သရုပ်ဆောင် ပိုင်တံခွန်ရဲ့အစ်မအရင်းဖြစ်သူ မေချစ်သွေးကတော့ ပိုင်တံခွန်အတွက် အမိုက်စားဓာတ်ပုံတွေကို ရိုက်ကူးပေးရသူတစ်ယောက်ဖြစ်ပြီး သူမကိုယ်တိုင်ကလည်း
ဓာတ်ပုံရိုက်ပညာကို ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ မေချစ်သွေးဟာ ကိုယ်တိုင်လည်း ဓာတ်ပုံရိုက်ကူးသူတစ်ယောက်ဖြစ်တာကြောင့် မောင်ဖြစ်သူပိုင်တံခွန်နဲ့တကွ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်မှုရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။
LGBT တစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ်ခံယူထားပြီး ယောကျာ်းလေးတစ်ယောက်လိုသာ ပြင်ဆင်နေထိုင်လေ့ရှိတဲ့ မေချစ်သွေးဟာ သူချစ်ရတဲ့
သရုပ်ဆောင် ဆောင်းယွန်းစံနဲ့ ပက်သတ်ပြီး ခံစားချက်တွေကို ဖေ့စ်ဘုတ်စာမျက်နှာမှာ မကြာခဏဆိုသလို တင်လေ့ရှိပါတယ်။
ဒီတစ်ခါမှာလည်း မေချစ်သွေးက ဆောင်ယွန်းစံရဲ့ခါးလေးကိုဖက်ပြီး ရိုက်ကူးထားတဲ့ဓာတ်ပုံတစ်ပုံကို သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာတင်ကာ“Hello December!!! Sweet chin loh🥺🖤🐼” ဆိုပြီး ရေးသားထားပါတယ်။
မေချစ်သွေးနဲ့ ဆောင်းယွန်းစံတို့ဟာ ချစ်သူတွေဖြစ်နေတယ်လို့ လူသိရှင်ကြားတရားဝင်ဖွင့်ပြောထားခြင်းမရှိပေမယ့် သူတို့နှစ်ယောက်ရဲ့ အပြုအမူ၊
အဆက်အဆံလေးတွေကိုကြည့်ခြင်းအားဖြင့် တစ်ယောက်ကိုတစ်ယောက် မေတ္တာမျှနေကြတယ်လို့ ပရိသတ်တွေအားလုံးကထင်ကြေးပေးနေကြတာပဲဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ထင်ကြေးပေးမှုအပေါ် မေချစ်သွေးနဲ့ ဆောင်းယွန်းစံတို့က ငြင်းပယ်ခြင်းမရှိတာမို့ အမှန်တကယ်ချစ်သူတွေဖြစ်နေကြပြီလို့ ဆိုနိုင်ပါတယ်။
ခရက်ဒစ်
zawgyi
ခရက်ဒစ်