အိမ်မက်တွေ…..အကောင်ထည်ဖော်နိုင်ခဲ့ပါပြီ
လက်ပြတ်လေး မောင်ပြည့်ဖြိုးအောင်ရဲ့ အိမ်မက်…..
အမေနှင့် ညီမလေး(၂)ယောက်ကို…ကြိုးစားပြီ ရှာကျွေးချင်တယ်
ပြိုကျနေတဲ့ အိမ်လေးကို အမေနှင့်ညီမလေး(၂)ယောက်တွက် ပြန်ပြင်ဆောက်ချင်တယ်
အများနည်းတူ အင်္ကျလက်ရှည်လေး ဝတ်ပြီ…အများနည်းတူ လူကြားထဲ ဇွန်း ခရင်းနှင့် စားချင်တယ်
လက်အတုလေး ရခဲ့ရင်…အလုပ်တွေ ပိုလုပ်ပြီ အမေကို ရှာကျွေးမယ်တဲ့ ထို…သူ့ အိမ်မက်လေးတွေ…သိပ်မကြာခင် အချိန်ကာလမှာ အကောင်ထည်ပေါ်လာတော့မယ်
မနက်က မနက်စာ စားတော့… ဆိုင်က သူစားတဲ့ ပန်းကန်မှာ ဇွန်း ခရင်းပါလာတော့ အားငယ်သွားပြီ…
`သားလဲ ကိုကြီးလို အဲ့လို ဇွန်းခရင်းနဲ့ စားချင်တာဗျာ’
`အေး ဟုတ်ပြီ ကိုကြီးလိုက သား လက်ရရင် စားရမယ်…ခု ကိုကြီးက သားနဲ့ တူအောင် ခရင်း ဖယ်ပြီ ဇွန်းနဲ့ပဲ တူတူ စားကြမယ်ကွာ’
မောင်ပြည့်ဖြိုးအောင်လေး အတွက်….
ဆီလီကွန် လက်အတု နှင့် အလုပ်လုပ်ဖို့ (အကြမ်းသုံး,ပစ္စည်းမ) လက်အတု (၂)မျိုး ပြုလုပ်ပေးထားပါတယ် ဗျ 🙏🏻🙏🏻🙏🏻 (အော်ဒါ တင်ထားပါပြီ)
လှူဒါန်းပေးကြသော မတည် အလှူရှင်များ နှင့် (၇)ရက်သားသမီးများ အားလုံးကို…. ကလေးကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်…သာဓု သာဓု သာဓု ခေါ်ဆိုပါတယ်
ဆံပင် ကုသိုလ်ပြု လျှော်/ညှပ် လုပ်ပေးသော…(50) Beauty House မှ ဆရာနှင့်ဆရာမအားလဲ ကျေးဇူးအထူးတင်ရှိပါတယ်
ကျေးဇူးတင်ထိုက်သူအားလုံး (ကလေးကိုယ်စား) ကျနော် ကန်တော့ပါတယ်
ကလေးလဲ ပျော်နေသလို…ကျနော်လဲ အတော့်ကို ပျော်တာဗျ ( Ocean မှာထတောင် ကမိတယ် ပျော်လို့)
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437