ဖုံးထားကြတာ လက်အိပ်နဲ့ကိုင်တာအသုံးအဆောင်တွေက သစ်သားမသုံးဘဲ စတီးတွေသုံးတာ ခေါင်းစွတ်တွေ ရင်ကာတွေ ဝတ်ထားကြ တာ စတာတွေကို မြင်နိုင်မှာပါ။
အတုယူစရာတွေ အများကြီးပါ။ ဂျပန် တိုကျိုးက ငါးဒိုင်ရောက်တော့ သားစိမ်းငါးစိမ်းတွေခုတ်ထစ်ရောင်းဝယ်နေတာ လုံးဝညှီစော်မနံတာတွေ့ခဲ့ရတယ်။သန့်ရှင်းရေးစနစ်တွေ သိပ်ကောင်းတယ်။ ဝယ်ရင်တောင် ထုတ်ပိုးပေးတာက ရေခဲအကာက အစ ပါပြီးသား။
တကယ်တော့ လူတစ်ယောက်ရဲ့ ဘဝဆိုတာ ကံ စိတ် ဥတု အဟာရ ပေါ်မူတည်ပြီး ကြီးထွားနေကြတာပါ။ မတည့်တာတွေ စားရင်ရှေးကံ ဘယ်လောက်ကောင်းကောင်း ဥတု အဟာရကြောင့်ဖြစ်တဲ့ ရုပ်ပြောင်းလဲမှု့ဖြစ်မှာပါဘဲ။ပတ်ဝန်းကျင်မှာ Social learning theory အရ သူများလုပ်လို့ လုပ်နေတာတွေကို
behivour change လုပ်ဖို့ mind set change လုပ်ဖို့ ခက်တာမှန်ပေမဲ့တိုင်းပြည်အတွက် ဘဲပြောပြောမီးသားစုတွေအတွက်ဘဲပြောပြော ကျန်းမာမှအလုပ်လုပ် နိုင်မှာပါ။ ကမ္မဇရုပ် အပြင် ဥတုဇရုပ် အဟာရဇရုပ်စိတ္တဇရုပ်တွေ နဲ့ဖန်တီးထားတာဖြစ်တာကြောင့် အဟာရ မကောင်းရင် ခန္ဒာမကောင်းနိုင်ပါဘူး။ ရှင်းပါတယ်။
မဟာဂန္ဒရုံဆရာတော်ကြီးရဲ့ ကျောင်းတိုက်စည်းကမ်းမှာ စိတ်ကောင်း ရှိဖို့ ပထမရဲ့နောက်မှာ ကျမ်းမာဖို့ က ရှေ့ကျပါတယ် စာတတ်ဖို့ က နောက်ဆုံးမှာပါ။ပြီးခဲ့တဲ့ U23 နဲ့ U20 ဘောလုံးပွဲတွေမှာ မြန်မာတွေကြိုးစားပေမဲ့ ရေရှည် ခန္ဒာကိုယ် ကွာတာကစကားပြောသလိုပါဘဲ။ ကိုယ်ဆီက အားကစားတင်မဟုတ်ပါဘူး
ကျန်တဲ့ လူမှု့ရေးစီးပွားရေး ပညာရေး စတာ တွေ ပြိုင်ကြရင်လည်း တစ်ဦးချင်းစီရဲ့ သက်လုံကျန်းမာရေး အဟာရ တွေ အရေးပါနေဆဲပါဘဲ။ ဒါတွေက သီခြားခွဲရှိမနေ ကြပါဘူး။တကယ်တော့ တွက်တတ်ရင် ရောဂါဖြစ်မှ အကုန်အကျခံတဲ့ ငွေကို မဖြစ်အောင်ကြိုသုံးရင် ပိုတောင် သက်သာနိုင် ပါသေးတယ်။
ကောင်းပြီ ပိုပေးမယ်ကောင်းတာစားမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ပြီး ရင်တောင် ကိုယ်တွေဆီက အစားအသောက်တွေအသုံးအဆောင်တွေက အာမခံချက် ဘယ်လောက် ရှိသလဲမသိနိုင်တာတွေက ရင်မောစရာပါ။
ဆိုးဆေးတွေ စားဆော်ဒါနေရာက အဝတ်လျော်ဆိုဒါတွေ ဒိတ်လွန်ပြန်ရိုက်ထားတဲ့အစားအစာတွေ ဆေးတွေ အတုတွေ ဘာမှ သေချာသုတေသနမလုပ်ဘဲဈေးကွက်ထဲရောက်နေတဲ့ ဆေးတွေ နဲ့ အစားအစာတွေ ထိန်းသိမ်ထုတ်ပိုးမှု မတတ်လို့အန္တရယ် ရှိနေတာတွေ ကိုင်တွယ်တာမတတ်လို့ ဖြစ်ကြတာတွေ လည်း ရှိပါသေးတယ်။
ကားကောင်းတောင် ဆီမသန်တာထည့်ရင် မဆွဲတဲ့အပြင် ပျက်တတ်သေးတာလူတွေလည်း ခန္ဒာကိုယ်မှာ အဟာရက အရေးကြီးပါတယ်။သတိပြုကြဖို့ လိုပါတယ် စောင့်ထိမ်းကြဖို့ လောဘမတက်ကြဖို့အစားအသောက်ခုတ်လုပ်ရောင်းချတဲ့ လောကကသူတွေမှာ လိုပါမယ် ethic ရှိဖို့ နဲ့စေတနာ ရှေ့ထားနိုင်ပြီး ကံယုံပြီး မဟုတ်တာမလုပ် ကြဖို့ လိုပါတယ်။
မဟုတ်တာလုပ်သူတွေကို လည်း ရှာဖွေဖော်ထုတ် အရေးယူနိုင်ဖို့ လိုပါမယ်။စားသုံးသူတွေမှာလည်း ကျမ်းမာရေးအသိနဲ့ စားကြဖို့ အစားထိမ်းနိုင်ဖို့သတိရှိဖို့ ကိုယ်ကိုယ်ကို ဂရုစိုက်ဖို့ လိုပါတယ်။ အမှတ်တမဲ့ နဲ့ နေပြီးဖြစ်သလိုနေစားပြီး ဖြစ်လာမှ ကုရတာ မတန်ပါဘူး။ သတိထားကြစေချင်ပါတယ်။
ခက်တာက ဖြစ်လို့ ကုရင်တောင် ကျန်းမာရေးစစ်တဲ့ စက်တွေက လေဘေးအကျီလိုသူများတွေဆီက အဟောင်းတွေ အပေါစားကုန်ကြမ်းတွေဒိတ်လွန်တွေကြောင့် ကိုယ်တွေဆီမှာ ရောဂါမှန်မပြတာမတွေ့တာ မရှိတာတွေ တွေ့တာတွေ ဖြစ်နေကြတာတွေလည်း ဆိုးပါတယ်
% ကြီးကြီး လွဲတာတွေ ဖြစ်နေတာလည်း industry အတွက် မကောင်းပါဘူး သူများနိုင်ငံသွားကုကြတာဒါတွေပါပါတယ်။ ဒါလည်း စားသုံးသူကာကွယ်ရေးနဲ့ ဆိုင်မယ်ထင်ပါတယ်။ပြောရရင် ကလေးတွေကျောင်းမှာ ရောင်းနေတဲ့ အန္တရယ်ရှိတဲ့မုန်းတွေ က အစ ပြည်သူတွေ ထိတွေ့နေသမျှ တွေမှာ ယုံကြည့်စိတ်ချရဖို့အခွန်တွေယူထားတဲ့ တာဝန်ယူထားတဲ့ တက်သမျှအစိုးရတိုင်းမှာ တာဝန် ရှိပါတယ်။
သူတို့ တာဝန်က ဥပဒေက ခွင့်မပြုတာကို ငွေယူပြီးလုပ်ပိုင်ခွင့်ပေးရမှာမဟုတ်ပါဘူး။ ဥပဒေပတိုင်း ဖြစ်အောင်လုပ်ကြရမှာပါ။ မလုပ်နိုင်ရင် လုပ်နိုင်သူ ရှာဖိုလိုပါတယ်။မဟုတ်ရင်တော့ တစ်ပြည်လုံး ရေစုန်မျော ကြရတော့မှာပါ လို့ဘဲမြင်မိပါတယ်။
စာရှည်ကြီးဖတ် ပေးလို့ မိတ်ဆွေကို ကျေးဇူးတင်ပါတယ်။
Ye Myat Thu (လေးစားမှုဖြင့် ခရက်ဒစ်)